မြစ်ကြီးနား - ဗန်းမော် ကားလမ်းမကြီးအား လုံခြုံရေးဆောင်ရွက်ပေးနေသည့် ကန်တော်ယန်လုံခြုံရေးစခန်းအား  KIA နှင့် ပူးပေါင်းအင်အားစုအဖွဲ့မှ အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်

 

မြစ်ကြီးနား - ဗန်းမော် ကားလမ်းမကြီးအား လုံခြုံရေးဆောင်ရွက်ပေးနေသည့် ကန်တော်ယန်လုံခြုံရေးစခန်းအား 
KIA နှင့် ပူးပေါင်းအင်အားစုအဖွဲ့မှ အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ဆက်သွယ်ရေးလမ်းကြောင်းအား 
တားဆီးထိန်းချုပ်ရန် ဆောင်ရွက်လာသဖြင့် တပ်မတော်မှ လိုအပ်သည့်တုံ့ပြန်မှုများ ဆောင်ရွက်

နေပြည်တော်  အောက်တိုဘာ   ၃၁


KIA နှင့် ပူးပေါင်းအင်အားစုများအနေဖြင့် ယနေ့နံနက်ပိုင်းတွင် အများ ပြည်သူအသုံးပြုလျက်ရှိသော မြစ်ကြီးနား- ဗန်းမော်  အဓိကဆက်သွယ် ရေးကားလမ်းမကြီးအား လုံခြုံရေးဆောင်ရွက်လျက်ရှိသည့် ကန်တော်ယန် တစ်ဝိုက်ရှိ လုံခြုံရေးအဖွဲ့အား အင်အားအလုံးအရင်းဖြင့် အလစ်အငိုက် ရယူ၍  ဝင်ရောက်တိုက်ခိုက်ခဲ့သည်။


KIA နှင့်ပူးပေါင်းအင်အားစုများသည် အောက်တိုဘာ ၆ ရက်တွင် လည်း အဆိုပါလမ်းကြောင်းပေါ်ရှိ လဲလုံလမ်းကြောင်း လုံခြုံရေးစခန်း အား ဝင်ရောက်တိုက်ခိုက်ခဲ့သဖြင့် တပ်မတော်အနေဖြင့် သက်ဆိုင်ရာ Peace – Talk Creation Group (PCG) မှတစ်ဆင့် ဆက်သွယ်၍အများ ပြည်သူအသုံးပြုသည့်  အရေးကြီးသော  ဆက်သွယ်ရေးလမ်းဖြစ်၍ အကြမ်းဖက်လုပ်ရပ်များ  ပြုလုပ်ခြင်းမပြုရန်နှင့်  ထပ်မံ၍ အကြမ်းဖက် လုပ်ရပ်များ ပြုလုပ်လာပါက သည်းခံနိုင်စွမ်းကုန်ဆုံးပြီး သင့်လျော်သည့် တုံ့ပြန်မှုများ   ဆောင်ရွက်သွားမည်ဖြစ်ကြောင်း   နှစ်ကြိမ်တိုင်တိုင်  အသိပေးအကြောင်းကြားခဲ့သည်။


တပ်မတော်အနေဖြင့် ထာဝရငြိမ်းချမ်းရေးကို ရှေးရှုကာ ငြိမ်းချမ်း ရေးအတွက် အကြိမ်ကြိမ်ကမ်းလှမ်း၍ တတ်နိုင်သရွေ့ သည်းခံမှုများ ပြုလုပ်ခဲ့သော်လည်း KIA နှင့်ပူးပေါင်းအင်အားစုများအနေဖြင့် ရှမ်း ပြည်နယ်(မြောက်ပိုင်း)ဒေသ အကြမ်းဖက်အဖွဲ့များ၏ စစ်ရေးလှုပ်ရှားမှု များနှင့် အချိန်ကိုက်အခွင့်အရေးယူကာ ယနေ့နံနက်ပိုင်းတွင် တပ်မတော် ၏ တပ်စုအဆင့် လုံခြုံရေးဆောင်ရွက်လျက်ရှိသော ကန်တော်ယန် လုံခြုံရေးစခန်းအား သာလွန်အင်အား အများအပြားအသုံးပြု၍ အလစ် အငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး မြစ်ကြီးနား- ဗန်းမော်သွား ဆက်သွယ် ရေး လမ်းကြောင်းအား ပိတ်ဆို့ထိန်းချုပ်ရန် ဆောင်ရွက်လာခဲ့သည်။ ဖြစ်စဉ်တွင် တပ်မတော်မှ အရာရှိ/စစ်သည်အချို့ ကျဆုံး၊ ထိခိုက်ဒဏ်ရာ  ရရှိခဲ့သည်။


သို့ဖြစ်၍ တပ်မတော်အနေဖြင့် အမာခံသတင်းပေးများ၏ တိကျစွာ သတင်းပေးပို့ချက်အရ ကြိုတင်သိရှိထားသော KIA အဖွဲ့၏ လက်နက် ထုတ်လုပ်သည့် နေရာ၊ ခဲယမ်းနှင့် မိုင်းများ ထုတ်လုပ်သည့် နေရာများ နှင့် သိုလှောင်သည့်နေရာများအား သင့်လျော်သည့် တုံ့ပြန်တိုက်ခိုက်မှု များ ဆောင်ရွက်ခဲ့ရသည်။


အဆိုပါနေရာသည် နယ်စပ်နှင့် နီးကပ်သည့်နေရာဖြစ်၍ အိမ်နီးချင်း နိုင်ငံသို့ မလွဲမသွေသာ ဆောင်ရွက်ရမည့်ကိစ္စရပ်အား ကြိုတင်အသိပေး ဆောင်ရွက်ခဲ့ခြင်းအပြင် ထိန်းထိန်းသိမ်းသိမ်းဖြင့် ကန့်သတ်တုံ့ပြန် တိုက်ခိုက်ခြင်းများ ဆောင်ရွက်ခဲ့သည်။ ဆက်လက်၍လည်း ပြည်သူ လူထုနှင့်ပတ်သက်၍ နှောင့်ယှက်ထိပါးစေသော အကြမ်းဖက်လုပ်ရပ် များ ထပ်မံဆောင်ရွက်လာပါက  လိုအပ်သောပြန်လည်တုံ့ပြန်မှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။        

သတင်းစဉ်