ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း စစ်တွေမြို့တော် သန့်ရှင်းသာယာလှပရေးဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေး၊ ရခိုင်ပြည်နယ် အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီတို့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

 

စစ်တွေ     အောက်တိုဘာ  ၁၇


ရခိုင်ပြည်နယ်     သဘာဝဘေး အန္တရာယ်ဆိုင်ရာ    စီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်ဝန်ကြီး များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ     ယနေ့နံနက်ပိုင်းက စစ်တွေမြို့တော်  သန့်ရှင်းသာယာ လှပရေး     ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။


ဦးစွာ   ပြည်နယ်ဝန်ကြီးချုပ် နှင့်အဖွဲ့သည်   စစ်တွေမြို့တော် သန့်ရှင်းသာယာလှပရေးအတွက် စစ်တွေမြို့      မြို့လယ်ချောင်း တံတားအနီး    သန့်ရှင်းသာယာရေး၊ မိဇံကမ်းနားလမ်းနှင့်  မိဇံပန်းခြံ သန့်ရှင်းသာယာရေး   ဆောင်ရွက် နေမှုတို့ကို     လှည့်လည်ကြည့်ရှု စစ်ဆေးပြီး     လိုအပ်သည်များ မှာကြားသည်။


ဆက်လက်၍ ပြည်နယ်ဝန်ကြီး ချုပ်နှင့်အဖွဲ့သည်      ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ မိဇံကမ်းနား လမ်းတွင်    ဈေးရောင်းချနေကြ သည့်  ဈေးသူ၊  ဈေးသားများနှင့် တွေ့ဆုံပြီး    ဦးဥတ္တမပန်းခြံအနီး အခွန်လွတ်ဈေး   ဖွင့်လှစ်ရောင်းချ နိုင်ရေး    လျာထားမြေနေရာအား သွားရောက်ကြည့်ရှုစစ်ဆေးသည်။


မွန်းလွဲပိုင်းတွင်     ပြည်နယ် ဝန်ကြီးချုပ်သည်   ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံး    အစည်းအဝေး ခန်းမ၌ ရခိုင်ပြည်နယ်  အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွား ရေးလုပ်ငန်းများ   ဖွံ့ဖြိုးတိုးတက် ရေးအေဂျင်စီတို့၏     လုပ်ငန်း ညှိနှိုင်းအစည်းအဝေးသို့      တက် ရောက်သည်။


