အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၏ တိုင်းမှူးဒိုင်း သေနတ်ပစ်ပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

 

နေပြည်တော် အောက်တိုဘာ  ၁၇


အရှေ့အလယ်ပိုင်း  တိုင်းစစ်ဌာနချုပ်၏ ၂၀၂၃ ခုနှစ် တိုင်းမှူးဒိုင်း   သေနတ်ပစ်ပြိုင်ပွဲဖွင့်ပွဲကို    ယနေ့ နံနက်ပိုင်းတွင်     ရှမ်းပြည်နယ်   (တောင်ပိုင်း)  ကျိုင်းတောင်မြို့ရှိ နယ်မြေခံသင်တန်းကျောင်းစက် ပစ်ကွင်း၌ကျင်းပပြုလုပ်ရာ    တိုင်းမှူးဗိုလ်ချုပ်  မျိုးမင်းထွန်းနှင့် တာဝန် ရှိသူများ၊  အရာရှိ၊   စစ်သည်၊ မိသားစုဝင်များ၊   ပြိုင်ပွဲဝင်အားကစားသမားများ   တက်ရောက်ကြသည်။


ဖွင့်လှစ်ပေး


ဦးစွာ တိုင်းမှူးက အဖွင့်အမှာ စကားပြောကြားပြီး မိုးပျံပူဖောင်းကို  ပစ္စတိုပစ်ဖောက်၍   ဖွင့်လှစ်ပေး သည်။ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူ များက အဖွင့်ပွဲစဉ်ဖြစ်သည့် အမျိုးသား၊ အမျိုးသမီး ပစ္စတို ထိ၊ လဲ ပစ်ခတ် စဉ်၊  အမျိုးသားကာဘိုင်၊  စက်လက်၊  ရိုင်ဖယ် ထိ၊ လဲ ပစ်ခတ်စဉ် များအား   သရုပ်ပြပစ်ခတ်နေမှုများကို       ကြည့်ရှုအားပေးကြ သည်။


အသင်းရှစ်သင်း ယှဉ်ပြိုင်သွားမည်


အဆိုပါ သေနတ်ပစ်ပြိုင်ပွဲကို   တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက်   တပ်နယ်အသီးသီးမှ  ပြိုင်ပွဲဝင် အသင်း   ရှစ်သင်းဖြင့် အောက်တိုဘာ   ၂၅   ရက်အထိ ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်