
နေပြည်တော် နိုဝင်ဘာ ၁
ပြန်ကြားရေးဝန်ကြီးဌာန မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ နှစ်ပတ်လည်နေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်၊ ဌာနဆိုင်ရာအကြီးအကဲ များ၊ မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ အရာထမ်း၊ အမှုထမ်းများ တက်ရောက် ကြသည်။
ဦးစွာ မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန၏ နှစ်ပတ်လည်နေ့ ဂုဏ်ပြုမှတ်တမ်း ဗီဒီယိုကို ပြသသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက နှုတ်ခွန်းဆက်စကား ပြောကြားရာ တွင် မြန်မာနိုင်ငံရှိ ပုဂ္ဂလိကမီဒီယာ ကဏ္ဍ ရှင်သန်တိုးတက်ပြီး နိုင်ငံတော် တည်ဆောက်ရေး လုပ်ငန်းစဉ်များတွင် စတုတ္ထမဏ္ဍိုင်ပီသစွာ အထောက်အကူပြု နိုင်ရန် ရည်ရွယ်ချက်ဖြင့် မီဒီယာဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနကို ဖွဲ့စည်းခဲ့သည် မှာ တစ်နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်ကြောင်း၊ မီဒီယာဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန အနေဖြင့် AI နည်းပညာ၊ Streaming Technologies ကို လေ့လာအသုံးပြုပြီး အများပြည်သူနှင့် ထိတွေ့ဆက်ဆံသည့် လုပ်ငန်းများကို ဆောင်ရွက်ကြရမည်ဖြစ် ကြောင်း၊ ပြည်သူကို ဖျော်ဖြေပေးရန်၊ ပြန်ကြားပေးရန်၊ အသိပညာပေးရန်ဆို သည့် ပြန်ကြားရေးဝန်ကြီးဌာန၏ ရည်မှန်းချက်များကို ကျော်လွန်ပြီး ပြောင်းလဲလာသည့် ခေတ်နှင့်အညီ မီဒီယာကဏ္ဍကို နည်းပညာနှင့် ပေါင်းစပ် ကာ နိုင်ငံတကာနှင့် ချိတ်ဆက်ဆောင်ရွက် နိုင်ရန် လိုအပ်ကြောင်း။
မြန်မာ့မီဒီယာကဏ္ဍ ဖွံ့ဖြိုးတိုးတက် ရေးအတွက် လုပ်ငန်းများ ဆောင်ရွက်ရာ တွင် စေတနာပါရန်နှင့် အလေးအနက် ထားလုပ်ဆောင်ကြရန် တိုက်တွန်းလို ကြောင်း၊ တစ်နှစ်တာအတွင်း အောင်မြင် မှုများ ရရှိအောင် ကြိုးစားဆောင်ရွက်ခဲ့ကြ သည့်အတွက် ဝန်ထမ်းများကို အသိအမှတ် ပြုဂုဏ်ယူပါကြောင်း၊ နောင်တွင်လည်း ယခုကဲ့သို့ ညီညွတ်စုစည်းစွာဖြင့် ဌာန အကျိုး၊ နိုင်ငံ့အကျိုးကို ဆတက်ထမ်းပိုး ဆောင်ရွက်နိုင်ပါစေဟု ဆန္ဒပြုပါကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး က နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက် မြန်မာပြည်) အရာထမ်းငယ်သင်တန်း အမှတ်စဉ် (၉၆) တွင် သင်တန်းသူ စံပြ ဆုရရှိသည့် မီဒီယာဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဥမ္မာရည် အား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ် ချီးမြှင့်သည်။
ဆက်လက်၍ မီဒီယာဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန နှစ်ပတ်လည်နေ့အထိမ်း အမှတ်အဖြစ် ဝန်ထမ်းများအား ကံစမ်းမဲ များ ဖွင့်ဖောက်၍ အမှတ်တရလက်ဆောင် များ ပေးအပ်ချီးမြှင့်ခဲ့သည်။
သတင်းစဉ်