ရန်ကုန်မြို့မှ နေ့ချင်းပြန်သွားနိုင်တဲ့ အလိုင်နီဆည်ဘေးမှ သဘာဝအပန်းဖြေနေရာ Home at Alaingni

 

ယဉ်လာဒ်
 

ရွက်ဖျင်တဲတွေနဲ့ စခန်းချနားနေ  လည်ပတ်နိုင်တဲ့ အပန်းဖြေစခန်းတွေကို ဝန်ဆောင်မှုပေးလာကြတဲ့ လုပ်ငန်းရှင်တွေ အခုအချိန်မှာ များစွာပေါ်ပေါက်လာခဲ့ပါတယ်။  ဒီအထဲကမှ ရန်ကုန်မြို့နဲ့အနီးဆုံးမှာတည်ရှိတဲ့  ပဲခူးတိုင်းဒေသကြီးအတွင်းက Home at Alaingni လို့ အမည်ပေးထားတဲ့ Camping နေရာလေးတစ်ခုနဲ့ ဒီတစ်ပတ်မှာ မိတ်ဆက်ပေးချင်ပါတယ်။ တစ်မူထူးခြားတဲ့ Emperor Bell Tents ပုံစံ ရွက်ဖျင်တဲတွေနဲ့ အလိုင်နီဆည်ဘေးနားမှာ ဖွင့်လှစ်ထားတဲ့ Camping Site နေရာလေးတစ်ခုဖြစ်ပါတယ်။
ရန်ကုန်ကနေ     ကားနဲ့သွားရင် တစ်နာရီ ခွဲလောက်မောင်းရတဲ့နေရာလေး မှာ တည်ရှိတာမို့ ပိတ်ရက်မှာ အေးအေး လူလူ   နားချင်ကြတဲ့     မိသားစုတွေ၊  သူငယ်ချင်းအဖွဲ့တွေအတွက် နေ့တစ်နေ့ တာကို အေးချမ်းစွာကျော်ဖြတ်စေနိုင်မယ့် အပန်းဖြေနားနေရာ   နေရာလေးတစ်ခု ဖြစ်ပါတယ်။
အလိုင်နီဆည်ကို            သွားရောက် အပန်းဖြေလိုသူတွေအနေနဲ့ ရန်ကုန်-ပဲခူး လမ်းမကြီးအတိုင်း   သွားရောက်နိုင်ပြီး ပဲခူးတိုးဂိတ်မရောက်ခင်      တိုက်ကြီး-ဖောင်ကြီးလမ်းအတိုင်း   ချိုးဝင်ပြီး   မိနစ် ၂၀  လောက်  ကားမောင်းရင် အလိုင်နီ ရွက်ဖျင်တဲစခန်းဆီကို    ရောက်ရှိနိုင်ပါ တယ်။
ဆည်ရေပြင်ကျယ်ဘေးက အပန်းဖြေနေရာ
ရေပြင်ကျယ်ကျယ်ဘေးမှာ အေးအေး  ချမ်းချမ်း နားနေနိုင်ပြီး စိတ်ဖိစီးမှုတွေကို လျော့ကျသွားစေနိုင်ပါတယ်။ ရေပြင် ကျယ်ကြီးထဲမှာ       ကနူးလှေလှော်လို့ ရအောင်   ဝန်ဆောင်မှုပေးထားပါသေး တယ်။ ဒါတင်မကသေးပါဘူး။    စက်ဘီးစီး လို့ရသလို  ဝါသနာပါရင် ငါးမျှားလို့လည်း ရပါသေးတယ်။      နေဝင်နေထွက်ကို  ကြည့်နိုင်ပြီး အေးအေးဆေးဆေး အပန်းဖြေ နိုင်တဲ့  နေရာတစ်ခုလို့  ဆိုနိုင်ပါတယ်။ ဒါ့အပြင်         ရေကူးကန်လည်းပါတော့    သူငယ်ချင်း   မိတ်ဆွေတွေ   Chill   လို့ အကောင်းဆုံးပါပဲ။
Home at Alaingni ရဲ့ပိုင်ရှင်ကတော့ သဘာဝတရားကို              ချစ်မြတ်နိုးပြီး တိတ်တိတ်ဆိတ်ဆိတ်    နားနေနိုင်တဲ့ နေရာလေးဖြစ်အောင်      ရည်ရွယ်ပြီး ဖော်ဆောင်ခဲ့တာပါလို့      စာရေးသူကို ပြောပြပါတယ်။ 
“ရေတက်လို့ ပိတ်ထားတာ နည်းနည်း ကြာပါပြီ။ အောက်တိုဘာ၂၉ ရက်ကစပြီး ပြန်ဖွင့်ထားပါတယ်။   လက်ရှိမှာတော့ ရွက်ဖျင်တဲ ငါးလုံးနဲ့ ဝန်ဆောင်မှုပေးနေပါ တယ်”လို့ Home at Alaingni ပိုင်ရှင်က ပြောပြပါတယ်။
