
ရန်ကုန် နိုဝင်ဘာ ၃
ရန်ကုန် ပြည်သူ့ဆေးရုံကြီး အဆင့်မြင့် ခုနစ်ထပ်ဆောင် တည်ဆောက်ရေး လုပ်ငန်းများကို ၂၀၁၈ ခုနှစ် မေ ၂၇ ရက်မှ စတင် ဆောင်ရွက်ခဲ့ရာ ယခုအခါလုပ်ငန်း များ ၈၀ ရာခိုင်နှုန်းကျော် ဆောင်ရွက်ပြီးစီးပြီဖြစ်ပြီး ၂၀၂၄ ခုနှစ်အတွင်း ဖွင့်လှစ်နိုင်မည်ဖြစ် ကြောင်း သိရသည်။
အဆိုပါ ဆေးရုံသစ်ကြီး တည်ဆောက်ရေး လုပ်ငန်းများ အားလုံး ပြီးစီးသွားပါက အနယ်နယ် အရပ်ရပ်မှ ပြည်သူ များ၏ ကျန်းမာရေးစောင့်ရှောက် မှုလုပ်ငန်းများကို အကုန်အကျ သက်သာစွာဖြင့် ဝန်ဆောင်မှုပေး နိုင်မည်ဖြစ်သည်။
အဆောက်အဦ ဦးစီးဌာန အဆောက်အဦ အထူးအဖွဲ့(၁)က တာဝန်ယူ တည်ဆောက်လျက် ရှိသည့် လသာမြို့နယ်ရှိ ရန်ကုန် ပြည်သူ့ဆေးရုံကြီး အဆင့်မြင့် ခုနစ်ထပ်ဆောင် ဆောက်လုပ်ရေး လုပ်ငန်းခွင်သို့ ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း နှင့် အဖွဲ့ဝင်များ နိုဝင်ဘာ ၁ ရက် က သွားရောက်ကြည့်ရှုစစ်ဆေးရာ ဆေးရုံတည်ဆောက်ရေး ကြီးကြပ် မှုကော်မတီဥက္ကဋ္ဌ ဆေးသုတေသန ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာ ဇော်သန်း ထွန်း၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး ပါမောက္ခချုပ် (ဆေးရုံအုပ်ကြီး) ဒေါက်တာ သီတာလှနှင့် တာဝန် ရှိသူများက မြို့ပြ၊ ရေသန့်၊ လျှပ်စစ် စသည်ဖြင့် အပိုင်းလိုက်လုပ်ငန်း များ ဆောင်ရွက်ပြီးစီးမှု၊ လက်ရှိ လုပ်ငန်း ဆောင်ရွက်နေမှုနှင့် ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်း တင်ပြကြသည်။
တိုင်းဒေသကြီး ဝန်ကြီးချုပ် က တင်ပြချက်များ နှင့်စပ်လျဉ်း၍ ဆေးရုံ အဆောက်အအုံဆိုင်ရာများ ကို နိုင်ငံတကာ စံသတ်မှတ်ချက် များနှင့် ကိုက်ညီအောင် တည် ဆောက်ကြရန်၊ လုပ်ငန်းများ သတ်မှတ်ကာလအတွင်း ပြီးစီး ရေး အလေးထားဆောင်ရွက်ကြ ရန်တို့ကို မှာကြားခဲ့ကြောင်း သိရ သည်။
ဆန်းကျော်ဦး(ပြန်/ဆက်)