
နေပြည်တော် အောက်တိုဘာ ၂၇
(၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ဗဟိုအဆင့်) ပြိုင်ပွဲ စတုတ္ထ နေ့ကို ယနေ့ နံနက်ပိုင်းက ပြည်ထောင်စုနယ်မြေ နေပြည် တော်ရှိ သတ်မှတ်နေရာအသီးသီး တွင် စည်ကားသိုက်မြိုက်စွာ ဆက်လက်ကျင်းပသည်။
မြန်မာ့ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ကြီးများတွင် ပြိုင်ပွဲအမျိုးအစား များကို အရေအတွက်အရရော အရည်အသွေးအရပါ တစ်နှစ် ထက်တစ်နှစ် တိုးမြှင့်စီစဉ်ပေး လျက်ရှိသည်။ ယခုနှစ် (၂၄) ကြိမ် မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် မိမိတို့၏ စိတ် ဆန္ဒအလျောက် မြန်မာ့အနုပညာ ကို စိတ်ပါဝင်စားမြတ်နိုးသူများ တိုးပွားလာမှု၊ မိဘပြည်သူများ၏ အားပေးမှု၊ နိုင်ငံတော်၏ အားပေး ချီးမြှင့်မှု၊ သက်ဆိုင်ရာ ပြည် ထောင်စုဝန်ကြီးဌာနများ၊ တိုင်း ဒေသကြီးများနှင့် ပြည်နယ်များမှ တာဝန်ရှိသူများ၏ ထောက်ပံ့ ကူညီမှုတို့ကြောင့် ယခင်နှစ် (၂၃) ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲထက် ပြိုင်ပွဲဝင် ဦးရေ တိုးတက်များပြားလာ ကြောင်း သိရသည်။
ယနေ့တွင် “မဟာဂီတ” တေးသီချင်းအဆိုပြိုင်ပွဲကို မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန (၂) Banquet Hall ၌ ကျင်းပရာ အခြေခံပညာအဆင့် (အသက် ၁၅ နှစ်မှ ၂၀ နှစ်အတွင်း) အမျိုးသားပြိုင်ပွဲတွင် ဧရာဝတီ တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ရန်ကုန် တိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်တို့မှ ပြိုင်ပွဲဝင်များ က “ဆောင်ဝဇီယာ” (ပတ်ပျိုး) သီချင်းဖြင့်လည်းကောင်း၊ အခြေခံ ပညာအဆင့် (အသက် ၁၀ နှစ်မှ ၁၅ နှစ်အတွင်း) အမျိုးသမီးပြိုင်ပွဲ တွင် တနင်္သာရီတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်း တိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ကယားပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ မကွေးတိုင်း ဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့မှ ပြိုင်ပွဲဝင်များက “ဩဘာမင်္ဂလာ” (ဘွဲ့) သီချင်းဖြင့်လည်းကောင်း ယှဉ်ပြိုင်ကြသည်။
“ကာလပေါ်” တေးသီချင်း အဆိုပြိုင်ပွဲကို မြန်မာအပြည်ပြည် ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၂) Signing Room ၌ ကျင်းပရာ အဆင့်မြင့်ပညာအဆင့် အမျိုး သမီးပြိုင်ပွဲတွင် တနင်္သာရီတိုင်း ဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသ ကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေး တိုင်းဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်နှင့် ဧရာဝတီ တိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များ က “ခင်မွန်ရွာသူ” သီချင်းဖြင့် လည်းကောင်း၊ အခြေခံပညာ အဆင့် (အသက် ၁၅ နှစ်မှ ၂၀ နှစ် အတွင်း) အမျိုးသားပြိုင်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ မွန်ပြည်နယ်၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေး တိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသ ကြီးတို့မှ ပြိုင်ပွဲဝင်များက “မောင်းမကန်ကေသီဦး” သီချင်း ဖြင့်လည်းကောင်း၊ အခြေခံပညာ အဆင့် (အသက် ၁၅ နှစ်မှ ၂၀ နှစ် အတွင်း) အမျိုးသမီးပြိုင်ပွဲတွင် ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသ ကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်း ပြည်နယ်၊ တနင်္သာရီတိုင်းဒေသ ကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ဧရာဝတီတိုင်း ဒေသကြီးနှင့် မန္တလေးတိုင်းဒေသ ကြီးတို့မှ ပြိုင်ပွဲဝင်များက “အနန္တ မေတ္တာ” သီချင်းဖြင့် လည်း ကောင်း ယှဉ်ပြိုင်ကြသည်။
အကပြိုင်ပွဲကို မြန်မာအပြည် ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၂) Plenary Hall ၌ ကျင်းပရာ ဝါသနာရှင်အဆင့် (ဒုတိယတန်း) အမျိုးသမီးပြိုင်ပွဲတွင် မွန်ပြည် နယ်၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ကရင် ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ဧရာဝတီတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ မကွေးတိုင်း ဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်း ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသ ကြီးတို့မှ ပြိုင်ပွဲဝင်များက ခေါင်း၊ ခါး၊ ခြေ၊ လက် အချိုးအဆစ် ညီညာစွာ အသုံးပြု၍ ကကြိုး ကကွက်စုံလင်စွာဖြင့် လည်း ကောင်း၊ အခြေခံပညာအဆင့် (အသက် ၁၀ နှစ်မှ ၁၅ နှစ်အတွင်း) အမျိုးသားပြိုင်ပွဲတွင် စစ်ကိုင်း တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ တနင်္သာရီတိုင်း ဒေသကြီး၊ ကယားပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ မွန်ပြည် နယ်၊ မကွေးတိုင်းဒေသကြီး၊ ပဲခူး တိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်၊ ဧရာဝတီတိုင်း ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး နှင့် ကချင်ပြည်နယ်တို့မှ ပြိုင်ပွဲဝင် များက ငြိမ့်ညောင်းသည့် ကကြိုး ကကွက်များဖြင့် လည်းကောင်း ယှဉ်ပြိုင်ကြသည်။
အရေးပြိုင်ပွဲကို သာသနာ ရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနရှိ ယဉ်ကျေးမှုရတနာခန်းမ၌ ကျင်းပ ရာ ဝါသနာရှင်အဆင့်(ပထမတန်း) ပြိုင်ပွဲတွင် ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည် နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည် နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူး တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသ ကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီး တို့မှ ပြိုင်ပွဲဝင်များက “ဇာတိပုည ဂုဏ်မာန” ခေါင်းစဉ်ဖြင့် ဂီတ ရသစုံလင်စွာ ဖော်ကျူးတေးဖွဲ့ ယှဉ်ပြိုင်ကြသည်။
