ဓာတ်ပုံရိုက်ခြင်း၊ ရှုခင်းကြည့်ခြင်းတွေ ပြုလုပ်နိုင်မယ့် ကလောမြို့ မနောလှတောင်ခြေက ပန်းပျိုးဥယျာဉ်

 

ယဉ်လာဒ်
 

ထင်းရှူးရနံ့တွေ ထုံမွမ်းပြီး အေးမြတဲ့ တောင်ပေါ်ခရီးသွားမြို့တော်ဖြစ်တဲ့ ကလောမြို့လေးမှာ  သဘာဝတောတောင်  ဓာတ်ပုံရှုခင်း ကြည့်ကွက်များပါဝင်တဲ့  Sightseeing နေရာ အသစ်အသစ်တွေကို လုပ်ငန်းရှင်တွေက ဖော်ထုတ်ဆွဲဆောင်လာနေကြတာမို့  ကလောမြို့လေးကို လာရောက်လည်ပတ်ကြတဲ့ ပြည်တွင်းခရီးသွားဧည့်သည်ဦးရေဟာ ဆက်လက်များပြားနေဆဲပါ။

ထင်းရှူးတောင်တန်းများစွာ  တည်ရှိ နေတာဟာ    ကလောမြို့ရဲ့    အထင်ကရ အမှတ်အသားတစ်ခုဖြစ်ပြီး     တစ်နှစ် ပတ်လုံး အအေးဓာတ် ထုံလွှမ်းနေခြင်း ကလည်း ကလောမြို့လေးကို   ခရီးသွား ဧည့်သည်တွေ  သွားရောက်လည်ပတ်နေ ကြတဲ့   အကြောင်းပြချက်တစ်ခု      ဖြစ်ပါ တယ်။ သဘာဝကို   အမှီပြုပြီး    ဓာတ်ပုံ ရှုခင်း    ကြည့်ကွက်နေရာတွေကိုလည်း   ကလော မြို့မှာ    ဖန်တီးလာကြတာကြောင့်   အခုဆိုရင် ကလောမြို့မှာ      နေထွက်ချိန်နဲ့  နေဝင်ချိန်ကို  ကြည့်လို့ရတဲ့  ဓာတ်ပုံရှုခင်း အသားပေးနေရာ ၂၀  နီးပါးလောက်အထိ ရှိလာပြီဖြစ်ပါတယ်။
ရှုခင်းကြည့်နေရာအသစ်တစ်ခု
ဒီအထဲကမှ ကလောမြို့ရဲ့ လူသိများ လှတဲ့ မနောလှတောင်ခြေမှာ အဖေ့ခြံ ကော်ဖီနှင့် ပန်းပျိုးဥယျာဉ်လို့   အမည်ပေး ထားတဲ့ ရှုခင်းကြည့်နေရာ(Sightseeing) အသစ်တစ်ခု       ပေါ်ထွက်လာခဲ့ပါပြီ။       လက်ရှိမှာတော့ ဓာတ်ပုံအသားပေး ရှုခင်း ကြည့်နေရာတစ်ခုအနေနဲ့     ရည်ရွယ် ထားပြီး နောက်ပိုင်းကာလတွေမှာတော့ Camping Site   မျိုး   ဖွင့်သွားနိုင်အောင် အထိ     ရည်ရွယ်ထားတယ်လို့   အဖေ့ခြံ  ကော်ဖီနှင့်          ပန်းပျိုးဥယျာဉ်ခြံကို တည်ထောင်သူ   ကိုအောင်လှိုင်ထူးက စာရေးသူကို ပြောပြပါတယ်။
အဖေ့ခြံ ကော်ဖီနှင့်  ပန်းပျိုးဥယျာဉ် ကို    သစ်တောမြေ    ဧက   ၃၀   ပေါ်မှာ ဖော်ဆောင်ထားပြီး ကော်ဖီစိုက်ခင်း အပါ အဝင် စားသောက်ဆိုင်ပါ တွဲဖက်ထည့် ထားပါတယ်။ ပြည်တွင်းပြည်ပက ပန်း မျိုးစိတ်ပေါင်း ၁၀၀ ကျော်ကို တစ်နေရာ တည်းမှာ  စိုက်ပျိုးထားရှိထားပါတယ်လို့   ကိုအောင်လှိုင်ထူးက  ဆက်ပြောပါတယ်။
သွားလာရေး  အချက်အချာကျ
ကလောဒေသခံ     ကိုတင်စိုးအောင် ကတော့  “ကလောမှာဆိုရင်  မနောလှ တောင်က နာမည်ကြီးပြီးသား။ မသိတဲ့သူ မရှိသလောက်ပါပဲ။     ဒီနေရာလေးက သွားလာရတာ  အချက်အချာလည်းကျ တယ်။ အိုးစည်တောင် အနောက်ဘက် လမ်းကနေလာရင်  အဖေ့ခြံကို  ရောက် တယ်။ အိုးစည်တောင်ပေါ်ကနေလည်း ကြည့်လို့ရတယ်။ အားသာချက်က ကလော မြို့မှာ စတော်ဘယ်ရီခြံ မရှိဘူး။ ဒီထဲမှာ စတော်ဘယ်ရီစိုက်ခင်း        အများကြီး ရှိတယ်။ ပြီးတော့ အသီးအနှံအကုန်လုံးက အော်ဂဲနစ်တွေ။ ဆောင်းတွင်းနဲ့ နွေရာသီ ဆို အဖေ့ခြံက ပိုပြီးလှတယ်။ ကားကြီး ရော၊    ကားအသေးရော    လာလို့ရတာမို့ အားသာချက်တွေများတယ်”လို့  ပြောပြ ပါတယ်။