ညအိပ်တည်းခိုနိုင်
တစ်နေ့လုံး    အေးအေးဆေးဆေး နေချင်သူတွေအတွက် နံနက် ၉ နာရီကနေ ညနေ ၅ နာရီအထိ နားနားနေနေ နေနိုင် ပြီး    တစ်ဦးကို  နေ့လယ်စာအပါအဝင် ကျပ်လေးသောင်းကျသင့်မှာ ဖြစ်တယ်လို့  ဆိုပါတယ်။ ညအိပ်တည်းခိုရင် တဲတစ်ခု ကို လူနှစ်ယောက် တည်းခိုနိုင်ပြီး တစ်ည ကို ကျပ် ၁၄၀၀၀၀ သတ်မှတ်ထားပါတယ်။ ညအိပ်တဲ့       ဧည့်သည်တွေအတွက် နံနက်စာပါဝင်ပြီး ကနူးလှေလှော်တာတွေ လည်း ပါဝင်ပါတယ်။
မြေအကျယ်   ခြောက်ဧကပေါ်မှာ ရွက်ဖျင်တဲငါးလုံးကို     ထည့်သွင်းတည် ဆောက်ထားပြီး      ရွှံ့နဲ့ဆောက်ထားတဲ့ အိမ်တစ်လုံး၊  ဝါးနဲ့ဆောက်ထားတဲ့အိမ် တစ်လုံး၊ ခြေတံရှည်သစ်သားအိမ်တစ်လုံး ကိုလည်း       ထပ်မံဆောက်လုပ်ထား ပါသေးတယ်။ 
အပျော်တမ်းစက်ဘီးစီးနိုင်
ဒါ့အပြင်   အလိုင်နီအိမ်ငယ်လေးမှာ နေ့တစ်နေ့တာကို   ကုန်ဆုံးပြီး   အလိုင်နီ ဆည်ပတ်လမ်းမှာ အပျော်တမ်း  စက်ဘီး ဝါသနာရှင်တွေအနေနဲ့ စက်ဘီးစီးနိုင်ပါ သေးတယ်။ ဆည်ပတ်ပတ်လည်မှာ စိမ်းစို သာယာလွန်းတဲ့ ရော်ဘာတောကြီး ဝန်းရံ ထားတာမို့  နေဘယ်လောက်ပူပူ   အရိပ် အာဝါသကောင်းတဲ့ သဘာဝလက်ဆောင် စက်ဘီးလမ်းကြောင်းကြီး ရှိနေပါတယ်။  
ညဘက်မှာ  သူငယ်ချင်းမိတ်ဆွေတွေ စုဖွဲ့ပြီး      ပျော်ပါးစားသောက်ရင်း၊  ဆည်ရေပြင်ကိုကြည့်ငေးရင်း၊ ကန်ပေါင် မှာ  လွတ်လွတ်လပ်လပ်      တီးမှုတ်သီဆို ဟစ်ကြွေးရင်း    ဘဝရဲ့    အမောတွေကို ဖြေဖျောက်နိုင်ပါတယ်။       ကြယ်တွေ အပြည့်နဲ့  ကောင်းကင်ကို    ရှုစားနိုင်သလို  လသာတဲ့ညဆိုရင်  ငွေရောင်တောက်နေ တဲ့       ရေပြင်အလှနဲ့       လိုက်ဖက်တဲ့ သဘာဝတရားအလှကိုလည်း ခံစားနိုင်ပါ​သေးတယ်။ 
လေကောင်းလေသန့်ကို   တဝကြီး ရှုရှိုက်ရင်း       ဆည်ပေါင်ပေါ်ပြေးရင်း၊ စက်ဘီးစီးရင်း              နေထွက်တာကို စောင့်ကြည့်လို့လည်းရပါတယ်။ မိသားစု နဲ့ပဲလာလာ၊ သူငယ်ချင်းမိတ်ဆွေတွေနဲ့ပဲ လာလာ      စိတ်လက်အပန်းပြေပြီး ထပ်ကာထပ်ကာ  သွားရောက်လည်ပတ် ချင်မယ့်           နေရာလေးတစ်ခုဖြစ်အောင် ဖန်တီးပေးထားတာမို့            နေ့ချင်းပြန်     အေးအေးလူလူနဲ့ အနားယူနိုင်တဲ့ အလိုင်နီ ဆည်  ဘေးနားက  Home at  Alaingni သို့ သွားရောက်လည်ပတ်နိုင်ဖို့ ဒီတစ်ပတ် ရဲ့ လမ်းညွှန်အနေနဲ့      မျှဝေဖော်ပြလိုက် ပါတယ်။       ။