
ရန်ကုန် နိုဝင်ဘာ ၂
မြန်မာ - ကိုရီးယား ယဉ်ကျေးမှု ဖလှယ်နိုင်ရန်နှင့် Korea K - Pop အနုပညာနှစ်ခြိုက်သူများ ကြည့်ရှု နားဆင်နိုင်ရန်အတွက် မြန်မာ - ကိုရီးယားမော်ဒန် Musical Show ကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြား က Friday Night Live Show အဖြစ် တင်ဆက်သွားမည်ဖြစ်ရာ ပါဝင်ဖျော်ဖြေကြမည့် ကိုရီးယား အနုပညာရှင် ခြောက်ဦးနှင့် ပညာရှင်များပါဝင်သည့်အဖွဲ့သည် ယနေ့ညပိုင်းတွင် ရန်ကုန်မြို့သို့ ရောက်ရှိကြသည်။
အဆိုပါ ကိုရီးယားအနုပညာရှင်များနှင့်အဖွဲ့အား မြန်မာ့အသံ နှင့် ရုပ်မြင်သံကြား ညွှန်ကြား ရေးမှူးချုပ် ဦးရဲနိုင်နှင့် တာဝန် ရှိသူများက ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်၌ ကြိုဆိုကြ ပြီး နိုင်ငံခြားဘာသာတက္ကသိုလ် (ရန်ကုန်) နှင့် အမျိုးသားယဉ်ကျေး မှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်)မှ ကျောင်းသား ကျောင်း သူများက နှစ်နိုင်ငံ အလံများ ဝှေ့ယမ်း၍ လည်းကောင်း၊ အဆို တော်များ၏ ဓာတ်ပုံပါ စာတန်း များကိုင်ဆောင်၍ လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့မှစီစဉ်သည့် မြန်မာ့ရိုးရာ အိုးစည်ဒိုးပတ်အဖွဲ့ဖြင့် လည်း ကောင်း လှိုက်လှဲနွေးထွေးစွာ ကြိုဆိုခဲ့ကြသည်။
အဆိုပါ အဖွဲ့သည် ရန်ကုန်မြို့ Lotte ဟိုတယ်တွင် တည်းခိုကြ မည်ဖြစ်ပြီး နိုဝင်ဘာ ၃ ရက် ညပိုင်းတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ Friday Night Live Show ၌ ပါဝင်ဖျော်ဖြေမည် ဖြစ်သည်။
သတင်းစဉ်