ပဲခူးမြို့ ရေဘေးသင့်ပြည်သူများအတွက် စားသောက်ဖွယ်ရာများ လှူဒါန်း

 

ကျောက်တန်း   အောက်တိုဘာ  ၁၃


ရန်ကုန်တိုင်းဒေသကြီး   ကျောက်တန်းမြို့   အနောက်ပိုင်းရပ်ကွက် ဇေယျာသိဒ္ဓိကျောင်းတိုက်ဆရာတော်   ဦးဓမ္မသာရ   ဦးဆောင်ပြီး အလှူရှင်များ  လှူဒါန်းမှု  စုစုပေါင်းကျပ်သိန်း ၅၀ တန်ဖိုးရှိ ဆန် ၂၆ အိတ်၊ ဆီ ၃၂၅ ပိဿာ၊ ရေသန့်ကတ် ၂၉၀၊ ခေါက်ဆွဲခြောက် ဖာ ၉၀၊ မုန့်မျိုးစုံ ၃၃၆ ဖာ၊ ဆပ်ပြာ ၁၀ ကတ်တို့ကို  အောက်တိုဘာ ၁၃ ရက် နံနက်ပိုင်းက ပဲခူးမြို့ ကျောက်ကြီးစုရပ်ကွက်နှင့် ဇိုင်းဂနိုင်းကြီးရပ်ကွက် တို့ရှိ   ရေကြီးနစ်မြုပ်မှုဖြစ်ပွားခဲ့သော    ရေဘေးသင့်ဒေသခံပြည်သူ အိမ်ထောင်စု   ၄၅၀   အတွက် သွားရောက်လှူဒါန်းခဲ့ကြောင်း သိရ သည်။                                       

   (၂၀၉)