(၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ဗဟိုအဆင့်)ပြိုင်ပွဲ ဆက်လက်ကျင်းပ

 

နေပြည်တော်   အောက်တိုဘာ  ၂၈
(၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ဗဟိုအဆင့်)ပြိုင်ပွဲ   ပဉ္စမနေ့ကို  ယနေ့နံနက်ပိုင်းတွင်   ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ သတ်မှတ်နေရာအသီးသီးတွင် စည်ကားသိုက်မြိုက်စွာ ဆက်လက်ကျင်းပသည်။  

နိုင်ငံတော်အနေဖြင့်   တိုင်းရင်းသား လူမျိုးတို့၏ ဓလေ့ထုံးတမ်းအစဉ်အလာ များကို လေးစားလိုက်နာပြီး  အမျိုးသား ယဉ်ကျေးမှုစရိုက်လက္ခဏာများ မပျောက် ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေး နှင့် စစ်မှန်သည့်    မျိုးချစ်စိတ်ဓာတ်ဖြစ် သည့် ပြည်ထောင်စုစိတ်ဓာတ်  ရှင်သန် ထက်မြက်ရေးတို့ကို ဦးတည်ချက်ချမှတ် ကာ  နိုင်ငံတော်ကို   အေးချမ်းသာယာ ခေတ်မီဖွံ့ဖြိုးတိုးတက်အောင်  အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။
တိုင်းပြည်၏      သမိုင်းကြောင်း ရှည်လျားသည့်  ရိုးရာယဉ်ကျေးမှုအမွေ အနှစ်များ၊ အမျိုးသားရေး စရိုက်လက္ခဏာ များ အရှည်တည်တံ့စေရန် တိုင်းရင်းသား ညီအစ်ကိုမောင်နှမများအားလုံး၊ နိုင်ငံသား အားလုံး တက်ညီလက်ညီဖြင့်   ဝိုင်းဝန်း ပူးပေါင်း   ဆောင်ရွက်သွားကြရမည့်ကိစ္စ ဖြစ်သည်။  မျိုးဆက်သစ်များအနေဖြင့် ယခုပြိုင်ပွဲကြီးမှရရှိသည့် အောင်မြင်မှုများ နှင့်အတူ အမျိုးသားရေးစရိုက်လက္ခဏာ များ  မပျောက်ပျက်အောင်  ဆက်လက် ထိန်းသိမ်းစောင့်ရှောက်သွားကြရန်၊ အတူ တကွ ပြိုင်ပွဲဝင်ခဲ့ကြသည့် တိုင်းဒေသကြီး၊ ပြည်နယ်များအနေဖြင့်   တိုင်းရင်းသား အချင်းချင်း ချစ်ကြည်ရင်းနှီးမှုကို ပိုမိုခိုင်မြဲ စေရေး ဆက်လက်ကြိုးစားတည်ဆောက် သွားကြရန်၊  မိမိတို့ယဉ်ကျေးမှု၊   မိမိတို့ ဓလေ့ထုံးစံမှသည် မိမိတို့နိုင်ငံနှင့် မိမိတို့ နိုင်ငံသားများအပေါ် မျိုးချစ်စိတ်ဓာတ်နှင့် ပြည်ထောင်စုစိတ်ဓာတ်  ခိုင်မာရှင်သန် ရေးကို ဆက်လက်သယ်ဆောင်လက်ဆင့် ကမ်းသွားကြရန်   ဆောင်ရွက်သွားကြရ မည်ဖြစ်သည်။
ယနေ့တွင် “အမျိုးဂုဏ်၊  ဇာတိဂုဏ် မြှင့်တင်ရေး”  တေးသီချင်းအဆိုပြိုင်ပွဲကို မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန(၂) Signing Room ၌ ကျင်းပရာ ဝါသနာရှင်အဆင့်(ဒုတိယတန်း) အမျိုး သားပြိုင်ပွဲတွင်    ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊   တနင်္သာရီတိုင်း ဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရခိုင် ပြည်နယ်၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ ကယားပြည်နယ် နှင့် မန္တလေးတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင် များက  “လုလင်ငယ်သွေး”   သီချင်းဖြင့် လည်းကောင်း၊   အဆင့်မြင့်ပညာအဆင့် အမျိုးသမီးပြိုင်ပွဲတွင်     ချင်းပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသ ကြီး၊ မွန်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ မကွေး တိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ကယားပြည်နယ်နှင့် မန္တလေးတိုင်းဒေသ ကြီးတို့မှ ပြိုင်ပွဲဝင်များက “သားချင်းများ ဆုံတွေ့သောအခါ”    သီချင်းဖြင့်လည်း ကောင်း ယှဉ်ပြိုင်ကြသည်။
မြန်မာအကအခြေခံ    ကဗျာလွတ် အက (ပထမအဆင့်)ပြိုင်ပွဲကို   မြန်မာ အပြည်ပြည်ဆိုင်ရာ   ကွန်ဗင်းရှင်းဗဟို ဌာန(၂)  Plenary  Hall  ၌   ကျင်းပရာ အခြေခံပညာအဆင့် (အသက် ၁၀ နှစ်မှ ၁၅ နှစ်အတွင်း) အမျိုးသမီးပြိုင်ပွဲတွင် ရခိုင်ပြည်နယ်မှ  မဟေမာန်ဖြိုးနှင့်အဖွဲ့၊ မန္တလေးတိုင်းဒေသကြီးမှ မဧကရီသူနှင့် အဖွဲ့၊  မွန်ပြည်နယ်မှ  မယုဇနနှင့်အဖွဲ့၊ ကယားပြည်နယ်မှ  မနန်းဖူးပြည့်စံသာ နှင့်အဖွဲ့၊ ကရင်ပြည်နယ်မှ မမိဆုကြယ်စင် နှင့်အဖွဲ့၊ ရှမ်းပြည်နယ်မှ မလွင်လွင်ကျော် နှင့်အဖွဲ့၊ ကချင်ပြည်နယ်မှ မဇင်မေဝင်း နှင့်အဖွဲ့၊ ဧရာဝတီတိုင်းဒေသကြီးမှ မနွယ် နွယ်ဝင်းနှင့်အဖွဲ့၊  ပဲခူးတိုင်းဒေသကြီးမှ မသူသူလှိုင်နှင့်အဖွဲ့၊ စစ်ကိုင်းတိုင်းဒေသ ကြီးမှ  မဖြူစင်ဝင်းနှင့်အဖွဲ့၊  မကွေးတိုင်း ဒေသကြီးမှ မနဒီရွှန်းလဲ့နှင့်အဖွဲ့၊ တနင်္သာရီ တိုင်းဒေသကြီးမှ မဖြိုးအိဇင်နှင့်အဖွဲ့နှင့် ရန်ကုန်တိုင်းဒေသကြီးမှ မအေဏီကိုနှင့် အဖွဲ့တို့က အခြေခံကဗျာလွတ်  ကကြိုး ကကွက်များကို   အဖွဲ့လိုက်ညီညာလှပ ကျွမ်းကျင်ပိုင်နိုင်စွာ   ကပြယှဉ်ပြိုင်ကြ သည်။
ရှမ်းတိုင်းရင်းသားရိုးရာ  အကပြိုင်ပွဲ ကို မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန(၂) Plenary Hall  ၌ ကျင်းပရာ ဦးစွာ ရှမ်းပြည်နယ်    ရိုးရာအကအဖွဲ့က ရှမ်းတိုင်းရင်းသားရိုးရာအကကို   ရှမ်း အက၊ ရှမ်းဟန်ကကွက်များ ပေါင်းစပ်၍ စံပြအနေဖြင့် သရုပ်ပြ ကပြကြသည်။
