
ရန်ကုန် အောက်တိုဘာ ၂၈
နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီး ချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ မွန်းလွဲပိုင်းတွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ပေကျင်းမြို့၌ ကျင်းပ ပြုလုပ်မည့် (၁၀)ကြိမ်မြောက် ပေကျင်း ရှန်ကျန်းဖိုရမ် (10th Beijing Xiangshan Fourm) သို့ တက်ရောက်ရန် ရန်ကုန်မြို့မှ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ လေကြောင်းခရီးဖြင့် ထွက်ခွာ သွားသည်။
နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီး ချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ် ဌာနချုပ် တိုင်းမှူး၊ မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတ နိုင်ငံသံရုံးမှ တာဝန်ရှိသူများနှင့် တပ်မတော် အရာရှိကြီးများက ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ လိုက်လံပို့ဆောင် နှုတ်ဆက်ခဲ့ကြောင်း သိရ သည်။
သတင်းစဉ်