ကယ်ဆယ်ရေးပစ္စည်းများတင်ဆောင်လာသည့် ထရပ်ကားများ ဂါဇာကမ်းမြောင်ဒေသသို့ စတင်ဝင်ရောက်

 

ဂါဇာ     အောက်တိုဘာ     ၂၁


အီဂျစ်နိုင်ငံကိုဖြတ်၍    ရာဖာဖြတ်သန်းရေးဂိတ်မှ တစ်ဆင့် ဂါဇာကမ်းမြောင်ဒေသသို့ ကယ်ဆယ်ရေး ပစ္စည်းများတင်ဆောင်လာသည့်    ထရပ်ကားများ စတင်ဝင်ရောက်လာပြီဟု မီဒီယာများတွင် ဖော်ပြ ကြသည်။  


အဆိုပါကယ်ဆယ်ရေးပစ္စည်းများ  အဆင်ပြေ ချောမွေ့စွာ   ရောက်ရှိသွားပါက  အောက်တိုဘာ ၇  ရက်နောက်ပိုင်း   အစ္စရေးတို့ပိတ်ဆို့ထားသည့် ဂါဇာဒေသသို့ အကူအညီများ ပထမဦးဆုံးရောက်ရှိ မည်ဖြစ်သည်။    အီဂျစ်သမ္မတ    ဖာတာအယ်စီစီ   သည်  နယ်စပ်ဖြတ်သန်းရေးဂိတ်   ပြန်လည်ဖွင့်ပေး ရန်     သဘောတူခဲ့သည်ဟု    အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က အောက်တိုဘာ ၁၈ ရက်တွင် ကြေညာ ခဲ့သည်။   ထို့ကြောင့်   ကယ်ဆယ်ရေးပစ္စည်းများ တင်ဆောင်လာသည့်     ထရပ်ကားအစီး  ၂၀ ကို   ဂါဇာဒေသရှိ   ပြည်သူများထံ    စေလွှတ်နိုင်ခဲ့ခြင်း ဖြစ်သည်။     ထရပ်ကားများ   စတင်မဝင်ရောက်မီ  ဖြတ်သန်းရေးဂိတ်  သွားရာလမ်းများကို ပြန်လည် ပြင်ဆင်သင့်သည်ဟု ဘိုင်ဒင်က ပြောသည်။ 


အစ္စရေးတို့သည်       ပြီးခဲ့သည့်     နှစ်ပတ် အတွင်း စစ်ဆေးရေးဂိတ်ကို  လေးကြိမ်တိုင်တိုင် တိုက်ခိုက်ခဲ့ပြီး     ထောက်ပံ့ရေးပစ္စည်းများဖြင့်  ဖြတ်သန်းခွင့်ကို  ငြင်းပယ်ခဲ့သည်ဟု    အီဂျစ်နိုင်ငံ ခြားရေးဝန်ကြီးဌာန       ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ 
ဂါဇာနှင့်အီဂျစ်ကြား နယ်စပ်ကို အစ္စရေးတပ်ဖွဲ့ ဝင်များက    တင်းတင်းကျပ်ကျပ်    ထိန်းချုပ်ထား သည်။ ဂါဇာဒေသို့ လက်နက်များ မှောင်ခိုဝင်ခြင်းကို တားဆီးရန်    နယ်စပ်ရှိ     ဥမင်လိုဏ်ခေါင်းများကို ပစ်မှတ်ထားကာ   အစ္စရေးတို့က   လေကြောင်းမှ  ပစ်ခတ်တိုက်ခိုက်မှုများ      ပြုလုပ်ကြသည်ဟု ဆိုသည်။ 


အခြေအနေများမှာ အထိအခိုက်မခံဘဲရှိနေပြီး  ဂါဇာကမ်းမြောင်ဒေသတွင်   အမှန်တကယ်    အကူ အညီလိုအပ်နေသည့်  လူပေါင်း ၂ ဒသမ ၂သန်းထံ ထောက်ပံ့ရေးပစ္စည်းများ ရောက်မရောက် မသေ ချာသေးဟု ဆိုသည်။                  

အင်န်အိတ်ချ်ကေ