
နေပြည်တော် နိုဝင်ဘာ ၃
ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ)မိသားစုများ၏ တေရသမအကြိမ်၊ (၁၃) ကြိမ် မြောက် မဟာဘုံကထိန်အလှူ တော် မင်္ဂလာအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ကာကွယ် ရေးဦးစီးချုပ်ရုံး(ကြည်း) အနော် ရထာခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူ ကြူလှတို့ တက်ရောက်၍ ကထိန် လျာသင်္ကန်းနှင့် လှူဖွယ်ပစ္စည်း များ ဆက်ကပ်လှူဒါန်းသည်။
အဆိုပါ အခမ်းအနားသို့ ဥပ္ပါတသန္တိစေတီတော်ဂေါပက အဖွဲ့ ဩဝါဒါစရိယဆရာတော် နေပြည်တော် လယ်ဝေးမြို့ ပေါက် မြိုင်ကျောင်းတိုက် ပဓာနနာယက အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တဇနိန္ဒ၊ ပျဉ်းမနားမြို့ ပါဠိတက္ကသိုလ် မင်္ဂလာဇေယျုံ ကျောင်းတိုက် ပဓာနနာယက၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တဝိမလဗုဒ္ဓိ ဆရာတော်ကြီး များ အမှူးပြုသည့် ပင့်ဖိတ်ထား သော ဒေသခံဆရာတော်ကြီး ၂၇ ပါး ကြွရောက်ချီးမြှင့်တော်မူ ကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ဇနီးတို့နှင့် အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေး ဦးစီး ချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဇနီး ဒေါ်သန်းသန်းနွယ်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့်ဇနီး များ၊ တာဝန်ရှိသူများ တက်ရောက် ကြသည်။
လှည့်လည်ကြည့်ရှု
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ဇနီးနှင့် ဧည့်ပရိသတ်များသည် ဘုန်းတော် ကြီးကျောင်းအသီးသီးသို့ လှူဒါန်း ရန် ခင်းကျင်းပြင်ဆင်ထားသည့် ကထိန်လျာသင်္ကန်း၊ လှူဖွယ် ပစ္စည်းများနှင့် ပဒေသာပင်များ အား လှည့်လည်ကြည့်ရှုကြသည်။ ထို့နောက် နိုင်ငံတော် စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ
တပ်မတော်ကာကွယ်ရေး ဦးစီး ချုပ်နှင့် ဇနီးတို့သည် အနော်ရထာ ခန်းမအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော် မြတ်အား ဖူးမြော်ကြည်ညို၍ မြသပိတ်ဆွမ်းတော်နှင့် ပန်း၊ သောက်တော်ရေချမ်း၊ ဆီမီး၊ သစ်သီးတို့ကို ဆက်ကပ်လှူဒါန်း သည်။
ယင်းနောက် အစီအစဉ် အရ မဟာဘုံကထိန်အလှူတော် မင်္ဂလာအခမ်းအနားကို နမော တဿ သုံးကြိမ်ရွတ်ဆို ဘုရား ကန်တော့ဖွင့်လှစ်ပြီး ပေါက်မြိုင် ကျောင်းတိုက် ပဓာနနာယက ဆရာတော်ကြီးထံမှ ကိုးပါးသီလ ခံယူဆောက်တည်ကြသည်။
ထို့နောက် ဆရာတော်ကြီး များ ရွတ်ပွားချီးမြှင့်တော်မူသည့် မေတ္တသုတ် ပရိတ်တရားတော် များကို နာယူကြပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီး ချုပ်နှင့် ဇနီးတို့က နေပြည်တော် ဇေယျာသီရိမြို့နယ် ရေဆင်းကန်ဦး ကျောင်းတိုက် ပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဝိလာသ ထံ ကထိန်လျာသင်္ကန်းကိုလည်း ကောင်း၊ ပေါက်မြိုင်ကျောင်းတိုက် ပဓာနနာယက ဆရာတော်ကြီးထံ ကထိန်သင်္ကန်းနှင့် လှူဖွယ်ပစ္စည်း များကိုလည်းကောင်း ဆက်ကပ် လှူဒါန်းသည်။
ဆက်ကပ်လှူဒါန်း
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)နှင့်ဇနီးတို့က ပါဠိဆရာ တော်ကြီးထံ ကထိန်သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ် လှူဒါန်းပြီး တက်ရောက်လာကြ သည့် တပ်မတော်အရာရှိကြီး များနှင့် ဇနီးများက ဆရာတော် သံဃာတော်များထံ ကထိန် သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းကြသည်။
ယင်းနောက် ရေဆင်းကန်ဦး ကျောင်းတိုက်မှ ဂဏဝါစက စာချ ဆရာတော်များ ဖြစ်ကြသည့် အရှင် ဝါယမနှင့် အရှင်ဇဝနတို့က ကထိန်အမေးအဖြေများကို ဆောင် ရွက်တော်မူကြသည်။
ထို့နောက် ပါဠိတက္ကသိုလ် မင်္ဂလာဇေယျုံ ကျောင်းတိုက် ပဓာနနာယက ဆရာတော်ကြီးထံ မှ ကထိန်အနုမောဒနာ တရား နာယူကြပြီး အနုမောဒနာတရား နာကြား၍ လှူဒါန်းမှူအစုစု အတွက် ရေစက်သွန်းလောင်း အမျှပေးဝေကြသည်။
နေ့ဆွမ်းဆက်ကပ်
ဆက်လက်၍ အခမ်းအနားကို “ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု” သုံးကြိမ် ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်း ပြီး မဟာဘုံကထိန်အလှူတော် မင်္ဂလာအခမ်းအနား အောင်မြင် ခြင်းအထိမ်းအမှတ်အဖြစ် ရတနာ ရွှေမိုး၊ ငွေမိုးများ ရွာသွန်းဖြိုးကြ သည်။ အခမ်းအနားအပြီးတွင် ဆရာတော် သံဃာတော်များအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့်ဇနီး၊ ဧည့်ပရိသတ်များ က နေ့ဆွမ်းဆက်ကပ် လှူဒါန်း ကြသည်။
ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုများ၏ တေရသမအကြိမ်၊ (၁၃) ကြိမ် မြောက် မိသားစု မဟာဘုံကထိန် အလှူတော်အဖြစ် လှူဒါန်းထား သည့် ပဒေသာပင်များအား နိုဝင်ဘာ ၁ ရက်တွင် ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) ဝင်းအတွင်းရှိ အနော်ရထာခန်းမမှ ဥပ္ပါတသန္တိ စေတီတော်မြတ်ကြီးသို့ မော်တော် ယဉ်များဖြင့် လှည့်လည်ခဲ့သည်။
ယနေ့ ကျင်းပပြုလုပ်သော ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ)မိသားစုများ၏ တေရသမ အကြိမ်၊ (၁၃)ကြိမ်မြောက် မိသားစု မဟာဘုံကထိန် အလှူတော်မင်္ဂလာ အခမ်းအနားတွင် ရုံး၊ ဌာန အသီးသီးမှ ပဒေသာပင် စုစုပေါင်း ၈၆ ပင်၊ တန်ဖိုးငွေကျပ် ၁၇၄၂ သိန်းကျော် ပါဝင်လှူဒါန်းခဲ့ကြပြီး သက်ဆိုင်ရာ ဘုန်းတော်ကြီး ကျောင်းအသီးသီးသို့ ရုံး၊ ဌာနများ အလိုက် မော်တော်ယာဉ်များဖြင့် ဆက်လက်ပို့ဆောင်လှူဒါန်းခဲ့ကြ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်