
နေပြည်တော် နိုဝင်ဘာ ၄
ရုရှားတပ်မတော်နှင့် မြန်မာ့ တပ်မတော်အကြား ချစ်ကြည် ရင်းနှီးမှုများ ပိုမိုခိုင်မြဲစေရန် ရည်ရွယ်၍ မြန်မာ - ရုရှား နှစ်နိုင်ငံချစ်ကြည်ရေး မြန်မာ့ တပ်မတော် ယဉ်ကျေးမှုအဖွဲ့နှင့် ရုရှားရေတပ် သံစုံတီးဝိုင်းအဖွဲ့ ဖျော်ဖြေပွဲအခမ်းအနားကို ယနေ့ ညနေပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် သဘင်ဆောင် ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်ဇနီး ဒေါ်ကြူကြူလှ တို့ တက်ရောက်ကြည့်ရှု အားပေး သည်။
ကြည့်ရှုအားပေး
အဆိုပါ ဖျော်ဖြေပွဲအခမ်း အနားသို့ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီး၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) နှင့်ဇနီး၊ ကောင်စီ အတွင်းရေးမှူးနှင့်ဇနီး၊ တွဲဖက် အတွင်းရေးမှူးနှင့်ဇနီး၊ ကောင်စီ ဝင်များနှင့်ဇနီးများ၊ ပြည်ထောင်စု ဝန်ကြီးများနှင့်ဇနီးများ၊ ကာကွယ် ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများနှင့်ဇနီးများ၊ ရုရှား ဖက်ဒရေးရှင်းနိုင်ငံ ရေတပ်ဦးစီး ချုပ် Admiral Nikolai A.EVMENOV ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ ဝင်များ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှား သံအမတ်ကြီး H.E.Mr. Iskandar Azizov ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ အရာရှိ၊ စစ်သည်၊ မိသားစုများ တက်ရောက်ကြည့်ရှု အားပေးကြသည်။
ဖျော်ဖြေတင်ဆက်
ဖျော်ဖြေပွဲ အခမ်းအနားတွင် မြန်မာ - ရုရှားနှစ်နိုင်ငံ ချစ်ကြည် ရေး မြန်မာ့တပ်မတော်ယဉ်ကျေး မှုအဖွဲ့နှင့် ရုရှားရေတပ်သံစုံတီးဝိုင်း အဖွဲ့တို့မှ အနုပညာရှင်များက ဖျော်ဖြေကြရာ ရုရှားရေတပ်သံစုံ တီးဝိုင်းအဖွဲ့က ရုရှားသီချင်းများ၊ အကအလှများ အပါအဝင် မြန်မာ တေးသီချင်းကို လည်းကောင်း၊ မြန်မာ့တပ်မတော် ယဉ်ကျေးမှု အဖွဲ့ မြဝတီတေးဂီတအဖွဲ့က “ဆန်းသစ်လှပ ပုဂံယိမ်းအက” အပါအဝင် ရုရှားတေးသီချင်း ဖြစ်သည့် "Katyusha" သီချင်းနှင့် "Kalinka" တေးသီချင်းတို့အား မြန်မာ့ရိုးရာ တူရိယာပစ္စည်းများ ဖြစ်သည့် မြန်မာ့ဆိုင်းဝိုင်းကြီးနှင့် မြိုင်ဆိုင်စွာတီးခတ်ပြီး ရုရှားအက များဖြင့် လည်းကောင်း၊ ရုရှား တေးသီချင်းဖြစ်သည့် "Ar Thi Na Si Me Yar " ကို သီဆို၍ လည်းကောင်း ဖျော်ဖြေတင်ဆက် ကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီး၊ တက်ရောက် လာကြသူများက ကြည့်ရှုအားပေးကြသည်။
ဖျော်ဖြေမှုများ အပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးတို့က ရုရှား ရေတပ် သံစုံတီးဝိုင်းအဖွဲ့အား ဂုဏ်ပြုပန်းခြင်း ပေးအပ်ချီးမြှင့် သည်။
ပေးအပ်ချီးမြှင့်
ထို့နောက် ရုရှားဖက်ဒရေးရှင်း နိုင်ငံ ရေတပ်ဦးစီးချုပ်က မြန်မာ့ တပ်မတော် ယဉ်ကျေးမှုအဖွဲ့ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ် စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက် မြဝတီတေးဂီတ အဖွဲ့အား ဂုဏ်ပြုပန်းခြင်း ပေးအပ်ချီးမြှင့်သည်။
ယင်းနောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီး ချုပ်နှင့်ဇနီး၊ တပ်မတော်အရာရှိ ကြီးများ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရေတပ်ဦးစီးချုပ်နှင့် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ဝင်များသည် နှစ်နိုင်ငံ ယဉ်ကျေးမှုအဖွဲ့များနှင့် အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ခဲ့ကြကြောင်း သတင်း ရရှိသည်။
သတင်းစဉ်