
နိုင်ငံတော်အစိုးရသည် ပြည်ပတွင် အလုပ်လုပ်ကိုင်နေကြသည့် မြန်မာနိုင်ငံ သားများကို အစဉ်ကြည့်ရှုစောင့်ရှောက် လျက်ရှိပြီး အခက်အခဲများကြုံတွေ့လာ ပါက ကူညီဆောင်ရွက်ပေးလျက်ရှိရာ အစ္စရေးနိုင်ငံတွင် ရောက်ရှိနေကြသည့် မြန်မာနိုင်ငံသားများကို ပြန်လည် ခေါ်ယူနိုင်ရေး နိုင်ငံတော်အစိုးရက စီမံ ဆောင်ရွက်ခဲ့ရာတွင် အောက်တိုဘာ ၂၆ ရက် ည ၉ နာရီကျော်တွင် ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ပြန်လည်ရောက်ရှိ လာရာ မိဘဆွေမျိုးများက ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ လှိုက်လှဲ ဝမ်းမြောက်စွာ ကြိုဆိုခဲ့ကြသည်။
နိုင်ငံတော်အစိုးရအနေဖြင့် အစ္စရေး နိုင်ငံတွင် ဖြစ်ပွားနေသည့် စစ်ပွဲအခြေ အနေကြောင့် အခက်အခဲကြုံတွေ့နေရ သည့် မြန်မာနိုင်ငံသားများကို ပြန်လည် ခေါ်ယူခဲ့ရာ အောက်တိုဘာ ၂၅ ရက် ညပိုင်းတွင် အစ္စရေးနိုင်ငံ တဲလ်အဗီးမှ ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ရောက်ရှိ ခဲ့ပြီး ဘန်ကောက်မှတစ်ဆင့် ရန်ကုန်မြို့ သို့ ည ၈ နာရီ ၁၅ မိနစ်၌ BM 351 MAI လေကြောင်းလိုင်းဖြင့် လိုက်ပါခဲ့ရာ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ည ၉ နာရီကျော်တွင် အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိခဲ့သည်။
အစ္စရေးနိုင်ငံ တဲလ်အဗီးမြို့မှ ပြန်လည် ရောက်ရှိလာသော ကိုအောင်ကျော်ဦးက “ရုတ်တရက်ကြီး စစ်ဖြစ်တော့ ကျွန်တော် တို့လည်း ကြောက်သွားတယ်။ အိမ် အောက်ထပ်က ဗုံးခိုကျင်းထဲဆင်းပြီး နေကြရတယ်။ ဆက်ပြီးနေထိုင်လို့ မရ တော့တဲ့ အနေအထားပါ။ အစ္စရေးကို Training Agriculture နဲ့ စိုက်ပျိုးရေး သင်တန်းတက်ရောက်နေတာ လေးနှစ် ကျော်ရှိပါပြီ။ အစ္စရေးနိုင်ငံမှာရှိတဲ့ မြန်မာ သံရုံးက ဆက်သွယ်အကြောင်းကြားပေး တဲ့အတွက် ကျွန်တော်တို့အဆက်အသွယ် ရပြီး မြန်မာနိုင်ငံကိုပြန်ဖို့ အမြန်ဆုံး ဆောင်ရွက်ပေးခဲ့တာကြောင့် အခုလို အမိနိုင်ငံကို ဘေးအန္တရာယ်ကင်းကင်း နဲ့ စိတ်အေးချမ်းသာစွာ ပြန်လာနိုင် ခဲ့တာဖြစ်ပါတယ်။
