ဂါဇာကမ်းမြောင်ဆိုင်ရာ ဆုံးဖြတ်ချက်နှင့်ပတ်သက်ပြီး လုံခြုံရေးကောင်စီအဖွဲ့ဝင်များအကြား သဘောထားကွဲလွဲနေဆဲ

 

နယူးယောက်   နိုဝင်ဘာ   ၇ 


ကုလသမဂ္ဂလုံခြုံရေးကောင်စီသည် အဖွဲ့ဝင်နိုင်ငံ များအကြား   သဘောထားကွဲလွဲနေဆဲဖြစ်သည့် အတွက်  အစ္စရေး- ဟားမားစ်ပဋိပက္ခနှင့်ပတ်သက်ပြီး ဆုံးဖြတ်ချက်ကို     အတည်မပြုရသေးကြောင်း နိုင်ငံတကာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ 


လုံခြုံရေးကောင်စီအဖွဲ့ဝင်များသည် နိုဝင်ဘာ ၆ ရက်က အရေးပေါ်တံခါးပိတ်အစည်းအဝေးတစ်ခု ကို  ပြုလုပ်ခဲ့ရာ ဂါဇာကမ်းမြောင်ဒေသတွင် လူသား ချင်းစာနာထောက်ထားမှုဆိုင်ရာ    အခြေအနေများ    ပိုမိုဆိုးရွားလာမှုနှင့်   ပတ်သက်ပြီး   ဆွေးနွေးခဲ့ ကြောင်းနှင့်    အမြဲတမ်းအဖွဲ့ဝင်    မဟုတ်သော     နိုင်ငံများက   ဆုံးဖြတ်ချက်မူကြမ်းကို  ပြင်ဆင်ခဲ့ ကြောင်း သိရသည်။ 


အမေရိကန်နှင့် ရုရှားနိုင်ငံတို့က အဆိုပြုသော ဆုံးဖြတ်ချက်များကို ပြီးခဲ့သည့်လတွင် ပယ်ချခဲ့ သည်။ တရုတ်နှင့် ယူအေအီးနိုင်ငံများက အရေးပေါ် အစည်းအဝေးကျင်းပရန်   တောင်းဆိုခဲ့ခြင်းဖြစ် သည်။ အဆိုပါ   အရေးပေါ်  အစည်းအဝေးကျင်းပ ပြီးနောက်တွင်  ၎င်းတို့  သံအမတ်များက   ဂါဇာ ကမ်းမြောင်တွင် အရပ်သားများကို အကာအကွယ် ပေးနိုင်ရေးနှင့်ပတ်သက်ပြီး    လူသားချင်းစာနာ ထောက်ထားမှုအတွက် အပစ်အခတ်ရပ်စဲကြရန် ပူးတွဲ တောင်းဆိုထားသည်။ 


ပဋိပက္ခဖြစ်ပွားမှု   တစ်လအတွင်း   ဂါဇာ ကမ်းမြောင်တွင် လူပေါင်း ၁၀၀၀၀ ကျော် အသက် ဆုံးရှုံးခဲ့ရပြီ ဖြစ်သည်။ လုံခြုံရေးကောင်စီအနေဖြင့် အဆိုပါ ကိစ္စရပ်နှင့်ပတ်သက်ပြီး စုပေါင်းလုပ်ဆောင် သွားနိုင်မည်လားဆိုသည်ကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။                          

 အင်န်အိတ်ချ်ကေ