
ရန်ကုန် နိုဝင်ဘာ ၄
မြန်မာ့လက်ရွေးစင် အသင်းသည် ယခုလအတွင်း ယှဉ်ပြိုင်ရမည့် ၂၀၂၆ ကမ္ဘာ့ဖလား ဒုတိယအဆင့် ခြေစစ်ပွဲအတွက် နိုဝင်ဘာ ၆ ရက် တွင် စတင်လေ့ကျင့်မည်ဖြစ် သည်။
မြန်မာ့ လက်ရွေးစင်အသင်း ကို ပဏာမကစားသမား ၃၀ ခန့်ဖြင့် ဖွဲ့စည်းမည်ဖြစ်ပြီး ပြည်တွင်းလိဂ်တွင် ကစားနေသူ ၂၂ ဦးကို ပဏာမလူစာရင်းတွင် ရွေးချယ်ထားသည်။ မြန်မာ့ လက်ရွေးစင်အသင်းသည် နိုဝင် ဘာ ၁၆၊ ၂၁ ရက်တွင် ယှဉ်ပြိုင် ကစားရမည့် ကမ္ဘာ့ဖလား ဒုတိယ အဆင့် ခြေစစ်ပွဲ အုပ်စုနှစ်ပွဲ အတွက် တစ်ပတ်ကျော်အချိန်ယူ လေ့ကျင့် ပြင်ဆင်ခြင်းဖြစ်ပြီး ပြည်ပကလပ်များတွင် ကစား နေသူများမှာ နောက်ကျမှ ပူးပေါင်းနိုင်မည်ဖြစ်သည်။ မြန်မာ့ လက်ရွေးစင်အသင်းသည် ဒုတိယ အဆင့်ခြေစစ်ပွဲတွင် အာရှထိပ်သီး အသင်းများဖြစ်သည့် ဂျပန်၊ ဆီးရီးယား၊ မြောက်ကိုရီးယား တို့နှင့် တစ်အုပ်စုတည်း ကျရောက် နေပြီး နိုဝင်ဘာ ၁၆ ရက်တွင် ဂျပန်အသင်းနှင့် အဝေးကွင်း၊ နိုဝင်ဘာ ၂၁ ရက်တွင် မြောက် ကိုရီးယားအသင်းနှင့် အိမ်ကွင်း ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။ ဒုတိယအဆင့်ခြေစစ်ပွဲကို အိမ် ကွင်း၊ အဝေးကွင်း နှစ်ကျော့စနစ် ဖြင့်ကျင်းပမည်ဖြစ်ပြီး နိုဝင်ဘာ လတွင် နှစ်ပွဲ၊ မတ်လတွင် နှစ်ပွဲ၊ ဇွန်လတွင်နှစ်ပွဲ ယှဉ်ပြိုင်ကစားရ မည်ဖြစ်သည်။
မြန်မာ့လက်ရွေးစင် အသင်း သည် ပထမအဆင့် ခြေစစ်ပွဲတွင် မကာအိုအသင်းကို နှစ်ကျော့ ပေါင်း ရလဒ် ငါးဂိုး - တစ်ဂိုးဖြင့် အနိုင်ရရှိကာ ဒုတိယအဆင့် တက်ရောက်လာခြင်းဖြစ်သည်။ မြန်မာအသင်းသည် မကာအို အသင်းကို ပထမအကျော့ အိမ်ကွင်းပွဲတွင် ငါးဂိုး-တစ်ဂိုးဖြင့် အနိုင်ရကာ ဒုတိယအကျော့ အဝေးကွင်းပွဲတွင် ဂိုးမရှိသရေကျ ခဲ့သည်။
ဒုတိယအဆင့် ခြေစစ်ပွဲကို လေးသင်း၊ ကိုးအုပ်စုခွဲ၍ ကျင်းပ မည်ဖြစ်ပြီး နိုဝင်ဘာ ၁၆ ရက် တွင် စတင်ကျင်းပမည်ဖြစ် သည်။
ရဲရင့်လွင်
ဓာတ်ပုံ - သော်လေး