
ရန်ကုန် အောက်တိုဘာ ၁၉
သီတင်းကျွတ်ပွဲတော် ကာလအတွင်း ပြေးဆွဲ ရာတွင် ရန်ကုန်-နေပြည်တော်၊ ရန်ကုန်-မန္တလေး၊ ရန်ကုန်-ပြည် အထူးရထားများကို ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း မြန်မာ့ မီးရထားမှ သိရသည်။
“သီတင်းကျွတ် အခါကြီးရက်ကြီးဆိုရင် ဝန်ထမ်းရထားပြေးဆွဲပေးတယ်။ ခရီးသည် တွေအတွက်လည်း ထပ်မံတိုးချဲ့ပြေးဆွဲပေး တယ်။ လက်မှတ်တွေကိုလည်း အခက်အခဲမရှိ အောင် ဆောင်ရွက်ပေးသွားပါမယ်”ဟု မြန်မာ့ မီးရထားမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ရန်ကုန်-နေပြည်တော်၊ ရန်ကုန်-မန္တလေး၊ ရန်ကုန်-ပြည်အထူးရထားများ၏ လက်မှတ်ခ နှုန်းထားများလည်း ပြောင်းလဲခြင်းမရှိဘဲ မူလ နှုန်းထားအတိုင်း ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။
အထူးရထား ရိုးရိုးတန်းအတွက် လက်မှတ်များအား သီတင်းကျွတ် ပိတ်ရက်မတိုင်မီ လေးရက် ကြိုတင်၍ ရောင်းချပေးသွားမည် ဖြစ်ပြီး အထက်တန်းတွဲများ အတွက်မူ နှစ်ရက်ကြိုတင်၍ ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။
အာကာလင်း