ရန်ကုန်တိုင်းဒေသကြီး ၂၀၂၃ ခုနှစ် စက်မှုထုတ်ကုန်နှင့် ရေထွက်ကုန်ပစ္စည်း သီတင်းကျွတ်ဈေးရောင်းပွဲတော် ဖွင့်ပွဲကျင်းပ

 

ရန်ကုန်   အောက်တိုဘာ   ၂၇ 


ရန်ကုန်တိုင်းဒေသကြီး   အစိုးရ အဖွဲ့က    ကြီးမှူးကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီး    ၂၀၂၃ ခုနှစ် စက်မှုထုတ်ကုန်နှင့် ရေထွက် ကုန်ပစ္စည်း        သီတင်းကျွတ် ဈေးရောင်းပွဲတော်   ဖွင့်ပွဲအခမ်း အနားကို   ယနေ့နံနက်ပိုင်းက ဒဂုံမြို့နယ်       ပြည်သူ့ရင်ပြင်၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း တက်ရောက်  အဖွင့်အမှာစကား ပြောကြားပြီး သီတင်းကျွတ် ဈေးရောင်းပွဲတော် ကျင်းပရေး    လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ စည်ပင်သာယာရေးဝန်ကြီး (မြို့တော်ဝန်)ဦးဗိုလ်ဌေး၊  ဒုတိယ  ဥက္ကဋ္ဌ         စီးပွားရေးရာဝန်ကြီး  ဦးမျိုးမြင့်အောင်၊      မြန်မာနိုင်ငံ  ကုန်သည်များနှင့်  စက်မှု၊ လက်မှု လုပ်ငန်းရှင်များ       အသင်းချုပ် ဥက္ကဋ္ဌ ဦးအေးဝင်း၊ စက်မှုဇုန်များမှ  ဇုန်ဥက္ကဋ္ဌများနှင့်     တာဝန်ရှိသူ များက    ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး ကြသည်။


ဆက်လက်၍    ဖွင့်ပွဲအထိမ်း အမှတ်   တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနမှ တိုင်းရင်း သား၊   တိုင်းရင်းသူလေးများက ထာဝရသစ္စာ      တေးသီချင်းဖြင့် လည်းကောင်း၊    ဘင်ခရာအဖွဲ့ များကလည်းကောင်း    ဖျော်ဖြေ တင်ဆက်ကြရာ  တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်   တိုင်းမှူးတို့က ဖျော်ဖြေတင်ဆက်ကြသော အဖွဲ့ များအား    ဂုဏ်ပြုချီးမြှင့်ငွေများ  ပေးအပ်ကြသည်။


ယင်းနောက်   အခမ်းအနား တက်ရောက်လာကြသည့် တိုင်း ဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန် ရှိသူများသည်    ဈေးဆိုင်ခန်းများ တွင်   ဈေးရောင်းချနေမှုများကို လှည့်လည်ကြည့်ရှု   အားပေးကြ သည်။


ယခုကျင်းပသည့်  သီတင်း ကျွတ်    ဈေးရောင်းပွဲတော်တွင် ထုတ်ကုန်ပစ္စည်း    အမျိုးမျိုးကို ဆိုင်ခန်းပေါင်း   ၅ဝဝ ခန့်   ပြသ ရောင်းချမည်ဖြစ်သည်။    ပွဲတော် ရက်များအတွင်း နေ့စဉ် E-Sport Game    ပြိုင်ပွဲများ၊   စတုဒိသာ ကျွေးမွေးခြင်းများ၊ ရုပ်ရှင်၊ သဘင် နှင့်  ဂီတနယ်ပယ်မှ  ကျော်ကြား သော       အနုပညာရှင်များ၏  ဖျော်ဖြေတင်ဆက်မှုများ၊ ဆပ်ကပ်၊  မျက်လှည့်၊  DJ ၊  Dancer များ၏ ဖျော်ဖြေ       တင်ဆက်မှုများကို ကြည့်ရှု  ခံစားနိုင်ကြမည်ဖြစ်ပြီး ဆန်၊ ဆီ၊   ကြက်ဥနှင့်  ဟင်းသီး ဟင်းရွက် အခြေခံစားကုန်များကိုဈေးနှုန်းချိုသာစွာဖြင့် ရောင်းချ ပေးသွားမည်ဖြစ်ကာ ပွဲတော်လာ ပြည်သူများ    သွားရေး  လာရေး လွယ်ကူစေရန်     အကြို/အပို့ ယာဉ်များ      စီစဉ်ထားကြောင်း  သိရသည်။


အောင်မြင့်(ပြန်/ဆက်)