ညောင်လေးပင်မြို့နယ် ပိန်းဇလုပ်ဘူတာနှင့် တော်ဝိဘူတာအကြား မိုင်တိုင်အမှတ်၊ ၉၈/၄-၅ ကြား တံတားအမှတ်(၁၃၆)ရှိရထားလမ်းအား PDF အမည်ခံအကြမ်းဖက်သမားများက မိုင်းထောင် ဖောက်ခွဲဖျက်ဆီး

 

နေပြည်တော်  အောက်တိုဘာ   ၁၇ 


ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ်အတွင်း အောက်တို ဘာ ၇ ရက်မှစတင်၍ မိုးသည်းထန်စွာရွာသွန်းခဲ့သဖြင့် ရေကြီးမှုသဘာဝဘေးအန္တရာယ်ကြောင့် ရထားလမ်း များ ပျက်စီးခဲ့မှုများကို  မြန်မာ့မီးရထားအနေဖြင့် အမြန်ဆုံးမွမ်းမံပြင်ဆင်မှု   ဆောင်ရွက်နိုင်ခဲ့သော ကြောင့် အောက်တိုဘာ  ၁၄  ရက်မှစ၍   ရန်ကုန်-မန္တလေးနှင့် ရန်ကုန်-မော်လမြိုင် ရထားလမ်းပိုင်း လူစီးရထားများ၊  ကုန်ရထားခရီးစဉ်များကို   ပုံမှန် ပြန်လည်ပြေးဆွဲပေးလျက်ရှိသည်။ 


မိုင်းထောင်ဖောက်ခွဲဖျက်ဆီး


ထိုသို့ပြေးဆွဲလျက်ရှိရာ အောက်တိုဘာ ၁၆ ရက် ညနေပိုင်းတွင် မန္တလေးမှထွက်ခွာလာသော မန္တလေး- ရန်ကုန် အမှတ်(၆)အစုန် အမြန်ရထားသည် ယနေ့ နံနက် ၃ နာရီ ၁၅ မိနစ်ခန့်တွင် ပဲခူးတိုင်းဒေသကြီးညောင်လေးပင်မြို့နယ် ပိန်းဇလုပ်ဘူတာနှင့် တော်ဝိ ဘူတာအကြား မိုင်တိုင်အမှတ်၊ ၉၈/၄-၅ ကြားရှိ တံတားအမှတ် (၁၃၆)အနီးသို့  အရောက်၌ PDF အမည်ခံအကြမ်းဖက်သမားများက အစုန်နှင့် အဆန် ရထားလမ်း နှစ်ခုစလုံးအား မိုင်းထောင် ဖောက်ခွဲ ဖျက်ဆီးထားသဖြင့် ရထားပြေးဆွဲနေသော အဆန် ရထားလမ်းနှင့်   ပြန်လည်တည်ဆောက်နေသော အစုန်ရထားလမ်းတို့တွင် တပ်ဆင်ထားသည့်သံလမ်း သစ်များ နှစ်ပေခန့်စီ ပြတ်တောက် ကွေးကောက်ခြင်း၊ သံလမ်းသစ် ခြောက်ချောင်းပျက်စီးခြင်းနှင့် ကွန်ကရစ် ဇလီဖားတုံးများ  ပျက်စီးခဲ့သည်။

 အဆိုပါပျက်စီးမှု ကြောင့်   အမှတ်(၆)  အစုန်အမြန်ရထားသည် ပိန်းဇလုပ်ဘူတာသို့ နောက်ပြန်ဆုတ်၍ ခေတ္တရပ်နား ခဲ့ရသည်။ အလားတူ မန္တလေး-ရန်ကုန် အမှတ်(၄)အစုန်ရထားကိုလည်း   ကျောက်တံခါးဘူတာတွင် ခေတ္တရပ်နားထားခဲ့ရသည်။
ပုံမှန်ပြန်လည်ပြေးဆွဲနိုင်ပြီ
ယင်းသို့ ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် ရထားလမ်း များအား မြန်မာ့မီးရထားဝန်ထမ်းများက အမြန်ဆုံး ပြန်လည်ပြုပြင်ဆောင်ရွက်ခဲ့ရာ  နံနက် ၁၀ နာရီ မိနစ် ၅၀ ခန့်တွင် ပြီးစီးခဲ့သဖြင့် အဆိုပါရထားများ ပုံမှန်ပြန်လည်ပြေးဆွဲနိုင်ပြီဖြစ်ကြောင်း သိရှိရသည်။ 


အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များ အနေဖြင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ စ၍ ယခုအချိန် အထိ မြန်မာ့မီးရထားလမ်းကွန်ရက် တစ်ခုလုံးတွင် ရထားလမ်းနှင့် ရထားဘူတာနယ်မြေအတွင်း ဗုံး ထောင်မိုင်းခွဲ/ တွေ့ရှိခြင်း ၁၂၆ ကြိမ်၊ ရထားတံတား များအား  မိုင်းခွဲဖျက်ဆီးခြင်း  ၄၅  ကြိမ်၊  ဘူတာ အဆောက်အဦနှင့်      ဝန်ထမ်းနေအိမ်များအား  မီးရှို့ဖျက်ဆီးခြင်း   ၁၂  ကြိမ်   ကျူးလွန်ခဲ့ကြပြီး ဖြစ်ကြောင်း သိရှိရသည်။ 


အကြိမ်ကြိမ်ကျူးလွန်


နိုင်ငံတော်အစိုးရအနေဖြင့် အများပြည်သူခရီး သွားလာမှုနှင့် ကုန်စည်ပို့ဆောင်မှု အဆင်ပြေချောမွေ့ မြန်ဆန်စေရေးအတွက်      ရထားလမ်းအခြေခံ အဆောက်အဦများ ပိုမိုကောင်းမွန်လာစေရေး၊ ရထား ပို့ဆောင်ရေးစနစ်ကို အဆင့်မြှင့်တင်နေသည့်   စီမံ ကိန်းလုပ်ငန်းများကို  ရည်မှန်းချက်ထားရှိ၍   စီမံ ဆောင်ရွက်ပေးလျက်ရှိသော်လည်း   အကြမ်းဖက် သောင်းကျန်းသူများက   နိုင်ငံတော်ပိုင် ရထားစက် ခေါင်း၊ တွဲများနှင့်  ခရီးသည်များ၊   ကုန်စည်များ ထိခိုက်ပျက်စီးစေရေး၊ ပြည်သူများအသက်အန္တရာယ် ထိခိုက်ပြီး စိတ်မချမ်းမြေ့စေရေးတို့အတွက်သာမက ရန်ကုန် - မန္တလေးရထားလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်းလုပ်ငန်းများ   အချိန်ပိုမိုကြန့်ကြာစေရန် ရည်ရွယ်ချက်များဖြင့် အကြိမ်ကြိမ်ကျူးလွန်နေကြ သောကြောင့် ဒေသခံပြည်သူတစ်ရပ်လုံးက ပြင်းထန် စွာ   ဆန့်ကျင်ကန့်ကွက်   ရှုတ်ချလျက်ရှိကြောင်း သတင်းရရှိသည်။                              

သတင်းစဉ်