အစ္စရေးက လေကြောင်းတိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်နေသဖြင့် ကူညီထောက်ပံ့ရေးပစ္စည်းများ ဂါဇာသို့မရောက်ရှိသေး

 

ဂါဇာ     အောက်တိုဘာ    ၁၉ 


လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာပစ္စည်းများ    ပေးပို့မည့် လမ်းကြောင်းအဖြစ် ယူဆရမည့် ဂါဇာကမ်းမြောင်ဒေသနှင့် အီဂျစ် နယ်စပ်အနီးဒေသတွင်  အစ္စရေး စစ်ဘက်က      လေကြောင်း တိုက်ခိုက်မှုများ    ထပ်မံပြုလုပ် ခဲ့သည်။ 


ဂါဇာ         ပြည်သူများထံသို့  ပေးပို့မည့်     လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ပစ္စည်းများ တင်ဆောင်ထားသည့် ကုန်တင် ယာဉ် စီးရေ ၂၀ ကို ရာဖာ့နယ်စပ်မှ ဖြတ်ကျော်ခွင့်ပေးရန်   အီဂျစ် သမ္မတ     အက်ဘ်ဒ်ယ်ဖာတာ အယ်လ်စီစီနှင့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်တို့     သဘောတူပြီး နောက်    အစ္စရေးတို့၏    ဗုံးကြဲ တိုက်ခိုက်မှုများ    ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။ 


အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက    တောင်ပိုင်း ဂါဇာ        ကမ်းမြောင်ဒေသတွင် နေထိုင်သော     အရပ်သားများ အတွက် အစားအသောက်၊ ရေနှင့် ဆေးဝါးများ ပေးပို့နေသမျှကာလ ပတ်လုံး        အီဂျစ်မှတစ်ဆင့် ဖြတ်ကျော်       ဝင်ရောက်လာမည့်   လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ ပစ္စည်းများကို  ဟန့်တား သွားမည်မဟုတ်ကြောင်း    ပြော ကြားလိုက်သည်။


ထို့အတူ      အစ္စရေးသည် ပါလက်စတိုင်း စစ်သွေးကြွအုပ်စု ဟားမားစ်တို့ထံ      ရောက်မည့်   မည်သည့်   ထောက်ပံ့‌ရေးပစ္စည်း မျိုးကိုမဆို ခွင့်ပြုသွားမည်မဟုတ် ကြောင်း ပြောကြားခဲ့သည်။ 


ထောက်ပံ့ရေး   ပစ္စည်းများ တင်ဆောင်လာသည့်   ကုန်တင် ယာဉ်များသည်   ယခုချိန်အထိ ဂါဇာဒေသသို့   မရောက်ရှိသေး ကြောင်း သိရသည်။ 


အစ္စရေးနှင့်    ဟားမားစ်တို့ ကြား တိုက်ခိုက်မှုတွင်  လူပေါင်း ၅၁၀၀ ကျော်  သေဆုံးခဲ့ပြီးဖြစ် သည်။            

 အင်န်အိတ်ချ်ကေ