မယ်ဒလင် အတီးပြိုင်ပွဲကို မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂) News Briefing Room ၌ ကျင်းပရာ ဝါသနာရှင်အဆင့် (ဒုတိယတန်း) အမျိုးသားပြိုင်ပွဲတွင် ဧရာဝတီ တိုင်းဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင် ပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် မန္တလေးတိုင်း ဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “ညို့ညို့ ဆိုင်းဆိုင်း” (ပတ်ပျိုး) သီချင်းဖြင့်လည်းကောင်း၊ ဝါသနာ ရှင်အဆင့် (ဒုတိယတန်း) အမျိုး သမီးပြိုင်ပွဲတွင် ကရင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး နှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “မင်္ဂလာသီရိ” (ဘွဲ့) သီချင်းဖြင့်လည်းကောင်း၊ အဆင့်မြင့်ပညာအဆင့် အမျိုးသား ပြိုင်ပွဲတွင် မန္တလေးတိုင်းဒေသ ကြီးနှင့် ရန်ကုန်တိုင်းဒေသကြီး တို့မှ ပြိုင်ပွဲဝင်များက “ဇေယျာ အောင်ချာ” (ကြိုး) သီချင်းဖြင့် လည်းကောင်း၊ အဆင့်မြင့်ပညာ အဆင့် အမျိုးသမီးပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးမှ ပြိုင်ပွဲဝင် က “ဝိဇ္ဇာတောလား” (ယိုးဒယား) သီချင်းဖြင့်လည်းကောင်း၊ အခြေခံ ပညာအဆင့် (အသက် ၁၅ နှစ်မှ ၂၀ နှစ်အတွင်း) အမျိုးသမီးပြိုင်ပွဲ တွင် စစ်ကိုင်းတိုင်းဒေသကြီး နှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “ထွေထွေ ဆန်းဆန်း” (ယိုးဒယား) သီချင်း ဖြင့်လည်းကောင်း၊ အခြေခံပညာ အဆင့် (အသက် ၁၅ နှစ်မှ ၂၀ နှစ် အတွင်း) အမျိုးသားပြိုင်ပွဲတွင် ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်း ဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “လက်ရေတပြင်တည်း” (ကာလ ပေါ်) သီချင်းဖြင့်လည်းကောင်း၊ ဝါသနာရှင်အဆင့် (ပထမတန်း) အမျိုးသားပြိုင်ပွဲတွင် မန္တလေးတိုင်း ဒေသကြီး၊ မွန်ပြည်နယ်၊ ရန်ကုန် တိုင်းဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသ ကြီးတို့မှ ပြိုင်ပွဲဝင်များက “ရဝိန် ဒေါင်းယာဉ်ပျံ” (ပတ်ပျိုး) သီချင်း ဖြင့်လည်းကောင်း၊ ဝါသနာရှင် အဆင့် (ပထမတန်း) အမျိုးသမီး ပြိုင်ပွဲတွင် ကချင်ပြည်နယ်၊ ဧရာ ဝတီတိုင်းဒေသကြီးနှင့် ရန်ကုန် တိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များ က “အောင်မင်္ဂလာ” (ယိုးဒယား) သီချင်းဖြင့်လည်းကောင်း၊ အခြေခံ ပညာအဆင့် (အသက် ၁၀ နှစ်မှ ၁၅ နှစ်အတွင်း) အမျိုးသားပြိုင်ပွဲ တွင် ကချင်ပြည်နယ်နှင့် ရန်ကုန် တိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင် များက “တောနှင့် တောင်စွယ်” (ယိုးဒယား) သီချင်းဖြင့် လည်း ကောင်း၊ အခြေခံပညာအဆင့် (အသက် ၁၀ နှစ် ၁၅ နှစ် အတွင်း) အမျိုးသမီး ပြိုင်ပွဲတွင် စစ်ကိုင်းတိုင်းဒေသ ကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲ ဝင်များက “တောနှင့် တောင်စွယ်” (ယိုးဒယား) သီချင်းဖြင့် လည်း ကောင်း ယှဉ်ပြိုင်ကြသည်။
