ပြည်နယ်အကျိုး၊ နိုင်ငံအကျိုးကိုရွက်သယ်ပိုးနိုင်သော ထူးချွန်သည့် စိုက်ပျိုးမွေးမြူရေးပညာရှင်များဖြစ်အောင် ကြိုးစားကြစေလို

 

ဘားအံ  အောက်တိုဘာ  ၁၇


ကရင်ပြည်နယ်ဝန်ကြီးချုပ်        ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊  ဌာနဆိုင်ရာ တာဝန်ရှိ သူများနှင့်အတူ  အောက်တိုဘာ ၁၆ ရက်က   ဘားအံ မြို့နယ်  ဒုံရင်းအခြေခံပညာအထက်တန်းကျောင်း ၌     တွဲဖက်ဖွင့်လှစ်ထားသော     စိုက်ပျိုးရေး၊ မွေးမြူရေးအထက်တန်းကျောင်းမှ    ကျောင်းသား ကျောင်းသူများအား  သွားရောက်တွေ့ဆုံ၍  အားပေး စကား  ပြောကြားသည်။


ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဒုံရင်း အခြေခံပညာအထက်တန်းကျောင်းတွင်    တွဲဖက် ဖွင့်လှစ်ထားသော   စိုက်ပျိုးရေး၊    မွေးမြူရေး အထက်တန်းကျောင်း၏   စာသင်ခန်း၊  စာသင်ဆောင်၊ စားဖိုဆောင်၊ ကျောင်းသား   ကျောင်းသူအိပ်ဆောင်၊ သင်ထောက်ကူပစ္စည်း၊ ပရိဘောဂများနှင့် ရေ၊ မီး၊ မိလ္လာ ပြည့်စုံလုံလောက်မှုရှိ/မရှိ လှည့်လည်ကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားကာ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက် ပေးသည်။


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် ကျောင်သားကျောင်းသူများနှင့်တွေ့ဆုံရာ   ပညာသင်ကြားရေး၊ နေထိုင်စားသောက်ရေးမှအစ လိုအပ်သည်များကိုပေါင်းစပ်ညှိနှိုင်း  ဖြည့်ဆည်းဆောင်ရွက်ပေးထားပြီး အဆင်ပြေခြင်းရှိ/မရှိ လာရောက်ကြည့်ရှုအားပေးခြင်း ဖြစ်ကြောင်း၊   တစ်ကိုယ်ရေသန့်ရှင်းရေး၊   ကျောင်း သန့်ရှင်းရေးနှင့်    ကျန်းမာရေးကို    အထူးဂရုပြု အလေးထားကြစေလိုပြီး စိုက်ပျိုးမွေးမြူရေးပညာရှင် များအဖြစ်  ရည်မှန်းချက်ပေါက်မြောက်အောင်မြင် အောင်  ကြိုးစားလေ့လာသင်ယူကြစေလိုကြောင်း၊ မည်သည့်နေရာတွင်မဆို  ကြိုးစားသူများအတွက်သာ နေရာရှိပြီး  ပြည်နယ်အကျိုး၊   နိုင်ငံတော်အကျိုးကို ရွက်သယ်ပိုးနိုင်သော  ထူးချွန်သည့်  စိုက်ပျိုးမွေးမြူရေးပညာရှင်များဖြစ်အောင်    ကြိုးစားကြစေလို ကြောင်း အားပေးစကားပြောကြားသည်။


ဒုံရင်း စိုက်ပျိုးမွေးမြူရေးတွဲဖက်အထက်တန်း ကျောင်းတွင် စိုက်ပျိုးရေးဘာသာရပ်၌ ကျောင်းသား ကျောင်းသူ ၃၀၊ မွေးမြူရေးဘာသာရပ်၌ ကျောင်းသား ကျောင်းသူ ၂၈ ဦး  စုစုပေါင်း ၅၈ ဦး တက်ရောက် ပညာသင်ကြားလျက်ရှိပြီး ကျောင်းသား ကျောင်းသူ၊ ဆရာ ဆရာမများက   ကြုံတွေ့ရသည့်အခြေအနေ များ၊ လိုအပ်သည်များကို  တင်ပြကြရာ  ပြည်နယ် ဝန်ကြီးချုပ်က      ပေါင်းစပ်ညှိနှိုင်း      ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။


ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် ၂၀၂၃-၂၀၂၄   ဘဏ္ဍာနှစ်   ပြည်ထောင်စုရန်ပုံငွေဖြင့် ဒုံရင်း စိုက်ပျိုးမွေးမြူရေး   တွဲဖက်အထက်တန်းကျောင်း တွင်  တင်ဒါအောင်ကုမ္ပဏီက တာဝန်ယူတည်ဆောက် နေသော (၁၁၄ ပေ x ၃၂ ပေ) RC နှစ်ထပ်စာသင်ဆောင် တည်ဆောက်ရေးလုပ်ငန်းကို    ကြည့်ရှုစစ်ဆေးခဲ့ ကြောင်း သိရသည်။      

စောမျိုးမင်းသိန်း(ပြန်/ဆက်)