ထို့နောက်   ရှမ်းတိုင်းရင်းသားရိုးရာ အက (အလွတ်တန်း)  အဆင့်ပြိုင်ပွဲကို ဆက်လက်ကျင်းပရာ ကချင်ပြည်နယ်မှ မကေသွယ်စိုးနှင့်အဖွဲ့၊   မန္တလေးတိုင်း ဒေသကြီးမှ မနန်းဧကရီနှင့်အဖွဲ့၊ ရန်ကုန် တိုင်းဒေသကြီးမှ ဒေါ်ဖူးဖူးမော်နှင့်အဖွဲ့၊ ချင်းပြည်နယ်မှ   မလဝန်းအိမ်နှင့်အဖွဲ့၊ ပဲခူးတိုင်းဒေသကြီးမှ မနန်းနှင်းနှင်းသဇင် လှိုင်နှင့်အဖွဲ့၊ ဧရာဝတီတိုင်းဒေသကြီးမှ မအေးမြတ်သူနှင့်အဖွဲ့၊ မကွေးတိုင်းဒေသ ကြီးမှ မဆုလဲ့ရည်နှင့်အဖွဲ့၊ ကယားပြည်နယ် မှ ဒေါ်လဲ့လဲ့ထွန်းနှင့်အဖွဲ့၊ ရခိုင်ပြည်နယ်မှ မနွေးနွေးအောင်နှင့်အဖွဲ့၊ တနင်္သာရီတိုင်း ဒေသကြီးမှ မမေမြတ်မြတ်လင်းနှင့်အဖွဲ့၊ ကရင်ပြည်နယ်မှ မိရင်ရင်ဦးနှင့်အဖွဲ့၊ မွန် ပြည်နယ်မှ  မခင်ရတနာဦးနှင့်  အဖွဲ့နှင့်  စစ်ကိုင်းတိုင်းဒေသကြီးမှ မချောဆုပိုနှင့် အဖွဲ့တို့က ရှမ်းပြည်နယ်၏ သဘာဝအလှ တရားများ၊ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်း များကိုဖော်ကျူးထားသည့် ရှမ်းပြည်အလှ ရှမ်းတို့ရိုးရာအက   သီချင်းနောက်ခံဖြင့် လှပကျော့ရှင်းသည့် ရှမ်းတိုင်းရင်းသား ရိုးရာကကြိုး၊ ကကွက်များကို ရှမ်းအလှ၊ ရှမ်းဟန်တို့နှင့်ပေါင်းစပ်ကာ ကပြယှဉ်ပြိုင် ကြသည်။
ရုပ်သေးကြိုးဆွဲပြိုင်ပွဲကို     မြန်မာ အပြည်ပြည်ဆိုင်ရာ   ကွန်ဗင်းရှင်းဗဟို ဌာန(၂) Banquet Hall  ၌  ကျင်းပရာ ဝါသနာရှင်အဆင့်(ဒုတိယတန်း) အမျိုး သားပြိုင်ပွဲတွင်  မွန်ပြည်နယ်၊   ရန်ကုန် တိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ မန္တလေး တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ကယားပြည်နယ်၊ ဧရာဝတီ တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်တို့မှ   ပြိုင်ပွဲဝင်များက  မင်းသားကြိုးဆွဲရုပ်သေးရုပ်၊ မင်းသမီး ကြိုးဆွဲ ရုပ်သေးရုပ်တို့ဖြင့် လည်းကောင်း၊ ဝါသနာရှင်အဆင့် (ဒုတိယတန်း) အမျိုး သမီးပြိုင်ပွဲတွင်  ကရင်ပြည်နယ်၊   မွန် ပြည်နယ်၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ ချင်းပြည်နယ်၊  ရန်ကုန်တိုင်း ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ဧရာ ဝတီတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသ ကြီးတို့မှ ပြိုင်ပွဲဝင်များက  မင်းသားကြိုးဆွဲ ရုပ်သေးရုပ်၊ မင်းသမီးကြိုးဆွဲရုပ်သေးရုပ် တို့ဖြင့်လည်းကောင်း    ကကြိုးကကွက် စုံလင်စွာဖြင့်    အနုပညာရသမြောက် ဖော်ကျူးကပြ ယှဉ်ပြိုင်ကြသည်။


အရေးပြိုင်ပွဲကို   သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနရှိ   ယဉ်ကျေးမှု ရတနာခန်းမ၌ ကျင်းပရာ အခြေခံပညာ အဆင့် (အသက် ၁၅ နှစ်မှ ၂၀ နှစ်အတွင်း) ပြိုင်ပွဲတွင် မန္တလေးတိုင်းဒေသကြီး၊ ကယား ပြည်နယ်၊    ဧရာဝတီတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊  ကချင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊    ရန်ကုန်တိုင်း ဒေသကြီး၊ ကရင်ပြည်နယ်နှင့် စစ်ကိုင်း တိုင်းဒေသကြီးတို့မှ   ပြိုင်ပွဲဝင်များက “ဝါကျွတ်အခါမီ တူရာသီ” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ အဆင့်မြင့်ပညာအဆင့် ပြိုင်ပွဲတွင် မကွေးတိုင်းဒေသကြီး၊ ကယား ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကချင် ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊  မန္တလေးတိုင်း ဒေသကြီးနှင့်စစ်ကိုင်းတိုင်းဒေသကြီးတို့မှ    ပြိုင်ပွဲဝင် များက   “ဗလငါးတန်    ဒို့ရည်သန်”   ခေါင်းစဉ်ဖြင့်လည်းကောင်း      ဂီတရသ   စုံလင်စွာ     ဖော်ကျူးတေးဖွဲ့    ယှဉ်ပြိုင်ကြ သည်။
ဂီတာအတီးပြိုင်ပွဲကို မြန်မာအပြည် ပြည်ဆိုင်ရာ   ကွန်ဗင်းရှင်းဗဟိုဌာန  (၂) News  Briefing  Room  ၌   ကျင်းပရာ ဝါသနာရှင်အဆင့် (ပထမတန်း)  အမျိုး သားပြိုင်ပွဲတွင်    ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့်   ရန်ကုန် တိုင်းဒေသကြီးတို့မှ    ပြိုင်ပွဲဝင်များက “ဖြူပြာမူရာ” (ပတ်ပျိုး) သီချင်းဖြင့်လည်း ကောင်း၊ ဝါသနာရှင်အဆင့် (ပထမတန်း) အမျိုးသမီးပြိုင်ပွဲတွင် မကွေးတိုင်းဒေသ ကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရန်ကုန် တိုင်းဒေသကြီးတို့မှ   ပြိုင်ပွဲဝင်များက “ဖြူပြာမူရာ” (ပတ်ပျိုး)သီချင်းဖြင့် လည်း ကောင်း၊ အခြေခံပညာအဆင့်  (အသက် ၁၀ နှစ်မှ ၁၅ နှစ်အတွင်း) အမျိုးသားပြိုင်ပွဲ တွင် ရန်ကုန်တိုင်းဒေသကြီးမှ ပြိုင်ပွဲဝင်က “သီလာမြေယံ”(ကြိုး) သီချင်းဖြင့် လည်း ကောင်း၊ အခြေခံပညာအဆင့် (အသက် ၁၀ နှစ်မှ ၁၅ နှစ်အတွင်း) အမျိုးသမီးပြိုင်ပွဲ တွင် ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီ တိုင်းဒေသကြီးတို့မှ   ပြိုင်ပွဲဝင်များက “သီလာမြေယံ” (ကြိုး)  သီချင်းဖြင့် လည်း ကောင်း၊ အဆင့်မြင့်ပညာအဆင့် အမျိုး သားပြိုင်ပွဲတွင် မန္တလေးတိုင်းဒေသကြီး နှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင် များက “ဇေယျာအောင်ချာ”(ကြိုး)သီချင်း ဖြင့်လည်းကောင်း၊ အဆင့်မြင့်ပညာအဆင့် အမျိုးသမီးပြိုင်ပွဲတွင်  ရန်ကုန်တိုင်းဒေသ ကြီးမှ ပြိုင်ပွဲဝင်က “နန်းဘုံသီဟာဘွေ” (ယိုးဒယား) သီချင်းဖြင့်လည်းကောင်း၊ ဝါသနာရှင်အဆင့်(ဒုတိယတန်း) အမျိုးသား ပြိုင်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူး တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များ က “ရွှေလည်တိုင်” (ကာလပေါ်) သီချင်း ဖြင့် လည်းကောင်း၊   ဝါသနာရှင်အဆင့် (ဒုတိယတန်း)   အမျိုးသမီးပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးမှ   ပြိုင်ပွဲဝင်က “ဆန်းဆန်းသဉ္ဇာကြာညောင်” (ယိုးဒယား) သီချင်းဖြင့်လည်းကောင်း၊  အခြေခံပညာ အဆင့် (အသက် ၁၅ နှစ်မှ ၂၀ နှစ်အတွင်း) အမျိုးသားပြိုင်ပွဲတွင် ဧရာဝတီတိုင်းဒေသ ကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှ ပြိုင်ပွဲ ဝင်များက “ကန္တာတောခြေ” (ယိုးဒယား) သီချင်းဖြင့်လည်းကောင်း၊ အခြေခံပညာ အဆင့် (အသက် ၁၅ နှစ်မှ ၂၀ နှစ်အတွင်း) အမျိုးသမီးပြိုင်ပွဲတွင် ဧရာဝတီတိုင်းဒေသ ကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှ ပြိုင်ပွဲ ဝင်များက “မိုးသက်လေနှင်” (ကာလပေါ်)  သီချင်းဖြင့်လည်းကောင်း တီးခတ်ယှဉ်ပြိုင် ကြသည်။
ပတ္တလားအတီးပြိုင်ပွဲကို အမျိုးသား ပြတိုက် (နေပြည်တော်)ရှိ Mini Theatre ၌ ကျင်းပရာ  ဝါသနာရှင်အဆင့် (ဒုတိယ တန်း)အမျိုးသားပြိုင်ပွဲတွင် ချင်းပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ကယားပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ မကွေး တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ဧရာ ဝတီတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသ ကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲ ဝင်များက “မြန်ချာမြေကို”  (ပတ်ပျိုး) သီချင်းဖြင့်လည်းကောင်း၊   ဝါသနာရှင် အဆင့်(ဒုတိယတန်း) အမျိုးသမီးပြိုင်ပွဲ တွင်  ဧရာဝတီတိုင်းဒေသကြီး၊   ရန်ကုန် တိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့်  ကရင် ပြည်နယ်တို့မှ ပြိုင်ပွဲဝင်များက “မှိုင်းမှိုင်းမြ” (သီချင်းခံ) သီချင်းဖြင့်  လည်းကောင်း၊ အခြေခံပညာအဆင့် (အသက် ၁၀ နှစ်မှ ၁၅ နှစ်အတွင်း) အမျိုးသားပြိုင်ပွဲတွင် ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသ ကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ မန္တလေး တိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ မွန်ပြည်နယ် နှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင် များက “ဂန္ဓာတောချေ”(ယိုးဒယား) သီချင်း ဖြင့်လည်းကောင်း၊  အခြေခံပညာအဆင့် (အသက် ၁၅ နှစ်မှ ၂၀ နှစ်အတွင်း) အမျိုး သမီးပြိုင်ပွဲတွင်  ကယားပြည်နယ်၊  မွန် ပြည်နယ်၊ ရှမ်းပြည်နယ်၊ ပဲခူးတိုင်းဒေသ ကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန် တိုင်းဒေသကြီးနှင့်  ဧရာဝတီတိုင်းဒေသ ကြီးတို့မှ  ပြိုင်ပွဲဝင်များက   “မှန်ရဝေ” (ပတ်ပျိုး) သီချင်းဖြင့်  