
ရန်ကုန် အောက်တိုဘာ ၂၀
ရန်ကုန်မြို့တာမွေမြို့နယ် နတ်မောက်လမ်းရှိ ရန်ကုန်မျက်စိအထူးကုဆေးရုံကြီးတွင် အထွေထွေမျက်စိရောဂါနှင့် မျက်စိဘာသာရပ်ဆိုင်ရာဌာနခုနစ်ခုထားရှိပြီး နေ့စဉ် အတွင်းတိမ်လူနာ ၅၀ ခန့်၊ ပြင်ပလူနာ ၄၅၀ ခန့်တို့ကို မျက်စိရောဂါအထူးကုဆရာဝန်ကြီးများဖြင့် ကုသပေး လျက်ရှိကြောင်း သိရသည်။
“ဒီဆေးရုံက တစ်နိုင်ငံလုံးမှာရှိတဲ့ မျက်စိကုသမှုခက်ခဲတဲ့၊ လူနာတွေကို နောက်ဆုံးအဆင့်လွှဲပြောင်းကုသပေးရတဲ့ ဆေးရုံကြီး ဖြစ်ပါတယ်။ အရင်က မျက်စိအတွင်းတိမ်လူနာ၊ အထွေထွေမျက်စိ လူနာ၊ ရေတိမ်လူနာကုသပေးသလို ၂၀၁၄-၂၀၁၅ နောက်ပိုင်းမှာ ကလေး မျက်စိသီးသန့်ဌာန ဖွင့်နိုင်ခဲ့ပါတယ်။ ကလေးမျက်စိအထူး ကုဌာန၊ မျက်လုံးအိမ်၊ မြင်လွှာနဲ့ မျက်စိနောက်ခန်းဆိုင်ရာရှိတယ်။ မျက်ကြည်လွှာကတော့ ၁၉၉၃ခုနှစ် ကလေးမျက်ကြည်လွှာဆိုင်တဲ့ရောဂါ တွေရှိတယ်။ မျက်စိအတွင်းတိမ်နောက်ဆက်တွဲရောဂါတွေဆိုပြီးတော့ကြည့်ပေးတယ်။ ဒီနေ့လာပြတဲ့လူနာကို အရေးကြီးတယ်ဆိုင်ရင် ဒီနေ့တင် မနက်ဖြန်ခွဲလိုက်ပါတယ်။ ဒါပေမယ့် ချက်ချင်းမခွဲနိုင်ဘူး ဆိုရင် လူနာကိုရက်ချိန်းပေးလိုက်ပါတယ်။ အရေးမကြီးတဲ့ လူနာဆိုရင် တစ်လလောက် ရက်ချိန်းပေးပါတယ်” ဟု ရန်ကုန် မျက်စိအထူးကု ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာခင်နန်းလုံက ပြောသည်။
အဆိုပါ ရန်ကုန် မျက်စိအထူးကုဆေးရုံကြီး၏ ပြင်ပလူနာဌာနနှင့် အထူးကုပြင်ပ လူနာဌာနတွင် Online Booking စနစ်ဖြင့် Viber (သို့) messenger Search Box တွင် Caremebot ရိုက်နှိပ်ပြီး Viber (သို့) messenger သို့ hi လိုက်ကြောင်း သိရသည်။ ယင်းရန်ကုန်မျက်စိအထူးကု ဆေးရုံကြီးတွင် အရေးပေါ်လူနာများကို ပိတ်ရက်မရှိ နေ့စဉ် ၂၄နာရီ ကုသပေးလျက်ရှိပြီး ပြင်ပလူနာများအတွက် အစိုးရရုံး ပိတ်ရက်များတွင် နံနက် ၈နာရီခွဲမှ ညနေ ၄ နာရီအထိ ကုသပေးလျက်ရှိကြောင်း သိရသည်။
အာကာလင်း