အရည်အသွေးပြည့် သွားကျန်းမာရေး ပြည်သူ့ထံသို့ ဆောင်ကြဉ်းပေး

Type

 

သွယ်ရည်ကို
(သွား/ဆေး)

သွားနှင့် ခံတွင်း   ကျန်းမာရေးသည် ခန္ဓာကိုယ်တစ်ခုလုံး၏    ကျန်းမာရေး အတွက် လွန်စွာမှ အရေးကြီးသကဲ့သို့ ခန္ဓာကိုယ်အစိတ်အပိုင်း    တစ်ခုခုတွင် ရောဂါဖြစ်ပွားနေပါက   ခံတွင်းထဲတွင်  ရှေ့ပြေးလက္ခဏာများ ဖြစ်ပေါ်လေ့   ရှိပါ သည်။ ခံတွင်းကင်ဆာအပါအဝင်    သွား နှင့် ခံတွင်းရောဂါအများစုသည်   ကြိုတင် ကာကွယ်၍ရသော်လည်း အမှန်တကယ် ဖြစ်ပွားလာပါက   မသက်မသာခံစားရ ခြင်း၊     နာကျင်ကိုက်ခဲရောင်ရမ်းခြင်း၊ မျက်နှာပုံပျက်သွားခြင်း၊   မသန်မစွမ်း ဖြစ်ခြင်းနှင့်    နောက်ဆုံးတွင်    အသက် အန္တရာယ်ဆုံးရှုံးရခြင်း     အစရှိသည် တို့ကြောင့်    နိုင်ငံအတော်များများကို ဝန်ထုပ်ဝန်ပိုး          ဖြစ်စေပါသည်။ တစ်ကမ္ဘာလုံးရှိ လူဦးရေအနက် ၃ ဒသမ ၅ဘီလီယံနီးပါးသည် သွားနှင့်ခံတွင်း ရောဂါခံစားနေရပါသည်။ တစ်ကမ္ဘာလုံး အတိုင်းအတာအနေဖြင့် ၂၀၂၀ ပြည့်နှစ် အထိ     ခံတွင်းကင်ဆာ   ဖြစ်ပွားသူ ၃၇၇၇၁၃ ဦးအနက်    ၁၇၇၇၅၇ ဦး သေဆုံးခဲ့ရပြီးဖြစ်သည်။        
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) ၏ ၂၀၂၂ စာရင်းဇယားများအရ အရွယ် ရောက်ပြီးသူ လူဦးရေ၏    ၁၉   ရာခိုင်နှုန်း သည်  သွားဖုံးရောဂါခံစားနေရ၍ အရွယ်‌ ရောက်ပြီး    လူကြီးသွား   (Permanent Teeth)များတွင် သွားဆွေးမြည့်ရောဂါ   (Dental Caries) ခံစားနေရသူ    နှစ်ဘီလီယံ နှင့် ကလေးငယ်သွား (Primary Teeth)တွင် သွားဆွေးမြည့်ရောဂါခံစားနေရသူ  ၅၁၄ သန်း  ရှိပါသည်။ ၂၀၂၂ ခုနှစ်  စာရင်းဇယား များအရ တစ်ကမ္ဘာလုံးတွင် အသက် ၆၅ နှစ်နှင့်အထက် ၇၀၃ သန်း ရှိ၍  အသက် ၈၀နှင့်အထက် ၁၄၃ သန်းရှိကာ အသက် ၂၀ နှင့်အထက် လူဦးရေ၏    ၇ ရာခိုင်နှုန်း နှင့် အသက် ၆၀ နှင့်အထက် လူဦးရေ၏ ၂၃ ရာခိုင်နှုန်းသည်   အကြောင်းအမျိုးမျိုး ကြောင့် သွားများ   ဆုံးရှုံးနေရကြောင်း သိရှိရပါသည်။     အသက်ရှင်မွေးဖွား သည့် ကလေးဦးရေ   ၁၀၀၀ မှ   ၁၅၀၀  တွင် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲတစ်ဦးနှုန်း ဖြစ်ပွားလျက်ရှိပါသည်။
အရည်အသွေးပြည့်မီသော 
ကုသမှုခံယူရရှိရေး