ညှိနှိုင်း    အစည်းအဝေးတွင် ရခိုင်ပြည်နယ်       အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွား ရေးလုပ်ငန်းများ   ဖွံ့ဖြိုးတိုးတက် ရေးအေဂျင်စီနာယက၊   ပြည်နယ် ဝန်ကြီးချုပ်    ဦးထိန်လင်းက ရခိုင်ပြည်နယ် အစိုးရအဖွဲ့အနေ ဖြင့်     ပြည်နယ်အတွင်းရှိသည့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် ရေးအတွက်  အားပေးဆောင်ရွက် လျက်ရှိကြောင်း၊      နိုင်ငံတော် အကြီးအကဲကလည်း      ရခိုင် ပြည်နယ်တွင်   One Region One Product ထုတ်ကုန်အဖြစ် ဆန်စပါး လုပ်ငန်း      အဆင့်မြှင့်တင်ရေး၊ ရေထွက်ကုန်လုပ်ငန်းတိုးမြှင့်ရေး နှင့်   ရိုးရာရက်ကန်းလုပ်ငန်းများအဆင့်မြှင့်တင်ရေးတို့ကို    ပံ့ပိုး ဆောင်ရွက်ပေးနိုင်ရေး လမ်းညွှန် မှာကြားထားပါကြောင်း၊   မိမိတို့ ဒေသသည် စိုက်ပျိုးရေးနှင့် မွေးမြူ ရေးကို  အခြေခံဆောင်ရွက်ရမည့် ဒေသဖြစ်ကြောင်း၊ ထို့အတူ ရိုးရာ ရက်ကန်းလုပ်ငန်းများသည်  မိမိ တို့၏ ဘိုးစဉ်ဘောင်ဆက် ဆောင် ရွက်ခဲ့သည့် လုပ်ငန်းများဖြစ်သည့် အတွက်     ယခုလုပ်ငန်းများကို အခြေခံပြီး    ဒေသဖွံ့ဖြိုးတိုးတက် အောင် ဆောင်ရွက်သွားရမည်ဖြစ် ကြောင်း၊  ထို့အတူ  ဒေသတွင်း ရေချိုရေငန်ငါးများကို  စနစ်တကျ မွေးမြူထုတ်လုပ်နိုင်ရန်နှင့်     ကုန် ထုတ်လုပ်မှုလုပ်ငန်းများကို တိုးမြှင့် ဆောင်ရွက်နိုင်ရန်    လိုအပ်မည် ဖြစ်ကြောင်း၊   အလားတူ    ရိုးရာ ရက်ကန်း    လုပ်ငန်းများအတွက် သဘာဝဆိုးဆေး      နည်းပညာ သင်တန်းများ၊    အထည်ဒီဇိုင်း ရေးဆွဲခြင်း     သင်တန်းများနှင့် လက်ရက်ကန်း    သင်တန်းများ၊ စက်ရက်ကန်း     သင်တန်းများကို အားပေးမြှင့်တင်ပြီး သင်တန်းများ တိုးမြှင့်     ဖွင့်လှစ်သွားရမည်ဖြစ် ကြောင်း၊     ပြည်နယ်အတွင်းရှိ MSME     လုပ်ငန်းများ   ရင်းနှီး မတည်ငွေ          ရရှိရေးအတွက် စည်းကမ်းချက်နှင့်    ကိုက်ညီသော လုပ်ငန်းရှင်များကို  ချေးငွေထုတ် ပေးနိုင်ရန်အတွက် မိမိတို့ပြည်နယ် အစိုးရအဖွဲ့က   ပူးပေါင်းပါဝင် ဆောင်ရွက်လျက်ရှိကြောင်း၊ သို့မှ သာ    ရခိုင်ပြည်နယ်အတွင်းရှိ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် လာမည်ဖြစ်ကြောင်း၊       ရခိုင် ပြည်နယ် MSME အေဂျင်စီတွင် ပါဝင်သော        ဌာနဆိုင်ရာများ အားလုံး ဝိုင်းဝန်းပူးပေါင်းဆောင် ရွက်သွားကြရမည်   ဖြစ်ကြောင်း စသည်ဖြင့် ပြောကြားသည်။


ထို့နောက်     ရခိုင်ပြည်နယ် အသေးစား၊    အငယ်စားနှင့် အလတ်စား   စီးပွားရေးလုပ်ငန်း များ  ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ အတွင်းရေးမှူး၊    ပြည်နယ်စက်မှု ကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီး ဌာန  ပြည်နယ်ဦးစီးမှူး ဦးကျော် ကျော်ညွန့်က    ရခိုင်ပြည်နယ် အတွင်း MSME လုပ်ငန်းရှင်များ၏ လုပ်ငန်း  ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြပြီး ရခိုင်ပြည်နယ် အသေးစား၊    အငယ်စားနှင့် အလတ်စား    စီးပွားရေးလုပ်ငန်း များ  ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ ဥက္ကဋ္ဌ၊   ပြည်နယ်စီးပွားရေးရာ ဝန်ကြီး ဦးစံရွှေမောင်က ဖြည့်စွက် ရှင်းလင်းတင်ပြကာ     အေဂျင်စီ အဖွဲ့ဝင်များက   ရခိုင်ပြည်နယ် အတွင်း    MSME  လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်း အကြံပြုဆွေးနွေးတင်ပြကြသည်။


တင်ပြချက်များ       အပေါ်  ပြည်နယ်ဝန်ကြီးချုပ်က ပြန်လည် ဆွေးနွေးပေးကာ  နိဂုံးချုပ်အမှာ စကားပြောကြားခဲ့ကြောင်း သိရ သည်။      

တင်ထွန်း(ပြန်/ဆက်)