ဂါဇာဒေသခံများအတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီ ကန်ဒေါ်လာ ၁၀ သန်း ဂျပန် ပေးအပ်မည်

 

တိုကျို   အောက်တိုဘာ   ၁၇


ဂါဇာကမ်းမြောင်တွင် လူသားချင်း စာနာ       ထောက်ထားမှုဆိုင်ရာ အခြေအနေများ ပိုမိုဆိုးရွားလာ ချိန်တွင်      ဒေသခံများအတွက် အရေးပေါ်      လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီပံ့ပိုး မှုအဖြစ်    အမေရိကန်ဒေါ်လာ ၁၀  သန်း   ပေးအပ်သွားမည်ဖြစ် ကြောင်း သိရသည်။ 


အပြစ်မဲ့ ပြည်သူများအတွက်     ဆေးကုသမှုများအပြင်    စားနပ် ရိက္ခာ၊  သောက်သုံးရေအပါအဝင်    ကယ်ဆယ်ရေးပစ္စည်းများ လက်ခံ ရရှိရန်အလို့ငှာ          ဂျပန်နိုင်ငံ အနေဖြင့်  သံတမန်ဆက်ဆံရေး ကြိုးပမ်းအားထုတ်မှုများ    ဆက် လက်   လုပ်ဆောင်သွားမည်ဖြစ် ကြောင်း    နိုင်ငံခြားရေးဝန်ကြီး ကာမိကာဝါကယိုကိုက အောက် တိုဘာ ၁၇ ရက်တွင် ပြောသည်။ 


ဂါဇာကမ်းမြောင်      ဒေသခံ များအား နိုင်ငံတကာအဖွဲ့အစည်း များမှတစ်ဆင့်   ထောက်ပံ့ကူညီ သွားမည်ဖြစ်ကြောင်း ကာမိကာဝါ က  ဆက်ပြောသည်။  ထို့အပြင် အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေး ဆိုင်ရာ    အထူးသံတမန်ဖြစ်သူ  ယူအီမူရာ ဆူကာဆာသည် အစိုးရ တာဝန်ရှိသူများနှင့်          တွေ့ဆုံ ဆွေးနွေးမှုများ       ပြုလုပ်နိုင်ရန် အတွက်  အင်္ဂါနေ့မှ တနင်္ဂနွေနေ့ အထိ အီဂျစ်၊ ဂျော်ဒန်နှင့် ကာတာ နိုင်ငံတို့သို့   သွားရောက်မည်ဖြစ် ကြောင်း    ၎င်းက      ဖြည့်စွက် ပြောသည်။ 


အဆိုပါ အထူးသံတမန်သည် အစ္စရေးနှင့်     စစ်သွေးကြွအုပ်စု ဟားမားစ်အကြား  ပဋိပက္ခအရှိန် လျော့စေမည့်   နည်းလမ်းများကို  ဆွေးနွေးသွားမည်   ဖြစ်ကြောင်း သိရသည်။      

အင်န်အိတ်ချ်ကေ