ပြည်ထောင်စုဖွား တိုင်းရင်းသားအားလုံးတို့၏ ထာဝရအကျိုးစီးပွားအတွက် ငြိမ်းချမ်းရေးမှတစ်ပါး အခြားမရှိပါ

Type

 

မောင်သမ္မာဒိဋ္ဌိ
 

အနန္တကျေးဇူးတော်ရှင်        မြတ်ဗုဒ္ဓသခင်သည် “သမဂ္ဂါနံတပေါသုခေါ”    ဟူ၍    “စည်းလုံးညီညာ အောင်ကြောင်းဖြာ”ဟူသော ဒိဋ္ဌဓမ္မဝေဒနိယကံ၏ အကျိုးကို ဟောကြားညွှန်ပြတော်မူခဲ့ပါသည်။
အမိမြန်မာပြည်ကြီးကို   “ပထဝီဝင်နိုင်ငံရေး အမြင်” (Geo-Politics Outlook) ဖြင့် ကြည့်မည် ဆိုပါလျှင် တိုင်းရင်းသားမျိုးနွယ်စုပေါင်း ၁၃၀ ကျော် ဖြင့် “ယဉ်ကျေးမှုကြွယ်ဝသောနိုင်ငံ” (Country of Poly Ethnic and multicultural) တစ်နိုင်ငံအဖြစ် ဝိသေသထူးခြားစွာ တွေ့မြင်ကြရမည်ဖြစ်သည်။


မြန်မာ့သမိုင်းစဉ်တစ်လျှောက်လုံးတွင် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း စသည့် ပြည်ထောင်စုဖွား  တိုင်းရင်းသားအားလုံးသည် တစ်မြေတည်းနေ၊ တစ်ရေတည်းသောက်၊ တစ်လှေ တည်းစီး၊ တစ်ခရီးတည်းသွားလာကြပြီး အေးအတူ ပူအမျှ၊ မရှိအတူ ရှိအတူ၊ ကောင်းတူဆိုးဖက်၊  ဥမကွဲ သိုက်မပျက် ရာသက်ပန် ပူးပေါင်းလက်တွဲနေထိုင် ကြသည့်   ဝံသာနုရက္ခိတတရားကို    အစဉ်အမြဲ လက်ကိုင်ထားကြသူများဖြစ်သည်။
ထူးခြားသော    ဝိသေသလက္ခဏာတစ်ရပ်မှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်းရှိ ပြည်နယ်များအားလုံး၊ တိုင်းဒေသကြီးများအားလုံး တွင် မည်သည့်ပြည်နယ်၊ မည်သည့်တိုင်းဒေသကြီး ၌မဆို      တိုင်းရင်းသားလူမျိုးတစ်မျိုးတည်းသာ သီးသန့်နေထိုင်ခြင်းမျိုး လုံးဝမရှိဘဲ ပြည်နယ်များနှင့် တိုင်းဒေသကြီးများအားလုံးတွင် ပြည်ထောင်စုဖွား တိုင်းရင်းသားများအားလုံး        စုပေါင်းလက်တွဲ နေထိုင်ခြင်းပင်ဖြစ်သည်။ 


နှစ်ပေါင်း ၁၀၀ ကျော်ကြာ အင်္ဂလိပ်နယ်ချဲ့၏ သွေးခွဲအုပ်ချုပ်မှုခံခဲ့ရခြင်း


နယ်ချဲ့တိုင်းတစ်ပါးသားတို့၏ ကိုလိုနီသူ့ကျွန် ဘဝ၌  ထိုစဉ်က   ဂျပန်ဖက်ဆစ်တို့  ကြီးစိုးခဲ့သည့် သုံးနှစ်ကာလ (၁၉၄၂ ခုနှစ်မှ ၁၉၄၅ ခုနှစ်အထိ)ကို ချန်လှပ်၍ အင်္ဂလိပ်နယ်ချဲ့အစိုးရသည် ၁၈၂၄ ခုနှစ် မှ   ၁၉၄၈   ခုနှစ်အထိ    ၁၂၁   နှစ် ကြာရှည်အောင် (၁) Market= ဈေးကွက်ရှာဖွေခြင်း၊  (၂) Missionary= သာသနာပြုခြင်း၊ (၃) Military= တိုက်ခိုက်သိမ်း ပိုက်ခြင်းဟူသော   ကိုလိုနီနယ်ချဲ့စနစ်ဟောင်း၏ “အမ်”သုံးလုံးစနစ်  (3-M) ဖြင့် မတရားသိမ်းပိုက် ကြီးစိုးခြယ်လှယ်ခဲ့သည်။
အင်္ဂလိပ်နယ်ချဲ့အစိုးရသည်   တိုင်းရင်းသား သွေးချင်းသားချင်းများအချင်းချင်း စိတ်ဝမ်းကွဲကာ သံသယဖြစ်မှုများ၊  ရန်လိုမှုများဖြစ်ပေါ်လာအောင် ဖန်တီးပေးပြီး  အင်္ဂလိပ်နယ်ချဲ့အပေါ်   ဆန့်ကျင် တော်လှန်လိုသည့် တိုင်းချစ်ပြည်ချစ်စိတ်၊ ဇာတိ သွေး ဇာတိမာန်တို့ကို ရိုက်ချိုးဖျက်ဆီးလိုက်သော “သပ်လျှိုသွေးခွဲအုပ်ချုပ်မှု”  (Divide and Rule Policy)ကို လက်တွေ့ကျင့်သုံးခဲ့ကြသည်။


