၂၀၂၃ ခုနှစ် နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲ အောင်မြင်စွာကျင်းပပြီးစီး

 

နေပြည်တော် အောက်တိုဘာ ၂၈


၂၀၂၃  ခုနှစ်   နှစ်လယ်   မြန်မာ့ ကျောက်မျက်ရတနာ   ပြပွဲကို ယနေ့          မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ      မဏိရတနာ ကျောက်စိမ်းခန်းမ၌  ဆက်လက် ကျင်းပသည်။


ယနေ့    ပြပွဲတွင်   MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေ ရေးအတွက် အုပ်စု (C) မှ ကျောက် စိမ်း အသားကျောက်အတွဲ  ၇၉၂ တွဲကို        မြန်မာကျပ်ငွေဖြင့် ပြည်တွင်းရတနာ ကုန်သည်များ အား  အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးခဲ့ရာ   ကျောက်စိမ်း အတွဲပေါင်း ၇၇၉ တွဲ  ရောင်းချရ ကြောင်း ကြေညာသည်။ 


၂၀၂၃ ခုနှစ်  နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲ၌ ပုလဲ အတွဲ  ၃၀၀ တွင် ပုလဲအတွဲ ၃၀၀ နှင့်   ကျောက်မျက်အတွဲ   ၁၆၀ အနက်မှ ကျောက်မျက်အတွဲ ၇၃ တွဲကို ပြည်တွင်း၊ ပြည်ပရတနာ ကုန်သည်များအား   ဈေးနှုန်းပိုမို စွာဖြင့်       ရောင်းချနိုင်ခဲ့သည်။ ထို့ပြင်  ပြပွဲတွင် အုပ်စု( A) မှ ကျောက်စိမ်းအတွဲပေါင်း ၅၂၀ ၊ အုပ်စု (B)မှ ကျောက်စိမ်းအတွဲ ပေါင်း ၁၇၃၃တွဲနှင့်  အုပ်စု(C)မှ ကျောက်စိမ်းအတွဲပေါင်း ၁၇၉၂တွဲ စုစုပေါင်း     ကျောက်စိမ်းအတွဲ ပေါင်း ၄၀၄၅  တွဲကို   နေ့ရက် အလိုက် ပြည်တွင်း၊ ပြည်ပရတနာ ကုန်သည်များအား       အိတ်ဖွင့် တင်ဒါစနစ်ဖြင့် ရောင်းချပေးခဲ့ရာ ကျောက်စိမ်းအတွဲပေါင်း ၃၇၀၄တွဲ ရောင်းချနိုင်ခဲ့သည်။


ယခု     ကျင်းပပြုလုပ်သည့် ၂၀၂၃   ခုနှစ်   နှစ်လယ်မြန်မာ့ ကျောက်မျက်ရတနာ      ပြပွဲကို နိုင်ငံတော်အတွက်         နိုင်ငံခြား ဝင်ငွေရရှိရန်၊             နိုင်ငံသားများ အတွက်       စီးပွားရေးအကျိုး ဖြစ်ထွန်းမှုများ       ရရှိစေရန်နှင့် MSME   လုပ်ငန်းများ   ဖွံ့ဖြိုး တိုးတက်စေရေးတို့     အတွက် မြန်မာ့ကျောက်မျက်  ရတနာပြပွဲ ဗဟိုကော်မတီ၏         စီစဉ်မှုဖြင့် အောက်တိုဘာ ၂၀ ရက်မှ ၂၈ ရက် အထိ မဏိရတနာ ကျောက်စိမ်း ခန်းမ၌ အောင်မြင်စွာကျင်းပနိုင်ခဲ့ ကြောင်းသိရသည်။ 


သတင်းစဉ်