
ရန်ကုန် အောက်တိုဘာ ၂၀
မြန်မာနိုင်ငံ စာရေးဆရာအသင်း က ၁၃၈၅ ခုနှစ် မြန်မာနိုင်ငံ စာဆိုတော်နေ့ အထိမ်းအမှတ် (၃၆) ကြိမ်မြောက် သက်ကြီးစာပေ ပညာရှင်များ ပူဇော်ကန်တော့ပွဲ အတွက် စေတနာရှင်များက အလှူငွေများ ဆက်လက်လှူဒါန်း လျက်ရှိသည်။ တောင်ဥက္ကလာပ မြို့နယ် စာရေးဆရာအသင်းနှင့် သာကေတမြို့နယ် စာရေးဆရာ အသင်းတို့က အလှူငွေကျပ် နှစ်သိန်းစီ၊ ဦးဖေသက်ညွန့် (ဆွေဇင်ညွန့်) မိသားစု၊ တောင် ဥက္ကလာပမြို့နယ် စာရေးဆရာ အသင်းဥက္ကဋ္ဌဦးမြကျော် (မောင်မြ ကျော်) နှင့် လေအန်ကုန်းစာပေ ရပ်ဝန်းတို့က ငွေကျပ်တစ်သိန်းစီ၊ မိတ္ထီလာမြို့နယ် စာရေးဆရာ အသင်းဥက္ကဋ္ဌ ဦးတင်ထွဏ်း (တင်တော်) နှင့် မိတ္ထီလာမြို့နယ် စာရေးဆရာအသင်းတို့က ငွေကျပ် ငါးသောင်းစီ၊ ဆရာပန်းမျိုးခင် (တောင်ဥက္ကလာပမြို့နယ်) နှင့် စာရေးဆရာမင်းမြတ်မိုး(မန်းမြေ) အောင်မြေသာစံ မြို့နယ်တို့က အလှူငွေကျပ်နှစ်သောင်းစီ ပေးအပ် လှူဒါန်းကြရာ အသင်းဥက္ကဋ္ဌ ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး)၊ အတွင်းရေးမှူး ဦးညွန့်တင် (မောင်ငြိမ်းသူ-ကြို့ပင်ကောက်)၊ တွဲဖက်အတွင်းရေးမှူးများ ဖြစ်ကြ သည့် ဦးအောင်သန်းဦး (ပုသိမ် အောင်သန်းဦး)နှင့် ဦးအောင်ကြည် (အောင်ကြည်ညွန့်- တက္ကသိုလ်)တို့က လက်ခံယူပြီး ကျေးဇူးတင် စကား ပြန်လည်ပြောကြားသည်။
အလှူငွေဖြစ်စေ၊ အလှူ ပစ္စည်းဖြစ်စေ လှူဒါန်းလိုပါက မြန်မာနိုင်ငံ စာရေးဆရာအသင်း အမှတ် (၁၇၃/၁၇၅) ပန်းဆိုးတန်း လမ်း (အလယ်) ကျောက်တံတား မြို့နယ် ရန်ကုန်မြို့ ဖုန်း- ဝ၁-၂၅၂၄၁၇၊ ၀၉-၄၅၀၀၉၀၄၈၆သို့ ဆက်သွယ် လှူဒါန်းနိုင်ကြောင်း သိရသည်။
သတင်းစဉ်