၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အထောက်အကူပြု ရူပဗေဒဘာသာရပ် သိကောင်းစရာများ

 

ဒေါက်တာယဉ်မောင်မောင်၊ ပါမောက္ခ(ဌာနမှူး) ရူပဗေဒဌာန

အခြေခံပညာအဆင့် သင်ရိုးညွှန်းတမ်းနှင့် သင်ရိုးမာတိကာများ ပြုပြင်ပြောင်းလဲမှုအစီအစဉ် KG + 12 အရ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တွင် စတင်မည့် Grade 12 သည် အခြေခံပညာအဆင့် စနစ်သစ် ပညာရေးနှင့်ပတ်သက်၍ ကျောင်းသား ကျောင်းသူများအနေဖြင့် ပထမဆုံးကြုံတွေ့ရမည်ဖြစ်ပါသည်။  ဤအတန်းသည် အဆင့်မြင့် ပညာရပ်များ၏ အခြေခံအချက်အလက်များကို မိတ်ဆက်ပေးရမည် ဖြစ်သည့်အတွက် ဘာသာရပ်တစ်ခုစီ၏ အကြောင်းအရာအသေးစိတ် ကို လေ့လာရမည်ဖြစ်ပါသည်။ ပထမဦးဆုံးအနေဖြင့် Grade 12 ရူပဗေဒဘာသာရပ် Text book တွင် အဓိကအားဖြင့်  Mechanics, Energy, Electricity & Magnetism နဲ့ Modern Physics ဆိုပြီး အပိုင်း (၄)ပိုင်း ခွဲထားပြီး  သင်ခန်းစာ  အခန်း(၁၃) ခန်း ပါရှိပါသည်။  
Mechanics အပိုင်းမှာ အခန်း (၃) ခန်း (3 chapters) ပါရှိပါသည်။ Chapter (1) Rotational Motion, Chapter (2) Forces in Circular Motion နှင့် Chapter (3) Fluid Dynamics တို့ဖြစ်သည်။ Chapter (1) Rotational Motion ခေါင်းစဉ်အောက်တွင် လည်ပတ်ရွေ့လျားမှု (rotational motion)နှင့် စက်ဝိုင်းပုံရွေ့လျားမှု (circular motion) နှစ်ခုအကြောင်းကို လေ့လာရမှာဖြစ်သည်။ ရွေ့လျားမှုများကိုလေ့လာ ရာမှာ စကြဝဠာထဲမှာ နေကိုဗဟိုပြု၍ ကမ္ဘာကြီးလည်ပတ်နေခြင်းနဲ့ယှဉ်ပြီး လေ့လာသိရှိနိုင်ပါသည်။ ကမ္ဘာဂြိုဟ်သည် မိမိဝင်ရိုးပေါ်မှာ လည်ပတ်နေသည့်အတွက် ကမ္ဘာပေါ်မှာရှိနေကြတဲ့ သက်ရှိသက်မဲ့ အရာဝတ္ထုအားလုံးမှာလည်း လိုက်၍ လည်ပတ်နေပါသည်။ ထိုကဲ့သို့ ဝင်ရိုးတစ်ခုမှာ လည်ပတ်နေသော ရွေ့လျားမှုမျိုးကို rotational motion ဟုခေါ်ပါသည်။ ကမ္ဘာကို satellite က ပတ်တာမျိုး၊ နေကို ကမ္ဘာက ပတ်သလိုမျိုး၊ nucleus ကို electron က ပတ်သလိုမျိုးတွေကို circular motion ဟုခေါ်ပါသည်။ ပိုမိုရိုးရှင်းစွာပြောရမည်ဆိုလျှင် အမှတ် တစ်မှတ်ကို ဗဟိုပြုပြီး အဲဒီဗဟိုနှင့်ထိတွေ့မှုမရှိဘဲ လည်ပတ်နေတာကို circular motion ဟုခေါ်ပါသည်။  
Chapter (2) Forces in Circular Motion ဆိုသည့်  ခေါင်းစဉ် တွင်  စက်ဝိုင်းပုံပတ်လမ်းနှင့်  လည်ပတ်နေသည့်  ဝတ္ထုတွေအပေါ် သက်ရောက်နေသည့် အားတွေရဲ့အကြောင်းကို လေ့လာရမှာဖြစ်ပါ သည်။ အမှတ်တစ်ခုကို ဗဟိုပြုပြီး ဝတ္ထုတစ်ခုလည်ပတ်နိုင်ခြင်းမှာ ဗဟိုမှဝတ္ထုအပေါ် ဆွဲအားသက်ရောက်ထားလို့ဖြစ်ပါသည်။ ကမ္ဘာက လကို ဆွဲထားသည့်အတွက်   လက  ကမ္ဘာကိုပတ်နေနိုင်တာဖြစ်ပါသည်။ ကမ္ဘာက လအပေါ် သက်ရောက်သည့် ဒြပ်ဆွဲအားမှာ ဗဟိုဦးတည်အား (သို့) ဗဟိုချဉ်းအား (Centripetal force) ဖြစ်ပါသည်။   Nucleus မှ electron  အပေါ် လျှပ်စစ်အား(Coulomb’s force) နှင့် ဆွဲထားသည့် အတွက် nucleus ကို electron က ပတ်နေခြင်းဖြစ်သည်။ Coulomb’s force (or) electric force မှာ centripetal force ဖြစ်ပါသည်။
