
ဗီယင်ကျန်း အောက်တိုဘာ ၁၃
တရုတ်-လာအို ရထားလိုင်းတွင် တာဝန် ထမ်းဆောင်ရန် ဝန်ထမ်း များအတွက် လာအိုနိုင်ငံ၏ ပထမဆုံးသော ရထားလုပ်ငန်း ဆိုင်ရာ လေ့ကျင့်ရေးကောလိပ် ကို တရားဝင်ဖွင့်လှစ်လိုက်ပြီ ဖြစ်သည်။
တရုတ်နိုင်ငံအစိုးရ ထောက်ပံ့ ကူညီမှုဖြင့် တည်ဆောက်ခဲ့သည့် အဆိုပါ ကောလိပ်ဖွင့်ပွဲ အခမ်း အနားကို အောက်တိုဘာ ၁၂ ရက် က ကျင်းပရာ လာအိုသမ္မတ ထောင်လွန်းဆီဆုလစ်တက်ရောက် ဖွင့်လှစ်ပေးခဲ့သည်။
ကောလိပ်မဖွင့်မီ လျှောက်ထား သူ ၃၆၀ ခန့် ဝင်ခွင့်စာမေးပွဲများ အောင်မြင်ခဲ့ပြီး ရထားမောင်းနှင်မှု၊ ဘူတာရုံဝန်ဆောင်မှုများ၊ လျှပ်စစ် ပြုပြင်ရေး၊ စက်ပြုပြင်ထိန်းသိမ်း ရေးနှင့် အခြားရထားလုပ်ငန်း ဆိုင်ရာသင်တန်းများ တက်ရောက် ခွင့်ရရှိမည်ဖြစ်သည်။
ကောလိပ်တွင် ဟောပြော ခန်း၊ လက်တွေ့လေ့ကျင့်ရေး အဆောက်အအုံ၊ အုပ်ချုပ်ရေး အဆောက်အအုံ၊ စာကြည့်တိုက်၊ စားဖိုဆောင်၊ ကျောင်းသား အိပ်ဆောင်နှင့် အခြားသော အဆောက်အအုံများ ပါဝင်သည်။ သင်တန်းသားများကို တရုတ်နိုင်ငံ တွင် ရထားလမ်းပိုင်းဆိုင်ရာ လေ့ကျင့်မှုများ ရရှိထားသည့် တရုတ်နှင့် လာအိုမှ ဆရာ ဆရာမ များက သင်ကြားပေးမည်ဖြစ် သည်။
ဆင်ဟွာ