အထက်တန်းသူနာပြုအဆင့် တိုးမြှင့်ခံရသည့် ကျန်းမာရေးဝန်ထမ်းများအား ဂုဏ်ပြု

 

တာချီလိတ်  အောက်တိုဘာ  ၂၅


တာချီလိတ်ခရိုင် ခုတင် (၁၀၀) ဆံ့ ပြည်သူ့ဆေးရုံကြီးတွင်  တာဝန်ထမ်း ဆောင်လျက်ရှိကြသည့် သူနာပြုများမှ အထက်တန်းသူနာပြုအဆင့်သို့ တိုးမြှင့်ခန့်ထားခံရသည့် ကျန်းမာရေးဝန်ထမ်းများအား ဂုဏ်ပြုပွဲနှင့် ဝတ်စုံပေးအပ်ပွဲကို အောက်တိုဘာ ၂၅ ရက်က အဆိုပါဆေးရုံကြီးတွင် ကျင်းပသည်။  


အခမ်းအနားတွင် ဆေးရုံအုပ် ဒေါက်တာဝင်းနိုင်က ရာထူးတိုးမြှင့်ခံရ သည့် အထက်တန်းသူနာပြု ၁၁ ဦးအား ဂုဏ်ပြုစကား ပြောကြားကာ ဝတ်စုံများ၊ ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်ပြီး (ဝဲပုံ) ဂုဏ်ပြု နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံကြောင်း သိရသည်။            

မောင်ယဉ်ကျေး