အီရန် ကျောထောက်နောက်ခံပြု သူပုန်အုပ်စုက ပစ်လွှတ်သည့် ဒုံးကျည်များအား ကြားဖြတ်ပစ်ချခဲ့ကြောင်း ပင်တဂွန်ပြောကြား

 

တိုကျို  အောက်တိုဘာ  ၂၀


ပင်လယ်နီတွင်    အမေရိကန် ရေတပ်    သင်္ဘောတစ်စင်းသည် အီရန်ကျောထောက်နောက်ခံပြု အဖွဲ့မှ  အစ္စရေးဘက်သို့ ပစ်ခတ် ခဲ့သည့် ဒုံးကျည်အများအပြားနှင့် ဒရုန်းများကို ကြားဖြတ်ဟန့်တား ခဲ့ကြောင်း  အမေရိကန်ကာကွယ် ရေးဝန်ကြီးဌာနက     ပြောကြား သည်။


ပင်လယ်    မြောက်ပိုင်းတွင် ရောက်ရှိနေသော   ပဲ့ထိန်းဒုံးကျည် ဖျက်သင်္ဘော   ယူအက်စ်အက်စ် ကာနေးသည်   မြေပြင်တိုက်ခိုက် ရေး ခရုဇ်    ဒုံးကျည်သုံးစင်းနှင့် ဒရုန်းအများအပြားကို     ပစ်ချခဲ့ ကြောင်း        ပင်တဂွန်သတင်း ပြန်ကြားရေး       အတွင်းဝန် ပက်ထရစ် ရိုင်ဒါက အောက်တိုဘာ ၁၉ ရက်က ပြောကြားသည်။


ဒုံးကျည်များနှင့် ဒရုန်းများကို ယီမင်ရှိ    အီရန်ကျောထောက် နောက်ခံပြု    ဟူသီသူပုန်အဖွဲ့က ပစ်လွှတ်ခဲ့ခြင်းဖြစ်ကြောင်း  ရိုင်ဒါ က    ပြောကြားသည်။ 


အဆိုပါ    ဒုံးကျည်နှင့်    ဒရုန်း များသည်    ယီမင်မှ      မြောက်ဘက် ပင်လယ်နီ       တစ်လျှောက်ကို    ဦးတည်နေပြီး အစ္စရေးရှိ ပစ်မှတ် များကို    ဦးတည်သွားနိုင်ခြေရှိ ကြောင်း  ၎င်းက ဆိုသည်။


တားဆီးရန်လိုလား


အီရန်နှင့် ၎င်းကျောထောက် နောက်ခံပြုထားသည့်   အဖွဲ့များ ကဲ့သို့သော  အစ္စရေးဆန့်ကျင်ရေး အဖွဲ့များအနေဖြင့်    ဆက်လက် ဖြစ်ပွားနေသည့်        အစ္စရေး-ဟားမားစ်  ပဋိပက္ခတွင် ဝင်ရောက် စွက်ဖက်ခြင်းမှ      တားဆီးရန် အမေရိကန်ဘက်မှ   လိုလားလျက် ရှိသည်။


အင်န်အိတ်ချ်ကေ