Chapter (3) အခန်းသည် Fluid Dynamics ဖြစ်ပါသည်။ liquid နှင့် gas ကို ပေါင်းပြီး ငွေ့ရည်(Fluid)ဟု ခေါ်ပါသည်။ Dynamics ဆိုသည် မှာ (solid, liquid, gas)စသည့်  ဒြပ်သား(Matter)တွေအပေါ် သက်ရောက်သည့်အားကို    လေ့လာသည့်ဘာသာရပ်ဖြစ်ပါသည်။ ထို့ကြောင့် Fluid Dynamics သည်  အရည်နှင့် အငွေ့များအပေါ် သက်ရောက်သည့်အားတွေကို လေ့လာသည့်ပညာရပ်ဖြစ်ပါသည်။ ဤအခန်းတွင်   အရည်တွေရဲ့ရွေ့လျားမှုနှစ်ခုဖြစ်သော   laminar ရွေ့လျားမှု (laminar flow)နှင့် turbulent ရွေ့လျားမှု (turbulent flow) ကို  လေ့လာရပါမည်။ Continuity equation နှင့် Bernoulli’s equation တို့ကို အသုံးပြုပြီး အရည်တွေ၏ ရွေ့လျားမှုကို လေ့လာပါ မည်။ ထို့အပြင် အရည်တစ်ခု၏ စေးပျစ်မှု (viscosity or fluid friction) နှင့် အရည်တစ်ခု၏ မျက်နှာပြင်တင်းအား (surface tension)တို့ကို လည်း လေ့လာရပါမည်။
Energy အပိုင်းတွင်မူ အခန်း (၅) ခန်း (5 chapters) ပါရှိပါသည်။ Chapter (4) Sources of Energy and Environmental Impacts, Chapter (5) Heat Transfer and Thermodynamics, Chapter (6) Effects and Characteristics of Sound, Chapter (7) Applications of Light and Optical Instruments နှင့် Chapter (8) Interference and Diffraction of Light တို့ဖြစ်သည်။ 
Chapter (4) Sources of Energy and Environmental Impacts ဆိုသည့် ခေါင်းစဉ်အောက်တွင် Energy demand and crisis ဆိုသည့် အပိုင်းမှစပြီး energy sources များ၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် (renewable energy)နှင့်  ပြန်လည်ပြည့်ဖြိုးမြဲမဟုတ်သော စွမ်းအင် (Non-renewable energy)အကြောင်းများကို လေ့လာရမှာဖြစ်ပါ သည်။ Environmental Impacts နှင့် Consequences အကြောင်း များကိုလည်း လေ့လာရပါမည်။ ယခုအချိန်မှာ ရေပန်းအစားဆုံး Renewable energy တွေဖြစ်တဲ့ Solar energy, Wind energy, Hydro energy, Tidal energy, Geothermal energy နှင့် Biomass တို့ရဲ့ အကြောင်းကိုလည်း လေ့လာရမည်ဖြစ်သည်။
Non-Renewable energy sources တွေဖြစ်တဲ့ coal, natural gas, crude oil နှင့် nuclear fuel တို့ကိုလည်း လေ့လာပါမည်။ Renewable energy တွေထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ solar energy ကို လေ့လာနိုင်ဖို့အတွက် solar technology ကို သိရမှာဖြစ်ပါသည်။