ဆိုင်းတစ်ဦးချင်း အတီးပြိုင်ပွဲ ကို သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနရှိ လေ့ကျင့်ရေးဇာတ်ရုံ ၌ကျင်းပရာ အခြေခံပညာအဆင့် (အသက် ၁၅ နှစ်မှ ၂၀ နှစ်အတွင်း) အမျိုးသမီးပြိုင်ပွဲတွင် မန္တလေး တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ မကွေးတိုင်းဒေသကြီးနှင့် ရန်ကုန် တိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များ က “လွမ်းပိုအောင်” (ယိုးဒယား) သီချင်းဖြင့်လည်းကောင်း၊ အခြေခံ ပညာအဆင့် (အသက် ၁၅ နှစ်မှ ၂၀ နှစ်အတွင်း) အမျိုးသားပြိုင်ပွဲ တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ မွန်ပြည် နယ်၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာ ဝတီတိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီးနှင့် မကွေးတိုင်းဒေသ ကြီးတို့မှ ပြိုင်ပွဲဝင်များက “ရွှေပင် ရွှေဘုန်း” (ကြိုး) သီချင်းဖြင့်လည်း ကောင်း၊ ဝါသနာရှင်အဆင့် (ဒုတိယတန်း) အမျိုးသမီးပြိုင်ပွဲ တွင် ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူး တိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီး တို့မှ ပြိုင်ပွဲဝင်များက “လယ်ယာ သပြေ” (ပတ်ပျိုး) သီချင်းဖြင့် လည်းကောင်း တီးခတ်ယှဉ်ပြိုင် ကြသည်။
ပလွေပြိုင်ပွဲကို အမျိုးသား ပြတိုက် (နေပြည်တော်) ရှိ Mini Theatre ၌ကျင်းပရာ ဝါသနာ ရှင်အဆင့် (ဒုတိယတန်း) အမျိုး သားပြိုင်ပွဲတွင် ဧရာတီတိုင်းဒေသ ကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူး တိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ ချင်းပြည်နယ်၊ မွန် ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ စစ်ကိုင်းတိုင်း ဒေသကြီးနှင့် ကချင်ပြည်နယ် တို့မှ ပြိုင်ပွဲဝင်များက “ရေယမုံ” (ပတ်ပျိုး) သီချင်းဖြင့် လည်း ကောင်း၊ အခြေခံပညာအဆင့် (အသက် ၁၀ နှစ်မှ ၁၅ နှစ်အတွင်း) အမျိုးသားပြိုင်ပွဲတွင် ဧရာဝတီ တိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်း ပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသ ကြီးတို့မှ ပြိုင်ပွဲဝင်များက “သီလာ မြေယံ” (ကြိုး) သီချင်းဖြင့် လည်း ကောင်း၊ အဆင့်မြင့်ပညာအဆင့် အမျိုးသားပြိုင်ပွဲတွင် တနင်္သာရီ တိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး နှင့် မန္တလေးတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “ဇေယျာ အောင်ချာ” (ကြိုး) သီချင်းဖြင့် လည်းကောင်း၊ ဝါသနာရှင်အဆင့် (ပထမတန်း) အမျိုးသားပြိုင်ပွဲတွင် ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ မန္တလေးတိုင်းဒေသ ကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီး တို့မှ ပြိုင်ပွဲဝင်များက “ဖန်ထွေလာ” (မွန်) သီချင်းဖြင့်လည်းကောင်း၊ အခြေခံပညာအဆင့် (အသက် ၁၅ နှစ်မှ ၂၀ နှစ်အတွင်း) အမျိုးသား ပြိုင်ပွဲတွင် မန္တလေးတိုင်းဒေသ ကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့ မှ ပြိုင်ပွဲဝင်များက “လွမ်းဘွဲ့ဝေ” (ပတ်ပျိုး) သီချင်းဖြင့် လည်း ကောင်း တီးမှုတ် ယှဉ်ပြိုင် ကြသည်။
တယောပြိုင်ပွဲကို အမျိုးသား စာကြည့်တိုက် (နေပြည်တော်) ရှိ ဝန်ဇင်းမင်းရာဇာခန်းမ၌ ကျင်းပ ရာ ဝါသနာရှင်အဆင့် (ပထမ တန်း) အမျိုးသားပြိုင်ပွဲတွင် မွန် ပြည်နယ်၊ ရန်ကုန်တိုင်းဒေသ ကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ကယားပြည်နယ်တို့မှ ပြိုင်ပွဲဝင်များ က “အိုသာတင့်ဆုံး” (ယိုးဒယား) သီချင်းဖြင့်လည်းကောင်း၊ ဝါသနာ ရှင်အဆင့် (ပထမတန်း) အမျိုး သမီးပြိုင်ပွဲတွင် ရန်ကုန်တိုင်း ဒေသကြီးမှ ပြိုင်ပွဲဝင်က “အောင် မြေမြမန်း” (ပတ်ပျိုး) သီချင်းဖြင့် လည်းကောင်း၊ အခြေခံပညာ အဆင့် (အသက် ၁၅ နှစ်မှ ၂၀ နှစ်အတွင်း) အမျိုးသားပြိုင်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီး၊ ကယား ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး နှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “ညဉ့်သုံးယံခါ” (ပတ်ပျိုး)” သီချင်းဖြင့် လည်း ကောင်း၊ အခြေခံပညာအဆင့် (အသက် ၁၅ နှစ်မှ ၂၀ နှစ်အတွင်း) အမျိုးသမီးပြိုင်ပွဲတွင် ကယား ပြည်နယ်၊ ကရင်ပြည်နယ်၊ ရန်ကုန် တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်း ဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “သူဌေးဝါဒ” (ကာလပေါ်) သီချင်း ဖြင့်လည်းကောင်း၊ အဆင့်မြင့် ပညာအဆင့် အမျိုးသားပြိုင်ပွဲတွင် ကယားပြည်နယ်၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး နှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “တောင်တော သာယာ” (ယိုးဒယား) သီချင်းဖြင့် လည်းကောင်း၊ အဆင့်မြင့်ပညာ အဆင့် အမျိုးသမီးပြိုင်ပွဲတွင် ကချင်ပြည်နယ်၊ ကယားပြည် နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီ တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသ ကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှ ပြိုင်ပွဲ ဝင်များက “ဇေယျာမြို့” (ကြိုး) သီချင်းဖြင့်လည်းကောင်း သာယာ ငြိမ့်ညောင်းစွာ တီးခတ်ယှဉ်ပြိုင် ကြသည်။
ရုပ်စုံသဘင် အဖွဲ့လိုက်ပြိုင်ပွဲ ကို သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနရှိ ယဉ်ကျေးမှုရတနာ ခန်းမ၌ကျင်းပရာ ရုပ်စုံသဘင် အဖွဲ့လိုက် ဝါသနာရှင်အဆင့် (ပထမတန်း) ပြိုင်ပွဲတွင် “ပညာ ရွှေအိုး” ဇာတ်တော်ကြီးဖြင့် ရန်ကုန်တိုင်းဒေသကြီး ကိုယ်စား ပြု တော်ဝင်ရုပ်စုံအမြင့်သဘင် အဖွဲ့က မြန်မာ့ရိုးရာယဉ်ကျေးမှု အမွေအနှစ်များကို ဖော်ကျူးသည့် အကအလှများ၊ စကားပြောများ ဖြင့် တင်ဆက်ကပြ ယှဉ်ပြိုင် ကြသည်။
