
နေပြည်တော် အောက်တိုဘာ ၂၇
တောင်သူများကိုယ်တိုင် ပူးပေါင်းပါဝင်သော စပါးမျိုး ရွေးချယ်သည့် ကွင်းသရုပ်ပြပွဲ ကို ယနေ့နံနက်ပိုင်းက နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ဘဲကုန်းကျေးရွာ ကွင်း အမှတ် ၁၆၂၃(က) ၌ ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်၊ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဒေသနေတောင်သူ ၄၈ ဦးနှင့် မျိုးစေ့ ထုတ်လုပ်ငန်းရှင်များ တက်ရောက်ကြသည်။
သုတေသနပြုထုတ်လုပ်ပေး
သရုပ်ပြပွဲ၌ တောင်သူများနှင့်တွေ့ဆုံစဉ် ဒုတိယ ဝန်ကြီးက အလားအလာကောင်း စပါးမျိုးလိုင်းများကို စိုက်ပျိုးရေးသုတေသနဦးစီးဌာနက သုတေသနပြု ထုတ်လုပ်ပေးလျက်ရှိကြောင်း၊ တောင်သူများနှင့် ပုဂ္ဂလိက မျိုးစေ့ထုတ်လုပ်ငန်းရှင်များ ပူးပေါင်းပါဝင် ၍ မျက်မြင်မျိုးရွေးချယ်ခြင်းဖြင့် ထုတ်ဝေပြီးသော အထွက်ကောင်း၊ အရည်အသွေးကောင်း စပါးမျိုးသစ် များကို ပိုမိုသိရှိပြီး ကျယ်ကျယ်ပြန့်ပြန့် အသုံးပြု စိုက်ပျိုးလာကြရန်ရည်ရွယ်၍ ယနေ့စပါးမျိုးရွေးချယ် သည့်ကွင်းသရုပ်ပြပွဲကို ကျင်းပရခြင်းဖြစ်ကြောင်း၊ လက်ရှိအခြေအနေတွင် စပါးမျိုးသက်တမ်း၊ စပါးမျိုး ၏ စားသုံးမှုအရည်အသွေး၊ ဒေသစပါးမျိုးများအား ရာသီမရွေးစိုက်ပျိုးနိုင်အောင် ဖန်တီးထားသည့် အခြေအနေတို့အပေါ် မူတည်ပြီး စမ်းသပ်အုပ်စု လေးအုပ်စုခွဲ၍ စိုက်ပျိုးထားသော အလားအလာ ကောင်း စပါးမျိုးလိုင်းသစ်နှင့်ထုတ်ဝေပြီး စပါးမျိုးသစ် ၃၉ မျိုးအနက် ၂၃ မျိုးသည် ပြင်းထန်သောရာသီဥတု ဒဏ်နှင့် အပင်ယိုင်လဲမှုဒဏ်ကို ခံနိုင်ရည်ရှိသောမျိုး များဖြစ်ကြောင်း၊ မျိုးကောင်းမျိုးသန့် ထုတ်လုပ်ရေး သည် သီးနှံများအထွက်တိုးရေးနှင့် အရည်အသွေး ကောင်းမွန်ရေးအတွက် များစွာအရေးကြီးသောလုပ်ငန်း တစ်ရပ်ဖြစ်ခြင်းကြောင့် ပြည်ထောင်စုနယ်မြေ နေပြည် တော်မှ စတင်ပြီး စပါးစိုက်ပျိုးသည့် တိုင်းဒေသကြီး ပြည်နယ်များတွင် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက် ရန်လိုအပ်ကြောင်း ပြောကြားသည်။
ရှင်းလင်းတင်ပြ
ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း က တောင်သူများ ပူးပေါင်းပါဝင်သော မျိုးရွေးချယ်ခြင်းအခမ်းအနား အစီအစဉ်ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်နှင့် မျိုးစေ့ ကဏ္ဍဖွံ့ဖြိုးရေးအတွက် သက်ဆိုင်သူအားလုံး၏ ပူးပေါင်းပါဝင်ဆောင်ရွက်ရန် လိုအပ်ချက်များကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့် စပါးမျိုးရွေးချယ် သည့် ကွင်းသရုပ်ပြပွဲ တက်ရောက်လာကြသော တောင်သူများသည် မိမိတို့ကြိုက်နှစ်သက်သော အရည်အသွေးကောင်းမွန်သည့် စပါးမျိုးများကို လွတ်လပ်စွာ ရွေးချယ်ခဲ့ကြသည်။
ယခုအခါတွင် တောင်သူများ ကြိုက်နှစ်သက် သည့် စပါးမျိုးများ၏ အရည်အချင်းလက္ခဏာများမှာ သက်လျင်ခြင်း၊ သီးညှာခိုင်ခြင်း၊ ယိုင်လဲမှုမရှိခြင်း၊ အထွက်ကောင်းခြင်း၊ စားသုံးမှုကောင်းခြင်း၊ ဆန်ရည် ဆန်သားကောင်းမွန်ခြင်း၊ ဆန်ထွက်ရာခိုင်နှုန်း ကောင်းမွန်ခြင်း၊ ထည့်သွင်းကျွေးမွေးသည့် အပင် အာဟာရများကို တွင်ကျယ်စွာ စားသုံးတုံ့ပြန် ထွက်ရှိနိုင်ခြင်း၊ ပိုးမွှားရောဂါဒဏ်ကို ခံနိုင်ရည်ရှိခြင်း ဖြစ်ကြောင်း သိရှိရသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် တဲကြီးကုန်း ကျေးရွာတွင် စက်မှုလယ်ယာဦးစီးဌာနမှ သုတေ သနပြုထုတ်လုပ်ထားရှိသော လေပေးစနစ်ဖြင့် သဘာဝမြေဆွေးထုတ်လုပ်မှုကို တောင်သူများနှင့် အတူ ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်