Solar နည်းပညာ (Solar Technology)အကြောင်းကို  အနည်း ငယ် ရှင်းပြပါမည်။ (Solar Technology)သည် အခြေခံရူပဗေဒ သဘောတရားတစ်ခုဖြစ်သော စွမ်းအင်တည်မြဲခြင်းနိယာမ (law of conservation of energy)နှင့်လည်း ဆက်စပ်ပါသည်။ Solar cell များသည် light energy မှ electrical energy သို့  ပြောင်းလဲပေးသည့် ပစ္စည်းများ ဖြစ်သည်။ Solar cell ကို photovoltaic cell ဟူ၍လည်း ခေါ်သည်။ Solar cell များကို ပေါင်းစပ်လိုက်လျှင် solar module ရပြီး solar module များကို စနစ်တကျ ပေါင်းစပ်လိုက်သည့်အခါ Solar panel ကိုရရှိသည်ဟု အကြမ်းဖျင်းသိထားရမည်။ Solar panel တစ်ခုမှ လျှပ်စစ်စွမ်းအင်ပမာဏများစွာကို ထုတ်ယူသုံးစွဲနိုင်သည်။ 
Solar cell များကို semiconductor materials များဖြင့်  ပြုလုပ် ထားသည်။ Solar cell တစ်ခုတွင် အဓိကအားဖြင့် p-n junction ပါဝင်သည်။ ထို့ကြောင့် Solar cell တစ်ခုသည် in dark condition ၌ diode အဖြစ် ပြုမူသည်။ အလင်းကျရောက်သည့်အခါမှသာ solar nature ပြပါသည်။  Solar cell ရဲ့ polished surface ပေါ်သို့ light (အလင်း)ကျရောက်သည့်အခါ semiconductor crystal မှ light photon များကို စုပ်ယူပြီး electron-hole များကို ဖြစ်ပေါ်စေပါသည်။ light energy (photon) မှ electrical energy (voltage) သို့ ပြောင်းလဲ သည့်ဖြစ်စဉ်ကို photovoltaic effect ဟုခေါ်သည်။ Photovoltaic effect သည် အလင်းမှ လျှပ်စစ်စွမ်းအင်ထုတ်ယူခြင်းအတွက် အခြေခံ အချက်ဖြစ်ပါသည်။
Semiconductor crystal မှ အလင်းဖိုတွန်များကို စုပ်ယူပြီး electron-hole များကို ဖြစ်ပေါ်လာစေပါသည်။ p-n junction (solar cell) ကို ပြင်ပလျှပ်စီးပတ်လမ်း (External circuit) နှင့် ဆက်သွယ်ခြင်း အားဖြင့် external circuit ကို အလုပ်လုပ်ပေးခြင်းဖြစ်သည်။  Solar cell တစ်ခုရဲ့ efficiency ဆိုသည်မှာ solar cell မှ စွမ်းအင်ထွက်ရှိမှု နှင့် cell ပေါ်သို့ ကျရောက်သော အလင်းစွမ်းအင်တို့၏ အချိုးဖြစ်သည်။
Chapter (5) Heat Transfer and Thermodynamics တွင် Heat transfer, Thermodynamics နှင့် Heat engines တို့ပါဝင်ပါ သည်။ သာမိုဒိုင်းနမစ် ဆိုသည်မှာ အပူစွမ်းအင်သုံး အင်ဂျင်များ၊ လျှပ်စစ် ဓာတ်အားပေးစက်ရုံများ၊ ဓာတုဆိုင်ရာ ဓာတ်ပြုခြင်း၊ ပြိုကွဲခြင်းနှင့် ရေခဲသေတ္တာကဲ့သို့သော အသုံးချပစ္စည်းများ စသည်တို့တွင် အလွန် အသုံးကျပြီး အခြေခံကျသော ပညာရပ်ဖြစ်ပါသည်။
Chapter (6) Effects and Characteristics of Sound တွင် အသံနှင့် ပတ်သက်သည့် အကြောင်းအရာများပါဝင်သည်။
