စစ်ကိုင်းမြို့ မင်္ဂလာစစ်ကိုင်း ကျောက်မျက်ရတနာစျေးကို ဆိုင်ခန်းပေါင်း ၃၀၀ ကျော်ဖြင့် ဖွင့်လှစ်ရောင်းချလျက်ရှိ

 

စစ်ကိုင်း အောက်တိုဘာ ၂၇


စစ်ကိုင်းတိုင်းဒေသကြီး    စစ်ကိုင်းမြို့   ပတ္တမြား ရပ်ကွက်ရှိ မင်္ဂလာစစ်ကိုင်း ကျောက်မျက်ရတနာဈေး ဖွင့်ပွဲကို အောက်တိုဘာ ၂၆ ရက်က ကျင်းပရာ တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အဆင့်     ဌာနဆိုင်ရာများ၊   ကျောက်မျက်ရတနာ လုပ်ငန်းရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက် သည်။ အဆိုပါ မင်္ဂလာစစ်ကိုင်း ကျောက်မျက်ရတနာ ဈေးသည်  ဧရိယာစတုရန်းပေ ၂၄၆၀၀ ကျယ်ပြီး ဆိုင်ခန်းပေါင်း ၃၀၀ ကျော် ဖွင့်လှစ်ရောင်းချလျက်ရှိ သည်။         


ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး            


ဈေးဖွင့်ပွဲတွင်   တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အတူ မြန်မာ့ကျောက်မျက်ရောင်းဝယ်ရေးလုပ်ငန်း  အထွေထွေမန်နေဂျာ   ဦးထွန်းဝေ၊   တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးသစ်ထူး မြင့်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခင်မောင်ဆင့် နှင့်    Triple    Circle     ကုမ္ပဏီလီမိတက်မှ      MD ဒေါ်မော်မော်သိန်းတို့က မင်္ဂလာစစ်ကိုင်း ကျောက်မျက် ရတနာဈေးကြီးကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။


ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ယခု ဖွင့်လှစ်သည့် မင်္ဂလာစစ်ကိုင်း ကျောက်မျက်ရတနာ ဈေးသည်   ကျောက်မျက်ရောင်းဝယ်သူများအတွက် စနစ်ကျ အဆင်ပြေစွာဖြင့် လုပ်ငန်းများဆောင်ရွက် နိုင်ပြီး    ခမ်းနားထည်ဝါသော   ဈေးကြီးတစ်ခုဖြစ် ကြောင်း၊ ကျောက်မျက်ရတနာ ရောင်းဝယ်ကြသူများ အနေဖြင့်  သယံဇာတနှင့်  သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက      ထုတ်ပြန်ထားသည့်     မြန်မာ့ကျောက်မျက်ရတနာဥပဒေများကို     တိကျစွာ လိုက်နာသွားကြရန်နှင့် လာရောက်ရောင်းဝယ်ကြ မည့် ပုဂ္ဂိုလ်များအနေဖြင့် ဥပဒေနှင့်အညီ နိုင်ငံတော် သို့ပေးသွင်းရမည့်   အခွန်အခများကို   ကျေပွန်စွာ ထမ်းဆောင်ပေးကြရန်လည်း        လိုအပ်ကြောင်း၊ ကျောက်မျက်ရတနာဈေး     ဖွင့်လှစ်နိုင်ခြင်းသည် ဒေသဖွံ့ဖြိုးတိုးတက်ရေးတွင်   တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်ခြင်း၊ ဒေသတွင်း အလုပ်အကိုင် အခွင့်အလမ်းများ တိုးတက်စေခြင်း၊ ဒေသခံပြည်သူ များ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက် အကူဖြစ်စေပြီး ကျောက်အချောထည် ပုတီးလုပ်ငန်း နှင့် လက်ဝတ်ရတနာလုပ်ငန်းများကို ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်မည်ဖြစ်သဖြင့် MSME လုပ်ငန်းများကို လည်း တစ်ဖက်တစ်လမ်းမှ ဖွံ့ဖြိုးတိုးတက်လာစေမည်ဖြစ်ကြောင်း၊  ဈေးတွင် လာရောက်ရောင်းဝယ် ကြမည့် လုပ်ငန်းရှင်များနှင့် တာဝန်ရှိသူများအနေဖြင့် စည်းကမ်းရှိပြီး သန့်ရှင်းသပ်ရပ်မှုရှိအောင် ဝိုင်းဝန်း ကြိုးပမ်းထိန်းသိမ်းသွားရန်လိုကြောင်း တိုက်တွန်း ပြောကြားသည်။


ကြည့်ရှုစစ်ဆေး


ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ က       ဈေးစည်းကမ်းထိန်းသိမ်းရေးဆိုင်ရာများကို   ရှင်းလင်းပြောကြားပြီးနောက်      တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက မင်္ဂလာစစ်ကိုင်း ကျောက်မျက်ရတနာဈေးကြီးအတွင်းရှိ ဆိုင်ခန်းများ ကို လိုက်လံကြည့်ရှုစစ်ဆေးကာ လိုအပ် သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက် ပေးသည်။  


တိုင်းဒေသကြီး(ပြန်/ဆက်)