ကျန်းမာရေးဝန်ကြီးဌာန၏ ရည်မှန်း ချက် (၂)ရပ်နှင့် နည်းဗျူဟာ (၃) ရပ်တို့ တွင် “လူတိုင်း  သက်တမ်းစေ့    အသက် ရှည်စွာနေနိုင်ရေး” နှင့် “ရောဂါဖြစ်ပွား လျှင် ထိရောက်စွာ ကုသမှုပေးခြင်း”  တို့ ပါဝင်ပါသည်။ နိုင်ငံပေါင်း  ၁၉၁ နိုင်ငံ ပါဝင်ပြီး အဖွဲ့ဝင် သွားနှင့်ခံတွင်းဆရာဝန် တစ်သန်းကျော်ဖြင့် ဖွဲ့စည်းထားသော FDI World Dental Federation  က အရည်အသွေးနှင့်ပတ်သက်၍    “လူနာ ဘေးကင်း လုံခြုံမှု (Patient Safety)၊ အချိန်မီ  ကုသမှုခံယူနိုင်မှု(Timelines)၊ လူနာဗဟိုပြုမှု (Patient Centeredness)၊ လူမျိုးမရွေး၊ ဘာသာမရွေး၊   လူတန်းစား မရွေး တူညီစွာကုသမှုခံယူနိုင်မှု(Equit-ability)၊   ကျန်းမာရေးစောင့်ရှောက်မှု ပေးသူတို့၏ကျွမ်းကျင်စွာ တတ်မြောက် မှု(Efficiency)၊ ထိရောက်စွာ   ကုသနိုင်မှု (Effectiveness)နှင့်   လက်လှမ်းမီမှု (Accessibility)ဟူသော အင်္ဂါရပ် (၇) ရပ် ဖြင့်  ပြည့်စုံရန် လိုအပ်သည့်အပြင် လူနာ များအနေဖြင့် အရည်အသွေးပြည့်မီစွာ ကုသမှုခံယူနိုင်ရေး၊    ဘေးအန္တရာယ် ကင်းဝေးစွာ     ကုသမှုခံယူနိုင်ရေးနှင့် ကုသမှုတိုင်းသည်   ပွင့်လင်းမြင်သာမှုရှိ ရေးတို့ကို    အလေးပေး   ဆောင်ရွက်သင့် ကြောင်း ထောက်ပြပြောဆိုထားပါသည်။  အရည်အသွေးပြည့်မီသော ကုသမှုခံယူ ရရှိရေးသည် နိုင်ငံသားတိုင်း     ရရှိသင့် သည့် အခြေခံအခွင့်အရေး ဖြစ်ပါသည်။
ပြည်သူ့အတွက် ထက်မြက်
ကျွမ်းကျင် သွားဆရာဝန်
အရည်အသွေး၏   အဓိပ္ပာယ်ကို  “လိုအပ်ချက်အား ပြည့်စုံစွာဆောင်ရွက် နိုင်သည့် ထူးခြားသော စရိုက်လက္ခဏာ အစုအဝေး (သို့မဟုတ်)  အခြားအလားတူ အရာများနှင့်   တိုင်းတာသည့် စံနှုန်း” ဟူ၍ ဖွင့်ဆိုနိုင်ပါသည်။ လူနာတိုင်းသည် အရည်အသွေးပြည့်မီသော   ကုသမှုကို ခံယူနိုင်သည့်အခွင့်အရေး   ရှိသည်နှင့် အညီ ကျန်းမာရေးစောင့်ရှောက်မှုပေးသူများအနေဖြင့်လည်း    အရည်အသွေး ပြည့်မီအောင် စဉ်ဆက်မပြတ်   ကြိုးစား အားထုတ်နေရန် လိုအပ်ပါသည်။ ပြည်သူ လူထုအား ထိရောက်သော ကုသမှုပေးနိုင် ရန်အတွက် အရည်အချင်း ပြည့်မီသော ဆရာဝန်များကို  မွေးထုတ်ပေးနိုင်ရန် “ပြည်သူ့အတွက်ထက်မြက်ကျွမ်းကျင် သွားဆရာဝန်”  ဟူသော ဆောင်ပုဒ်နှင့် အညီ  သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် များက    ကြိုးပမ်းအားထုတ်လျက်    ရှိပါ သည်။ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် များမှ နှစ်စဉ်မွေးထုတ်ပေးလိုက်သော အရည်အချင်းပြည့်မီသည့်     သွားနှင့် ခံတွင်းဆိုင်ရာ      ဆရာဝန်များသည် ကျန်းမာရေး       ဝန်ကြီးဌာနအောက်ရှိ ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာန၊  ကုသရေးဦးစီးဌာန၊   ပြည်သူ့ ကျန်းမာရေးဦးစီးဌာနတို့အပြင်  အကျဉ်း ဦးစီးဌာန၊ ပို့ဆောင်‌ရေးနှင့် ဆက်သွယ် ရေးဝန်ကြီးဌာန၊         အလုပ်သမားဝန်ကြီး ဌာန နှင့်      ကာကွယ်ရေးဝန်ကြီးဌာနတို့တွင် ဝန်ထမ်းဆရာဝန်များအဖြစ်   အသီးသီး    တာဝန်ထမ်းဆောင်လျက်   ရှိကြပါသည်။ 
မြန်မာနိုင်ငံ   သွားဘက်ဆိုင်ရာ ဆေးပညာညီလာခံကို “အရည်အသွေး ပြည့်... သွားကျန်းမာရေး  ပြည်သူ့ထံသို့ ဆောင်ကြဉ်းပေး” ဆောင်ပုဒ်     (အနှစ် သာရ) ဖြင့် ကျန်းမာရေးဝန်ကြီးဌာနက ကြီးမှူး၍     ၂၀၂၃ ခုနှစ် နိုဝင်ဘာ  ၃ ရက်မှ    ၄ ရက်အထိ      MICC II နေပြည်တော်တွင်   ကျင်းပပြုလုပ်မည် ဖြစ်ရာ အဆိုပါ ညီလာခံသို့    ထိုင်းနိုင်ငံ၊ ဂျပန်နိုင်ငံ၊    ကိုရီးယားသမ္မတနိုင်ငံနှင့် မလေးရှားနိုင်ငံအပါအဝင် နိုင်ငံပေါင်း ငါးနိုင်ငံမှ  သွားဘက်ဆိုင်ရာ  ဆေးပညာ ရှင် စုစုပေါင်း ၁၁ ဦးနှင့် ပြည်တွင်းမှ သွားဘက်ဆိုင်ရာ ဆေးပညာရှင် ၂၁ ဦး တို့က အဆင့်မြင့်အရည်အသွေးမီ ကုသမှု နည်းစနစ်များကို  ဟောပြောပို့ချကြမည် ဖြစ်ပြီး    ပညာရပ်ဆိုင်ရာ   စာတမ်း (ပိုစတာ)  ၃၂ စောင်ကို   ထည့်သွင်း ပြသ သွားမည် ဖြစ်ပါသည်။   ကမ္ဘာလုံးဆိုင်ရာ ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားချိန်မှစ၍ သွားနှင့်ခံတွင်းလူနာများအား ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး     စည်းမျဉ်း စည်းကမ်းများနှင့်အညီ    သွားဘက် ဆိုင်ရာ    ဆေးတက္ကသိုလ်(ရန်ကုန်)တွင် Online Registration ဖြင့်    လက်ခံကုသ ပေးခဲ့ရာ    ယနေ့အထိ    လူနာ ၆၀၀၀ ကျော်ခန့်     လက်ခံကုသပေးနိုင်ခဲ့ပြီး ဖြစ်ပါသည်။ 
ပညာရပ်ဆိုင်ရာ စွမ်းဆောင်ရည် မြင့်မားစေရန်  