လည်းကောင်း၊ အခြေခံပညာအဆင့် (အသက် ၁၀ နှစ်မှ ၁၅ နှစ်အတွင်း)အမျိုးသမီးပြိုင်ပွဲတွင် မွန် ပြည်နယ်၊ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊   မကွေး တိုင်းဒေသကြီး၊ မန္တလေး တိုင်းဒေသကြီး နှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင် များက “ဂန္ဓာတောင်” (ဘွဲ့)  သီချင်းဖြင့် လည်းကောင်း   ငြိမ့်ညောင်းသာယာစွာ တီးခတ်ယှဉ်ပြိုင်ကြသည်။ 
ဆိုင်းတစ်ဦးချင်း   အတီးပြိုင်ပွဲကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ရှိ   လေ့ကျင့်ရေးဇာတ်ရုံ၌    ကျင်းပရာ အဆင့်မြင့်ပညာအဆင့် အမျိုးသမီးပြိုင်ပွဲ တွင် ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေး တိုင်းဒေသကြီးတို့မှ    ပြိုင်ပွဲဝင်များက “အတိုင်းမသိ ဘုန်းတော်” (ဘွဲ့) သီချင်း ဖြင့်လည်းကောင်း၊ အဆင့်မြင့်ပညာအဆင့် အမျိုးသားပြိုင်ပွဲတွင် စစ်ကိုင်းတိုင်းဒေသ ကြီး၊   မန္တလေးတိုင်းဒေသကြီး၊    ကရင် ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊   ရန်ကုန် တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး နှင့် ကယားပြည်နယ်တို့မှ ပြိုင်ပွဲဝင်များက “ထွေထွေဆန်းဆန်း” (ယိုးဒယား) သီချင်း ဖြင့် လည်းကောင်း၊   ဝါသနာရှင်အဆင့် (ပထမတန်း)   အမျိုးသမီးပြိုင်ပွဲတွင် မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသ ကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင် များက “ဆဒ္ဒန်အိုင်သာ” (သီချင်းခံ)သီချင်း ဖြင့် လည်းကောင်း၊   ဝါသနာရှင်အဆင့် (ပထမတန်း) အမျိုးသားပြိုင်ပွဲတွင် မကွေး တိုင်းဒေသကြီး၊   ပဲခူးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ စစ်ကိုင်း တိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီး တို့မှ ပြိုင်ပွဲဝင်များက “ဆဒ္ဒန်အိုင်သာ” (သီချင်းခံ) သီချင်းဖြင့်    လည်းကောင်း တီးခတ်ယှဉ်ပြိုင်ကြသည်။
ကွက်စိပ်ပြိုင်ပွဲကို      အမျိုးသား စာကြည့်တိုက် (နေပြည်တော်)ရှိ ဝန်ဇင်း မင်းရာဇာခန်းမ၌ကျင်းပရာ   ဝါသနာရှင် အဆင့် (ဒုတိယတန်း)  အမျိုးသားပြိုင်ပွဲ တွင်  မန္တလေးတိုင်းဒေသကြီး၊   ကရင် ပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက     “ဘုရားအလောင်း ယုန်မင်းဇာတ်တော်ကြီး”  ခေါင်းစဉ်ဖြင့် ဇာတ်တော်ကြီး၏အနှစ်သာရနှင့် ဦးတည် ချက်ပေါ်လွင်အောင် နှုတ်မှုစွမ်းရည်ပြသ ဟောပြောယှဉ်ပြိုင်ကြသည်။
