တရုတ်နိုင်ငံက ဂရပ်ဖိုက်တင်ပို့မှုကို ဒီဇင်ဘာ ၁ ရက်မှ စတင်ကန့်သတ်မည်

 

ပေကျင်း  အောက်တိုဘာ  ၂၀


တရုတ်နိုင်ငံသည် ၎င်း၏ အမျိုးသားလုံခြုံရေးနှင့် အကျိုးစီးပွားများကို  ကာကွယ်ရန်အတွက် လျှပ်စစ် ကားများ၏ လစ်သီယမ်-အိုင်းယွန်းဘက်ထရီများတွင် အဓိကအသုံးပြုသည့်  ဂရပ်ဖိုက်များ တင်ပို့မှုကို ကန့်သတ်မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။
တရုတ်နိုင်ငံ   ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနနှင့် အထွေထွေအကောက်ခွန် အုပ်ချုပ်ရေးဌာန တို့မှ     အချို့သောဂရပ်ဖိုက်ထုတ်ကုန်များအပေါ် အရေးယူဆောင်ရွက်မှုများကို  ဒီဇင်ဘာ ၁ ရက်တွင် စတင်လုပ်ဆောင်မည်ဖြစ်ကြောင်း အောက်တိုဘာ ၂၀ ရက်တွင် ပြောကြားသည်။


တင်ပို့သူများသည်  သုံးစွဲသူများနှင့် ၎င်းတို့၏ ရည်ရွယ်ချက်များကို ထုတ်ဖော်ရန်နှင့် အစိုးရခွင့်ပြု ချက်ရယူရန်   လိုအပ်မည်ဖြစ်သည်။    စည်းကမ်း ဖောက်ဖျက်သူများသည်  ပြစ်ဒဏ်များ  ချမှတ်ခံရ မည်ဖြစ်သည်။


လျှပ်စစ်ကားများ  ရေပန်းစားလာခြင်းကြောင့် လစ်သီယမ်-အိုင်းယွန်းဘက်ထရီများ ၀ယ်လိုအား မြင့်တက်လာမှုနှင့်အတူ     တရုတ်နိုင်ငံအတွက် အဆင့်မြင့်     တစ်ပိုင်းလျှပ်ကူးပစ္စည်းများအပေါ် ပို့ကုန်ထိန်းချုပ်မှုများ    တင်းကျပ်ထားကြောင်း အမေရိကန်က  ထုတ်ပြန်လိုက်ပြီးနောက် သုံးရက် အကြာတွင်      ယခုကြေညာချက်    ထွက်လာခဲ့ခြင်း ဖြစ်သည်။   
တရုတ်နိုင်ငံသည်   ဂရပ်ဖိုက်များကို   အဓိက ထုတ်လုပ်သည့် နိုင်ငံတစ်ခုဖြစ်သည်။

အင်န်အိတ်ချ်ကေ