သွားဘက်ဆိုင်ရာ        ဆေးပညာ တိုးတက်အောင်မြင်ရန်အတွက် သွားနှင့် ခံတွင်းဆိုင်ရာ ဆရာဝန်များအပြင်  သွား ကျန်းမာရေးသူနာပြုနှင့်   သွားတုလုပ်ငန်း ကျွမ်းကျင်သူတို့ပါ လိုအပ်ရာ သွားဘက် ဆိုင်ရာ     ဆေးတက္ကသိုလ်များ၌ သွား ကျန်းမာရေးသူနာပြုများ၊    သွားတု လုပ်ငန်းကျွမ်းကျင်သူများကို     စဉ်ဆက် မပြတ်   မွေးထုတ်ပေးလျက်     ရှိပါသည်။ “ခေတ်မီမီ ကမ္ဘာကြည့် ကြည့်မြင်” သော သွားဘက်ဆိုင်ရာ    ဆေးပညာရှင်များ ပေါ်ထွန်းလာစေရန်အတွက် ပညာရပ် ဆိုင်ရာ စွမ်းဆောင်ရည် မြင့်မားစေရန်  (Capacity Building) အဖြစ် ဒေသတွင်း နိုင်ငံများနှင့်လည်းကောင်း၊ အပြည်ပြည် ဆိုင်ရာ အဖွဲ့အစည်းများနှင့် လည်းကောင်း ချိတ်ဆက်    ဆောင်ရွက်လျက်ရှိရာ  သွားဘက်ဆိုင်ရာ  ဆေးတက္ကသိုလ်များ အနေဖြင့်    အပြည်ပြည်ဆိုင်ရာ    အဖွဲ့ အစည်းများ ဖြစ်ကြသော   FDI World Dental Federation၊    အပြည်ပြည် ဆိုင်ရာ     သွားဘက်ဆိုင်ရာသုတေသန အသင်းကြီး IADR    (International Association for Dental Research) တို့နှင့် ပူးပေါင်းဆောင်ရွက်လျက်   ရှိပါ သည်။  ဒေသတွင်း အဖွဲ့အစည်းအဖြစ် မဲခေါင်မြစ်ဝှမ်းဆိုင်ရာနိုင်ငံများ    သွား ကျန်းမာရေးပူးပေါင်းဆောင်ရွက်မှု အဖွဲ့ ကြီး IDCMR (International Dental  Collaboration for  Mekong   River Region)တွင်    အသင်းဝင်နိုင်ငံအဖြစ် ပူးပေါင်းဆောင်ရွက်လျက်  ရှိပါသည်။ ပြည်သူလူထုအား အရည်အသွေးပြည့်မီ သော        ကုသမှုပေးနိုင်ရန်အတွက် သွားဘက်ဆိုင်ရာ    ဆေးပညာရှင်များ အနေဖြင့်      စာတွေ့လက်တွေ့များကို စဉ်ဆက်မပြတ်       လေ့လာဆည်းပူး အားထုတ်နေရမည်ဖြစ်ရာ    မကြာမီ ကျင်းပပြုလုပ်မည့် မြန်မာနိုင်ငံသွားဘက် ဆိုင်ရာဆေးပညာ           ညီလာခံတွင်  တက်ရောက်‌ဟောပြောမည့် ပြည်တွင်း/ပြည်ပ ပညာရှင်များ၏ ခေတ်မီကုသမှု နည်းစနစ်များနှင့်     စပ်လျဉ်းသည့် ဟောပြောပို့ချချက်များသည်   ပြည်သူ လူထုအား   အရည်အသွေးပြည့်မီသော ကုသမှုပေးနိုင်ရေးအတွက်      များစွာ အထောက်အကူပြုမည်ဟု    ယုံကြည်မိပါ ကြောင်း “မြန်မာနိုင်ငံ  သွားဘက်ဆိုင်ရာ ဆေးပညာညီလာခံ” အား ဂုဏ်ပြုကြိုဆို လျက် တင်ပြလိုက်ရပါသည်။    ။

ကိုးကား
Oral Health (WHO,2023) https://www.who.int/news-room/fact-sheets/detail/oral-health