ကော်ဖီပင် ၃၀၀၀  ကျော် စိုက်ပျိုးထား
လက်ရှိမှာတော့ ပန်းပျိုးဥယျာဉ်ကို  နှစ်ဧကပဲ  စိုက်ပျိုးထားပြီး ပန်းမျိုးစုံကို တစ်နေရာတည်းမှာ ဝယ်ယူလို့ရအောင် စိုက်ပျိုးထားသလို ကော်ဖီပင်ပေါင်း  ၃၀၀၀  ကျော်လည်း စိုက်ပျိုးထားပါသေးတယ်။
ပြည်တွင်းပြည်ပမျိုးစိတ်    ပန်းတွေသာ မက မျိုးရိုးဗီဇပြုပြင်ထားတဲ့ ပန်းပင်တွေ ကိုလည်း   စိုက်ပျိုးထားပါတယ်။  နှစ်လ တစ်ကြိမ် အရောင်ပြောင်းတဲ့ ခြောက်လခံ ပန်းတွေကိုလည်း စိုက်ပျိုးထားပြီး အခုလို ပန်းဥယျာဉ်ဖြစ်ဖို့  အချိန်    နှစ်နှစ်ကျော် ကြိုးစားခဲ့ရတယ်လို့ ဆိုပါတယ်။
“သီတင်းကျွတ်      လပြည့်နေ့မှာ ကျွန်တော်တို့ခြံကို   ဖွင့်လှစ်သွားမှာပါ။ ကျွန်တော်တို့ခြံကို လာရောက်လည်ပတ် ပြီး  ပန်းခင်းတွေနဲ့  ဓာတ်ပုံအလှရိုက်ကူး တာတွေ လုပ်နိုင်သလို အနားယူ အပန်း ဖြေ စားသောက်လို့ရတဲ့ စားသောက်ဆိုင် ကိုလည်း      ထည့်သွင်းထားပါတယ်”လို့  ကိုအောင်လှိုင်ထူးက ပြောပါတယ်။
အဖေ့ခြံ ကော်ဖီနှင့် ပန်းပျိုးဥယျာဉ်ကို ဝင်ကြေးအနေနဲ့     လူတစ်ဦးကို    ကျပ် ၁၀၀၀ ကောက်ခံမှာဖြစ်ပြီး အခု သီတင်း ကျွတ်လပြည့်နေ့ကစလို့     ကလောမြို့ရဲ့ နားနားနေနေ နေနိုင်ပြီး အပန်းဖြေလို့ရတဲ့ Sightseeing    နေရာသစ်တစ်ခုအဖြစ် ပေါ်ထွက်လာပြီ ဖြစ်ပါတယ်။
ကလောမြို့ရဲ့ အထင်ကရနေရာများ
ကလောမြို့မှာ တောတောင်သဘာဝ ရှုခင်းတွေနဲ့  အမှတ်တရ  ဓာတ်ပုံလှလှရိုက်ကူးလို့ကောင်းတဲ့ နေရာတွေအဖြစ် ရှန်ဘာလာ ကလော ရေယောင်းမ၊  သီရိ စန္ဒာ အပန်းဖြေစခန်း၊ City View၊ မနောလှ၊ သိမ်တောင်၊ Hill top Villa ၊ ကလော ဗျူးပွိုင့်၊     Kalaw Cafeyard၊    အိုးစည် တောင်၊    ဗျိုက်တောင်၊    ပင်းတယ-ရွာငံ အသွားလမ်း၊ မြင်းမူကုန်း စတဲ့နေရာတွေ ရှိကြပြီး     ကလောမြို့ကို   ရောက်ဖူးတဲ့ ခရီးသွားဧည့်သည်တိုင်း      တခုတ်တရ သွားရောက်လည်ပတ်ကြတဲ့ အထင်ကရ နေရာတွေ ဖြစ်ပါတယ်။
အာဆီယံဒေသတွင်း    အသန့်ရှင်းဆုံး ခရီးသွားမြို့ဆုကို   ၂၀၁၈   ခုနှစ်က   ရရှိ ထားပြီး   ခရီးသွားမြို့တော်လည်းဖြစ်တဲ့ ကလောမြို့လေးဟာ    ပြည်တွင်းခရီးသွား ဧည့်သည်တွေကို          ယနေ့အချိန်အထိ ဆွဲဆောင်ထားနိုင်ဆဲဖြစ်တာမို့ ကလော မြို့ကို    ရောက်ဖြစ်ခဲ့ရင်    ကလောမြို့ရဲ့ အထင်ကရနေရာတစ်ခုဖြစ်တဲ့  မနောလှ တောင်ခြေက   ဓာတ်ပုံအသားပေးရှုခင်း ကြည့်    နေရာသစ်တစ်ခုဖြစ်တဲ့     အဖေ့ခြံ  ကော်ဖီနှင့် ပန်းပျိုးဥယျာဉ်ကို သွားရောက် လည်ပတ်နိုင်ဖို့  ဒီတစ်ပတ်ရဲ့ ခရီးသွား လမ်းညွှန်အဖြစ်   ရေးသားမျှဝေ   ဖော်ပြ လိုက်ပါတယ်။       ။