
နေပြည်တော် အောက်တိုဘာ ၂၈
ယနေ့သည် ၁၃၈၅ ခုနှစ် သီတင်းကျွတ်လဆန်း ၁၄ ရက်၊ သီတင်းကျွတ် ရုံးပိတ်ရက်ဖြစ်သည်နှင့်အညီ ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထားပူဇော် ထားရှိသည့် ကမ္ဘာပေါ်ရှိထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များ အနက် ဉာဏ်တော်အမြင့်ဆုံး ဖြစ်တော်မူသော မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးသို့ အနယ်နယ်အရပ်ရပ်မှ လာရောက်ဖူးမြော် ကြည်ညို ကြသည့် ရဟန်း၊ ရှင်လူ ဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိ သည်။
ထိုသို့ အနယ်နယ် အရပ်ရပ်မှ လာရောက်ကြသည့် ဘုရားဖူး ရဟန်း၊ ရှင်လူ ပြည်သူများနှင့် ဘိုးဘွားများသည် ဗုဒ္ဓဥယျာဉ် တော်အတွင်းရှိ မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး၊ ဂန္ဓကုဋိ တိုက်များ၊ သုဓမ္မာဇရပ်များ၊ မုစလိန္ဒကန်နှင့် နဂါးရုံဘုရား၊ ရေပန်း ရင်ပြင်၊ မာရဝိဇယ ကျောင်းတော်၊ အဂ္ဂါဓိပတိ သာသနာ့ ဗိမာန်တော်ကြီး၊ သဒ္ဓါ ဓိပတိ ခေါင်းလောင်းတော်နှင့် ကျောက်စာရုံ စေတီတော်များ အပါအဝင် အခြားဘာသာရေး ဆိုင်ရာ အဆောက်အဦများနှင့် ဥယျာဉ်များကို စိတ်အေးချမ်းသာ စွာဖြင့် ဖူးမြော်ကြည်ညို လေ့လာ ခြင်း၊ တရားဘာဝနာပွားများခြင်း နှင့် ဝါကျွတ်ကာလ အခါသမယ အဖြစ် ဆီမီးထွန်းညှိ ပူဇော်ခြင်း များ ဆောင်ရွက်ကြသည်။
ထို့ပြင် ဘုရားဖူးရဟန်း၊ ရှင်လူ ပြည်သူများနှင့် ဘိုးဘွား များသည် မာရဝိဇယဗုဒ္ဓရုပ် ပွားတော်မြတ်ကြီးအား ကြည်ညို သဒ္ဓါပွားများလျက် စေတနာသဒ္ဓါ တရား ထက်သန်စွာဖြင့် အလှူငွေ များကို ပေးအပ်လှူဒါန်းကြပြီး ခုနစ်ရက်သားသမီး အလှူရှင်များ အနေဖြင့်လည်း ဘုရားဖူးပြည်သူ များ သုံးဆောင်နိုင်ရန်အတွက် သက်သတ်လွတ် သီးစုံဒံပေါက်များ ကို အာဟာရဒါနစတုဒိသာအဖြစ် ကျွေးမွေး လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်