Chapter (7) Applications of Light and Optical Instruments အခန်းတွင် အလင်းဆိုင်ရာအသုံးချမှုများနှင့် သက်ဆိုင်သောပစ္စည်းကိရိယာများအကြောင်း ပါဝင်ပါသည်။
Chapter (8) Interference and Diffraction of Light တွင် အလင်းလှိုင်းထပ်ခြင်းနှင့် အလင်းလှိုင်းကွေ့ခြင်းအကြောင်းများကို လေ့လာရမှာဖြစ်ပါသည်။
Electricity & Magnetism အပိုင်းတွင် အခန်း (3) ခန်း (3 chapters)  ပါရှိပါသည်။ Chapter (9) Capacitor and Capacitance, Chapter (10) Electrical Energy, Power and Heating Effect of Electric Current နှင့် Chapter (11) Electromagnetic Induction, Generation and Distribution of Electricity တို့ပါဝင်သည်။ 
Chapter (9) Capacitor and Capacitance တွင် လျှပ်သိုပစ္စည်း များနှင့် လျှပ်သိုသတ္တိများအကြောင်းကို ဖော်ပြထားပါသည်။ Capacitor အမျိုးမျိုးနှင့် ၎င်းတို့၏ အသုံးချမှုများကိုလည်း ဖော်ပြထားပါသည်။ Capacitance နှင့်  dielectric constant တို့၏  ဆက်စပ်မှုများ၊ Capacitor တစ်ခုတွင် သိုလှောင်နိုင်သော လျှပ်စစ်စွမ်းအင်များနှင့် Capacitor များကို Charging နှင့် discharging ပြုလုပ်ပုံ အသီးသီးကို ဤအခန်းတွင် ရှင်းလင်းဖော်ပြထားပါသည်။ Capacitor များ၏ ပေါင်းစပ်ချိတ်ဆက်မှုများကိုလည်း ဤအခန်းအား လေ့လာခြင်းဖြင့် သိရှိနိုင်ပါသည်။
Chapter (10) Electrical Energy, Power and Heating Effect of Electric Current တွင် လျှပ်စစ်စွမ်းအင်၊ လျှပ်စစ်စွမ်းအားများ အကြောင်းကို ဖော်ပြထားပြီး လျှပ်စီးကြောင်းများ၏ အပူကြောင့် သက်ရောက်မှုများအကြောင်းကို ရှင်းလင်းဖော်ပြထားပါသည်။ 
Chapter (11) Electromagnetic Induction, Generation and Distribution of Electricity အခန်းတွင် Electric current နှစ်မျိုး၊ လျှပ်စစ်သံလိုက်ညှို့ယူခြင်း   (Electromagnetic induction)နှင့် ၎င်းကိုအသုံးချပုံများ၊ Generation and distribution of electricity နှင့် နေအိမ်များတွင်  လျှပ်စစ်အသုံးပြုရာ၌ ဖြစ်ပေါ်စေနိုင်သော အန္တရာယ်များအကြောင်းတို့ကို လေ့လာနိုင်ပါသည်။ 
Modern Physics အပိုင်းတွင် အခန်း (၂)ခန်း (Chapter 12 & 13) ပါဝင်သည်။ Chapter (12) Digital Electronics and Communication System နှင့် Chapter (13) Modern Physics တို့ဖြစ်သည်။
Chapter (12) တွင် Digital Electronics and Communication System များအကြောင်းကို   လေ့လာနိုင်ပါသည်။   Diodes များ အကြောင်း (Zener, LED, Photodiode)နှင့် ၎င်းတို့၏ analog, digital, wired (line)နှင့် wireless ဆက်သွယ်ရေးနည်းလမ်းများအပြင် modulation နှင့် demodulation အကြောင်းအရာများပါ ဖော်ပြထား ပါသည်။
Chapter (13) Modern Physics အခန်းသည် Grade 12 ရူပဗေဒ ဘာသာရပ်၏ နောက်ဆုံးအခန်းလည်းဖြစ်ပါသည်။ ဤအခန်းတွင် အပိုင်း (၃) ပိုင်း ပါဝင်ပါသည်။ Nuclear Physics၊ Quantum Mechanics နှင့် Special theory of relativity တို့ဖြစ်ပါသည်။ 
Nuclear Physics အပိုင်းတွင် ရေဒီယိုသတ္တိကြွခြင်း (radioactivity)၊ radioisotope များအကြောင်းနှင့် nuclear energy အကြောင်းတို့ ပါရှိပါသည်။ Nuclear reaction များအကြောင်းတွင် ကြီးမားသော စွမ်းအင်ပမာဏကို ထုတ်လုပ်ပေးနိုင်သော fission reaction အကြောင်း ကို ဖော်ပြထားပြီး Reactor physics အနေနှင့်လည်း nuclear reactor  အကြောင်းကို ပုံများနှင့်တကွ ဖော်ပြထားသည်။ Nuclear energy ထုတ်လုပ်ရာတွင်   မရှိမဖြစ်အရေးပါသော   Uranium-235 (သို့) Plutonium-239တို့၏ fission reaction အကြောင်းနှင့် စွန့်ထုတ် လိုက်သော Radioactive waste များကြောင့်  ဖြစ်ပေါ်လာသော environmental impact များအကြောင်းကိုလည်း ဆွေးနွေးထား ပါသည်။
Radioactive dating ဆိုသည်မှာ အရာဝတ္ထုပစ္စည်းများမှ ထွက် လာသည့် ရေဒီယိုသတ္တိကြွရောင်ခြည်ပမာဏကို တိုင်းတာပြီး အဆိုပါ ပစ္စည်းများ၏ သက်တမ်းကို ခန့်မှန်းသည့် နည်းလမ်းတစ်ခုဖြစ်သည်။ Uranium-238 မှ Lead-206 သို့၊ Potassium-40 မှ Argon-40 သို့ decay ဖြစ်သွားသည့် ရေဒီယိုသတ္တိကြွအိုင်ဆိုတုပ်များကို လေ့လာပြီး ကျောက်သားများ၏ သက်တမ်းကို ခန့်မှန်းနိုင်သည်။
Carbon 14  သည်   လေထဲတွင်သာမက  အသက်ရှင်လျက်ရှိကြသော အပင်နှင့်သတ္တဝါများ၏  ခန္ဓာကိုယ်အတွင်းမှာလည်းရှိသည်။ လွန်ခဲ့ သော နှစ်သန်းပေါင်းများစွာက သေဆုံးခဲ့သည့် အပင်နှင့်သတ္တဝါများ၏ ရုပ်ကြွင်းများတွင်လည်းရှိကြသည်။ Carbon 14 ၏ half life မှာ ၅၇၃၀ နှစ် ဖြစ်သည်။ ရုပ်ကြွင်းများအတွင်းရှိ Carbon 14 မှ ထွက်လာ သည့် ရေဒီယိုသတ္တိကြွရောင်ခြည်ထွက်နှုန်း(activity)ကို တိုင်းတာ ပြီး ရုပ်ကြွင်းများ၏ သက်တမ်းကို ခန့်မှန်းနိုင်သည်။ 
Radioactive dating ကို ရှေးဟောင်းသုတေသန (Archaeology)၊ ဘူမိဗေဒ(Geology)၊  ကျောက်ဖြစ်ရုပ်ကြွင်းပညာ (Palaeontology) နှင့် ၎င်းတို့နှင့်သက်ဆိုင်သည့် သုတေသနနယ်ပယ်များတွင် အသုံးပြုပါ သည်။ Dating  နည်းလမ်းအလိုက် မတူကွဲပြားသော Principle နှင့် Limitation တို့ကို သိရှိနားလည်နိုင်ပါသည်။ 
Quantum Mechanics အပိုင်းတွင် Wave particle dual nature နှင့် quantization of angular momentum in theory of hydrogen atom များအကြောင်းကို  ထည့်သွင်းဖော်ပြထားပါသည်။ ရူပဗေဒ၏ အနှစ်သာရတစ်ခုဖြစ်သော special theory of relativity ၏ အခြေခံ သဘောတရားအချို့ကို Modern Physics ၏ အပိုင်းတစ်ပိုင်းအနေဖြင့် လေ့လာသိရှိနိုင်ပါသည်။