ရုပ်စုံသဘင်    အဖွဲ့လိုက်ပြိုင်ပွဲကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ရှိ ယဉ်ကျေးမှုရတနာခန်းမ၌ ကျင်းပရာ ရုပ်စုံသဘင်အဖွဲ့လိုက် ဝါသနာရှင်အဆင့် (ပထမတန်း) ပြိုင်ပွဲတွင် “ပညာရွှေအိုး” ဇာတ်တော်ကြီးဖြင့် ပဲခူးတိုင်းဒေသကြီး ကိုယ်စားပြု မိုးပြည့်မြင့်မိုရ်ရုပ်စုံအဖွဲ့က မြန်မာ့ရိုးရာယဉ်ကျေးမှုအမွေအနှစ်များ ကို ဖော်ကျူးသည့်အကအလှများ၊ စကား ပြောများဖြင့် တင်ဆက်ကပြ ယှဉ်ပြိုင်ကြ သည်။
ဇာတ်တော်ကြီးပြိုင်ပွဲကို   သာသနာ ရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနရှိ လေ့ကျင့် ရေးဇာတ်ရုံ၌ကျင်းပရာ  ဇာတ်တော်ကြီး အဖွဲ့လိုက် ဝါသနာရှင်အဆင့် (ပထမတန်း) ပြိုင်ပွဲတွင် “မဟော်သဓာ” ဇာတ်တော်ကြီး ဖြင့်  စစ်ကိုင်းတိုင်းဒေသကြီး ကိုယ်စားပြု စစ်ကိုင်းတိုင်းဒေသကြီး   မဟော်သဓာ ဇာတ်တော်ကြီးအဖွဲ့က မူရင်း မဟော်သဓာ ဇာတ်တော်ကြီး၏ တီးလုံးတီးချက်များကို မြန်မာ့ဇာတ်သဘင်၏ ဆို ငို ပြော ပညာ ရပ်များ၊ အကအလှများနှင့် အနုပညာရသ မြောက်ပေါင်းစပ်ပြီး ယှဉ်ပြိုင်ကြသည်။
ယနေ့ကျင်းပသည့်    ပြိုင်ပွဲများသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ဒုတိယ ဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် များမှ   တိုင်းရင်းသားရေးရာဝန်ကြီးများ၊ လူမှုရေးရာဝန်ကြီးများ၊    ဥပဒေချုပ်များ၊ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ နှင့် ပြိုင်ပွဲဝင်များ၏ အုပ်ထိန်းသူမိဘများ က  ပြိုင်ပွဲနေရာအသီးသီး၌   လာရောက် ကြည့်ရှုအားပေးခဲ့ကြသည်။
(၂၄)ကြိမ်မြောက်    မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီး၏ အတီးပြိုင်ပွဲတွင် အမျိုးသား၊ အမျိုးသမီး တစ်ဦးချင်း (စောင်း၊ စန္ဒရား၊ ပတ္တလား၊ တယော၊ မယ်ဒလင်၊   ဂီတာ၊ ဒုံမင်း၊ နှဲ၊ ပလွေ၊ ဆိုင်း) တို့ကို   မဲကျရာ သီချင်းများဖြင့် ပါဝင်ယှဉ်ပြိုင်ကြသည်။ အိုးစည်၊ ဒိုးပတ်နှင့်   ဆိုင်းဝိုင်းကြီးအဖွဲ့ လိုက် ပြိုင်ပွဲများတွင် သတ်မှတ်ပြိုင်ပွဲဝင် ဦးရေအတိုင်း၊   သတ်မှတ်အချိန်ကာလ အတွင်း သတ်မှတ်ထားသည့်အစီအစဉ် များအတိုင်း   ပါဝင်ယှဉ်ပြိုင်ကြရသည်။ ယခုနှစ်တွင် အိုးစည်၊ ဒိုးပတ်ပြိုင်ပွဲများကို ဝါသနာရှင်အဆင့်(ပထမတန်း)၊ ဝါသနာရှင် အဆင့်(ဒုတိယတန်း)၊ အဆင့်မြင့်ပညာ အဆင့်နှင့် အခြေခံပညာအဆင့် (အသက် ၁၅ နှစ်မှ ၂၀ နှစ်အတွင်း)တို့ ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရရှိကြပြီး ကျန်အတီးပြိုင်ပွဲ များကို     အဆင့်အားလုံးက     ပါဝင်  ယှဉ်ပြိုင်နိုင်ရန်  ခွင့်ပြုထားကြောင်း   သိရ  သည်။


သတင်းစဉ်