အစ္စရေးလေဆိပ်မှာ မြန်မာနိုင်ငံကို ပြန်ရတော့မယ်ဆိုတဲ့စိတ်က ရင်ခုန်မှု ကြီးမားပါတယ်။ ဘန်ကောက်ကိုရောက် တော့ စိတ်ထဲမှာ ၅၀ ရာခိုင်နှုန်းပဲ ပျော်ရွှင် ကြရပြီး ရန်ကုန်လေဆိပ်ကို လေယာဉ် ဆင်းသက်လိုက်တာနဲ့ အမိမြေဆိုတဲ့ အသိစိတ်ဟာ ဘယ်လိုခံစားမှုနဲ့မှ လဲလို့ မရပါဘူး။ အမိမြေထက် နွေးထွေးလှိုက်လှဲ တဲ့နေရာ ဘယ်နေရာမှမရှိဘူးဆိုတာလည်း သိလိုက်ရပါတယ်။ လာရောက်ကြိုဆိုကြ တဲ့ တာဝန်ရှိသူအားလုံးကို အထူးပဲ ကျေးဇူး တင်ပါတယ်။ ကျွန်တော်က ရှမ်းပြည်နယ် ပင်လောင်းကပါ။ ကျွန်တော်တို့ကို အချိန်မီ ကူညီကယ်ဆယ်ပေးတဲ့ နိုင်ငံတော်အစိုးရ က တာဝန်ရှိသူများအားလုံး၊ အစ္စရေးနိုင်ငံ မြန်မာသံရုံးက သံအမတ်ကြီးနဲ့ တာဝန်ရှိ သူအားလုံးကို ရင်ထဲက ဖော်မပြနိုင်အောင် လှိုက်လှိုက်လှဲလှဲ အထူးကျေးဇူးတင်ရှိပါ ကြောင်း ပြောကြားလိုပါတယ်။ အားလုံး ကို ကျေးဇူးတင်ပါတယ်” ဟု ဝမ်းမြောက် ပီတိ စကားပြောကြားသည်။
မလမိုင်မိုင်းရာက “အမိနိုင်ငံကို ပြန်ရောက်လာတဲ့အတွက် ဝမ်းသာ ကြည်နူးမှုဟာ ဘာနဲ့မှ လဲလို့ မရပါဘူး။ ပြောမပြတတ်အောင် ကျေးဇူးတင်ပါ တယ်။ သမီးက ကချင်ပြည်နယ် တနိုင်း ကပါ။ အစ္စရေးကိုရောက်နေတာ လေးနှစ် ကျော်ရှိပါပြီ။ တစ်လမ်းလုံး ဘုရားသခင် ထံ ဆုတောင်းခဲ့တာ၊ အခုလိုပြန်လာနိုင် အောင် ကူညီဆောင်ရွက်ပေးတဲ့ နိုင်ငံတော် အစိုးရနဲ့သံရုံးကို အထူးပဲကျေးဇူးတင်ပါ တယ်။ မိဘရင်ခွင်ထဲ ပြန်လည်ပို့ဆောင် ပေးတဲ့ တာဝန်ရှိသူအားလုံးကို ရင်ထဲမှာ ပြောမပြတတ်အောင်ကို ကျေးဇူးအထူး တင်ပါတယ်။ ” ဟု ဝမ်းသာပီတိစကား ပြောကြားသည်။
မမိုးသီတာအောင်က “သမီးတို့က မြို့ပေါ်မှာ နေတာပါ။ အစ္စရေးနယ်စပ်မှာ တော့ တိုက်ပွဲသံတွေ ကြားနေရတယ်။ အခုလိုမထင်မှတ်ပဲဖြစ်လာတော့ ကိုယ့် နိုင်ငံကိုပဲ ပြန်ချင်တယ်။ သံရုံးကပြန်မယ့် သူတွေကို ပို့ပေးဖို့ အကြောင်းကြားပေးတဲ့ အတွက် ဝမ်းပန်းတသာနဲ့ပြန်ခွင့်ရခဲ့တာ ပါ။ စိတ်ရှည်စွာနဲ့ ကူညီပေးခဲ့တဲ့သံရုံးကို လည်း ကျေးဇူးအထူးတင်ပါတယ်။ သမီးက ရန်ကုန်မြို့ ဒဂုံဆိပ်ကမ်းမြို့နယ် မှာနေပါတယ်။ မိသားစုနဲ့ အခုလိုပြန်ဆုံ ခွင့်ရအောင် ကူညီဆောင်ရွက်ပေးတဲ့ အတွက် ဖော်မပြနိုင်အောင် ဝမ်းသာ ကြည်နူးမှုဖြစ်ရပါတယ်။ နိုင်ငံတော်အကြီး အကဲနဲ့ တာဝန်ရှိသူအားလုံးကို အထူး ကျေးဇူးတင်ပါတယ်” ဟု ရင်တွင်းပီတိ စကား ပြောကြားသည်။
မခင်နှင်းအိက “တိုက်ပွဲဖြစ်တဲ့အသံ ကို တဲလ်အဗီးက နေ့တိုင်းကြားနေရတယ်။ သမီးတို့နေတာ လေးနှစ်ရှိပြီ။ အခုလို မကြုံဖူးဘူး။ အခြားပြည်ပနိုင်ငံသားတွေ လည်း ပြန်ကြတာရှိတယ်။ မြန်မာနိုင်ငံသားအချို့လည်းရှိတယ်။ တိုက်ပွဲသံကြား ကတည်းက အမိနိုင်ငံကို ပြန်ချင်နေတာ ပါ။ တစ်နေ့တစ်နေ့ဘာဖြစ်လာမလဲဆိုပြီး တွေးနေရတာလည်း ပင်ပန်းတယ်။ သမီးက ပဲခူး၊ သာယာဝတီမှာနေပါတယ်။ အိမ်ကိုလွမ်းတယ်၊ သတိရတယ်။ မြန်မာ သံရုံးက အကြောင်းကြားစာရတော့ အတိုင်းမသိ ဝမ်းသာသွားတယ်။ အစ္စရေး လေဆိပ်မှာ လေယာဉ်မထွက်မီနဲ့ လေထဲ ရောက်သွားချိန်ဟာ အကြာဆုံးအချိန်ပါပဲ။ ဘန်ကောက်ကိုရောက်မှပဲ စိတ်နည်းနည်း အေးချမ်းသွားပါတယ်။ ရန်ကုန်လေဆိပ် ကိုရောက်တော့ ရင်ထဲဝမ်းနည်း ဝမ်းသာ ဖြစ်ရတယ်။ စိုးရိမ်စိတ်နဲ့နေခဲ့ရတဲ့ နေ့စဉ် ဝမ်းနည်းမှုဟာ အမိမြေကို ခြေချခွင့်ရ လိုက်တာနဲ့ ဝမ်းသာပျော်ရွှင်မှုရဲ့စွမ်းအားဟာ ဘာနဲ့မှလဲလို့ မရပါဘူး။ မြန်မာနိုင်ငံ ကို ပြန်လည်ရောက်ရှိအောင် ကူညီ ပို့ဆောင်ပေးကြတဲ့ လူကြီးများအားလုံး ကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးအထူးတင်ပါ တယ်” ဟု ကျေးဇူးတင်ဝမ်းမြောက်စကား ပြောကြားသည်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် တွင် အစ္စရေးနိုင်ငံမှ ပြန်လည်ရောက်ရှိလာ သည့် မြန်မာနိုင်ငံသားများကို နိုင်ငံခြား ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ပြန်လည်ရောက်ရှိ လာကြသည့် နိုင်ငံသားတို့၏ မိဘဆွေမျိုး များက ဝမ်းမြောက်ဝမ်းသာဖြင့် ကြိုဆိုခဲ့ ကြကြောင်း သိရသည်။
သတင်းအင်တာဗျူး - ညိမ်းသူ(သတင်းစဉ်)
ဓာတ်ပုံ - ဇော်မင်းလတ် ၊ မောင်သီဟ