Grade–12 အတွက် 2023-2024 ပညာသင်နှစ်မှစပြီး matriculation examination နှင့် completion examination နှစ်မျိုးစလုံးတွင် မေးခွန်းပုံစံအသစ်နှင့်   စစ်ဆေးပါမည်။  အမှတ် (၁၀၀) ဖိုး  ဖြေဆိုရ မည်။  Section  (A)  နှင့်  Section (B)ဟူ၍  (၂)ပိုင်း  ခွဲထားသည်။  
Section (A)  အပိုင်းတွင် အမှတ် (၄၀)ဖိုး ဖြေဆိုရမှာဖြစ်ပြီး Section (B) အပိုင်းတွင်မူ အမှတ်(၆၀)ဖိုး ဖြေဆိုရမည် ဖြစ်သည်။ Section (A) အမှတ်(၄၀)ဖိုး အပိုင်းတွင် Answer All Questions ဖြစ်သည်။ မေးခွန်း No(1) သည် True or False ရွေးချယ်ရပါမည်။ (1)မှတ်တန် (10)ပုဒ် ဖြေဆိုရပါမည်။ မေးခွန်း No(2)သည် Fill in the blanks ဖြစ် ပြီး (1)မှတ်တန်မေးခွန်း(၁၅)ပုဒ် ဖြေဆိုရပါမည်။ မေးခွန်း No(3)သည် Multiple Choice (MCQ)များဖြစ်ပြီး ရွေးချယ်စရာ (၃)ခုမှ  Correct answer (၁)မျိုးတည်းကိုသာ ရွေးပေးရပါမည်။ (1)မှတ်တန် (၁၅)ပုဒ် ဖြေဆိုရမှာဖြစ်ပါသည်။ သို့ဖြစ်ပါ၍ Section (A) Answer All Questions မှာ အမှတ်(၄၀)ဖိုး မေးထားပြီး (၄၀)မှတ်ဖိုးလုံး ဖြေဆိုရမှာဖြစ်ပါသည်။ Section (B) အပိုင်းတွင် (၁၅)မှတ်တန် မေးခွန်း(၆)ပုဒ် မေးထားပြီး (Answer Any Four Questions)ကြိုက်နှစ်သက်ရာ မေးခွန်း(၄)ပုဒ်ကို ရွေးချယ်ဖြေဆိုရမှာဖြစ်သည့်အတွက်   Section (B) အပိုင်းသည် အမှတ်(၆၀)ဖိုး ဖြေဆိုရပါမည်။ Section (B)တွင် အပုဒ်တိုင်း၌ (a), (b) ဆိုပြီး ပါရှိပြီး နံပါတ်(a)သည် (၇)မှတ်တန် မေးခွန်းဖြစ်ပြီး နံပါတ် (b)သည် (၈) မှတ်တန် မေးခွန်းဖြစ်ပါသည်။
မေးခွန်းတွင် Grade – 12 Text Book ထဲမှ Theory, Problems and Diagrams များကို အချိုးကျထည့်သွင်းမေးပါမည်။ မေးခွန်း၌ စုစုပေါင်းအမှတ် (၁၃၀)ဖိုး မေးထားသော်လည်း အမှတ် (၁၀၀)ဖိုးသာ ဖြေဆိုရမည်ဆိုသည်ကို သတိပြုရန် လိုအပ်ပါသည်။ Text Book တွင် ပါရှိသော အခန်းများအားလုံး နားလည်သဘောပေါက်မှသာ အားလုံး ကို ဖြေဆိုနိုင်မည်ဖြစ်ပါသည်။ ကျောင်းသားဗဟိုပြု ချဉ်းကပ်သင်ယူ နည်းကို ဦးတည်ထားသည့်အတွက်  အလွတ်ကျက်မှတ်ခြင်းကို ရှောင်ရှားပြီး အတွေးအခေါ်အယူအဆအပိုင်းများကိုသာ ဦးစားပေး မေးသွားပါမည်။ Grade –12 ရူပဗေဒသင်ခန်းစာ သဘောတရားများကို ကောင်းစွာနားလည်သဘောပေါက်ထားလျှင် အမှတ်ပြည့်ဖြေဆိုနိုင် မည်ဖြစ်ပါသည်။ ကျောင်းသား ကျောင်းသူများအားလုံး စာမေးပွဲကို ထူးချွန်စွာဖြေဆို၊ အောင်မြင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်း လိုက်ပါတယ်။