ဇာတ်တော်ကြီးပြိုင်ပွဲ ကို သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနရှိ လေ့ကျင့်ရေးဇာတ်ရုံ ၌ကျင်းပရာ ဇာတ်တော်ကြီး အဖွဲ့လိုက် ဝါသနာရှင်အဆင့် (ပထမတန်း) ပြိုင်ပွဲတွင် “မဟော် သဓာ” ဇာတ်တော်ကြီးဖြင့် ဧရာ ဝတီတိုင်းဒေသကြီး ကိုယ်စားပြု ဧရာဝတီတိုင်းဒေသကြီး မဟော် သဓာ ဇာတ်တော်ကြီးအဖွဲ့က မူရင်း မဟော်သဓာဇာတ်တော်ကြီး ၏ တီးလုံးတီးချက်များကို မြန်မာ့ ဇာတ်သဘင်၏ ဆို ငို ပြော ပညာ ရပ်များ၊ အကအလှများနှင့် အနု ပညာရသမြောက် ပေါင်းစပ်ပြီး ယှဉ်ပြိုင်ကြသည်။
ယနေ့ကျင်းပသည့် ပြိုင်ပွဲများ သို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ၊ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာ ခုံရုံးဥက္ကဋ္ဌ၊ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသားရေးရာဝန်ကြီးများ၊ လူမှုရေးရာဝန်ကြီးများ၊ ဥပဒေချုပ် များ၊ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ပြိုင်ပွဲဝင်များ၏ အုပ်ထိန်းသူမိဘများက ပြိုင်ပွဲ နေရာအသီးသီး၌ လာရောက် ကြည့်ရှုအားပေးခဲ့ကြသည်။
(၂၄) ကြိမ်မြောက် မြန်မာ့ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးတွင် ဇာတ်တော်ကြီးပြိုင်ပွဲ အဖြစ် မဟော်သဓာ ဇာတ်တော်ကြီး ပြိုင်ပွဲ၊ ရုပ်စုံသဘင်အဖွဲ့လိုက် ပြိုင်ပွဲအဖြစ် ဝါသနာရှင်အဆင့် (ပထမတန်း) “ပညာရွှေအိုး”ဇာတ် ပြိုင်ပွဲ၊ ရုပ်သေးကြိုးဆွဲပြိုင်ပွဲအဖြစ် ဝါသနာရှင် အဆင့် (ဒုတိယတန်း) (အမျိုးသား/အမျိုးသမီး) မင်းသား နှင့် မင်းသမီး အရုပ်ကြိုးဆွဲပြိုင်ပွဲ တို့ပါဝင်သည်။ ထို့ပြင် ရှားပါး ပညာရပ်တစ်ခုဖြစ်သော တိမ်မြုပ် ပျောက်ကွယ်လုနီးပါး ဖြစ်သည့် နှုတ်မှုစွမ်းရည်ပြ “ကွက်စိပ်” ပြိုင်ပွဲကိုလည်း ထည့်သွင်းကျင်းပ လျက်ရှိသည်။ ရှေးအခါက ဇာတ်ပို့ ဆိုင်းမပါဘဲ ဟောပြောသည့် “စာဟော” ကွက်စိပ်နှင့် ဇာတ်ပို့ ဆိုင်းပါဝင်သည့် “ဇာတ်ပြော” ကွက်စိပ်ဟူ၍ရှိပြီး ယခုပြိုင်ပွဲ တွင် ထည့်သွင်းထားသည်မှာ ဇာတ်ပို့ဆိုင်းပါဝင်သည့် ဇာတ် ပြော ကွက်စိပ်ဖြစ်ကာ ဝါသနာရှင် အဆင့် (ပထမတန်း) အတွက် “တိလမုဋ္ဌိ” ဇာတ်နှင့် ဝါသနာရှင် အဆင့် (ဒုတိယတန်း) အတွက် “သသပဏ္ဍိတ” ဇာတ်ကို ယှဉ်ပြိုင် ရန် သတ်မှတ်ထားသည်။
အရေးပြိုင်ပွဲတွင် ဝါသနာရှင် အဆင့်(ပထမတန်း) အမျိုးသား/ အမျိုးသမီး၊ ဝါသနာရှင်အဆင့် (ဒုတိယတန်း) အမျိုးသား/ အမျိုး သမီး၊ အဆင့်မြင့်ပညာအဆင့် အမျိုးသား/ အမျိုးသမီး၊ အခြေခံ ပညာအဆင့် (အသက် ၁၅ နှစ်မှ ၂၁ နှစ်အတွင်း) အမျိုးသား၊ အမျိုး သမီး ပြိုင်ပွဲတို့ပါဝင်ပြီး ပြိုင်ပွဲ ဝင်ချိန်တွင် မဲကျသည့် သတ်မှတ် ခေါင်းစဉ်အတိုင်း ရေးသား ယှဉ်ပြိုင်လျက်ရှိကြောင်း သိရ သည်။
သတင်းစဉ်