ကမ္ဘာပေါ်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အများဆုံးနိုင်ငံ


၁၉၄၈   ခုနှစ်   ဇန်နဝါရီလ   ၄   ရက်နေ့တွင် လွတ်လပ်ရေးရပြီး မကြာမီမှာပင် ရှေးဦးစွာကြုံတွေ့ ရသည့် နိုင်ငံတော်၏အဖျက်အန္တရာယ်ဆိုးကြီးမှာ ပြည်တွင်းဆူပူသောင်းကျန်းမှုများနှင့်    ရောင်စုံ လက်နက်ကိုင်အဖွဲ့အစည်း၏  ထိုးနှက်တိုက်ခိုက် မှုများပင်ဖြစ်သည်။
၁၉၄၈ ခုနှစ် မတ်လ ၂၀  ရက်နေ့တွင်   သခင် သန်းထွန်း ဦးဆောင်သော “ဗမာပြည် ကွန်မြူနစ် ပါတီ”   (အလံဖြူ)  က   တောခိုကာ  အကြမ်းဖက် လက်နက်ကိုင်လမ်းစဉ်ဖြင့်လည်းကောင်း၊ သခင်စိုး ဦးဆောင်သော ကွန်မြူနစ်ပါတီ ဗမာပြည် (အလံနီ) က    သွေးခင်းသော   တော်လှန်ရေးလမ်းစဉ်ဖြင့် လည်းကောင်း၊ ရဲဘော်ဖြူတို့ကလည်း တောခိုကာ အကြမ်းဖက်လက်နက်ကိုင်    လမ်းစဉ်ဖြင့်လည်း ကောင်း၊  အင်္ဂလိပ်နယ်ချဲ့တို့၏ သွေးထိုးသပ်လျှိုမှု ကြောင့် ပေါ်ပေါက်လာခဲ့သော ကရင်လက်နက်ကိုင် အဖွဲ့ (KNDO) ကလည်း တောခိုကာ အကြမ်းဖက် လက်နက်ကိုင်လမ်းစဉ်ဖြင့်        လည်းကောင်း နိုင်ငံတော်အစိုးရနှင့်    တပ်မတော်ကို    ဆန့်ကျင် တိုက်ခိုက်ပြီး တိုင်းရင်းသားပြည်သူတို့ကို ညှဉ်းပန်း နှိပ်စက်သတ်ဖြတ်ခဲ့ကြသည်။
“မြွေပူရာ ကင်းမှောက်” ဆိုသကဲ့သို့ ပြည်တွင်း ဆူပူသောင်းကျန်းမှုကြောင့်    ပြည်တွင်းရေးမငြိမ် မသက်ဖြစ်နေချိန်မျိုး၌   ၁၉၅၀    ပြည့်နှစ်မှစ၍ ကူမင်တန် တရုတ်ဖြူစစ်ပြေးတပ်များသည် မြန်မာ နိုင်ငံအတွင်းသို့   ထွက်ပြေးဝင်ရောက်လာကြကာ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် ကိုးကန့်နှင့် “ဝ” ဒေသများ၊ တန့်ယန်းဒေသ၊ ကျိုင်းတုံ၊ မိုင်းယောင်း စသည့် နယ်စပ်ဒေသများတွင် ခြေကုပ်ယူခဲ့ကြသည်။ ထိုမှတစ်ဆင့် မိုင်းပါလျှိုး၊ ကျိုင်းလတ်၊ တာလေ၊ တာချီလိတ်၊   မိုင်းဆတ်၊   မိုင်းတုံ၊    ပုံပါကျင်ဒေသ တို့သို့ ဆက်လက်တိုးချဲ့ကြီးစိုးနေကြသည်။ ဤသို့ တိုင်းပြည်ကနုနု၊ မုန်တိုင်းကထန်ထန် ဆိုသကဲ့သို့ လွတ်လပ်ရေးရပြီးခါစ    မြန်မာနိုင်ငံ၏    ပိုင်နက် နယ်မြေအတွင်းသို့ နိုင်ငံခြားတပ်ဖွဲ့များ ပထမဦးဆုံး ကျူးကျော်ဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး မြန်မာ့အချုပ် အခြာအာဏာကို ခြိမ်းခြောက်ခံခဲ့ရသည်။
မြန်မာ့တပ်မတော်သည် ပြည်တွင်းဆူပူသောင်း ကျန်းမှုများကို    နှိမ်နင်းတိုက်ခိုက်နေရင်းမှပင် အင်အားထုတ်နုတ်ပြီး    တရုတ်ဖြူတပ်များကို နဂါးနိုင်၊ ဘုရင့်နောင်၊ ရန်ကြီးအောင်၊ ဆင်ဖြူရှင်၊ မဲခေါင်စစ်ဆင်ရေးတို့ဖြင့် တိုက်ခိုက်နှိမ်နင်းခဲ့ရပြန် သည်။    တရုတ်ဖြူတပ်များသည်    အမေရိကန်၏ အထောက်အပံ့အကူအညီများစွာရရှိထား၍ အင်အား တောင့်တင်းနေသော်လည်း မြန်မာ့တပ်မတော်နှင့်    တိုင်းရင်းသားတို့ပူးပေါင်း၍  တိုက်ခိုက်နှိမ်နင်းနိုင် ခဲ့ပြီး အောင်ပွဲခံရုံမျှမက ပြည်ပကျူးကျော်တပ်များ ကို အားပေးအားမြှောက်ပြုခဲ့သည့် အမေရိကန်၏ မြန်မာ့ပြည်တွင်းရေးစွက်ဖက်မှုကို မြန်မာအစိုးရက  ကုလသမဂ္ဂသို့  တိုင်တန်းခဲ့ရာ အမေရိကန်ဩဇာခံ    ကူမင်တန်တရုတ်ဖြူတို့၏  ကျူးကျော်တပ်ဖွဲ့များ အန္တရာယ်မှ ကင်းဝေးသွားခဲ့ရသည်။


အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးနှင့် 
ပြည်တွင်းငြိမ်းချမ်းရေးကြိုးပမ်းမှုများ


၁၉၄၈ ခုနှစ်မှ ၁၉၅၈ ခုနှစ်အထိ ဖဆပလအစိုးရ ၏ ပါလီမန်ဒီမိုကရေစီအုပ်ချုပ်ရေးကာလ၊ ၁၉၅၉ ခုနှစ်မှ ၁၉၆၀ ပြည့်နှစ်အထိ  အိမ်စောင့်အစိုးရ အုပ်ချုပ်ရေးကာလနှင့် ၁၉၆၀ ပြည့်နှစ်မှ ၁၉၆၂ ခုနှစ် အထိ “ပထစအစိုးရ” အုပ်ချုပ်ရေးကာလတို့တွင် လည်း ပြည်တွင်းငြိမ်းချမ်းရေးအတွက် တတ်နိုင် သရွေ့ စွမ်းဆောင်ခဲ့ကြသည်ကိုတွေ့ရသည်။
ဖဆပလအစိုးရလက်ထက်တွင်    အုပ်စုဖွဲ့ကာ ဂိုဏ်းကွဲ၊   အုပ်စုကွဲများဖြစ်ပေါ်လာခဲ့ပြီး   “ဦးနု၊ သခင်တင်ဦးဆောင်သော နု-တင် သန့်ရှင်းဖဆပလ အုပ်စု”၊ “ဦးဗဆွေ၊   ဦးကျော်ငြိမ်း  ဦးဆောင်သော ဆွေ-ငြိမ်း တည်မြဲဖဆပလအုပ်စု”ဟူ၍ နှစ်ခြမ်းကွဲ ခဲ့ကြသည်။ နိုင်ငံရေးပါတီများ၏ ဂိုဏ်းဂဏကွဲများ သည် ကိုယ့်အုပ်စုနှင့်ကိုယ်     နိုင်ငံရေးအာဏာရရှိရေး၊ အုပ်ချုပ်ရေးအာဏာဆုပ်ကိုင်နိုင်ရေး၊    ပုဂ္ဂိုလ်ရေး အရ  ခေါင်းဆောင်နေရာရရှိရေးတို့ အပြိုင်အဆိုင် ကြိုးပမ်းကြရင်း ခါးပိုက်ဆောင်လက်နက်ကိုင်အဖွဲ့ များသည်   သူတို့နည်းသူတို့ဟန်ဖြင့်   ဖွဲ့စည်းကာ အားပြိုင်ခဲ့ကြသည်။    ထို့ကြောင့်   တိုင်းရင်းသား ပြည်သူများမှာ အစိုးရခါးပိုက်ဆောင် လက်နက်ကိုင် တပ်များ၏ အန္တရာယ်ရန်စွယ်ကိုလည်း ကြောက်ရ၊ သောင်းကျန်းသူများ၏ရန်ကိုလည်း ကြောက်ရဖြင့် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု၊      ဓားပြတိုက် ပြန်ပေးဆွဲမှု၊ ရွာဝင်မီးရှို့လုယက်မှုများ နေရာအနှံ့ အပြားဖြစ်ပွားခဲ့သည်။ ထိုသို့ ပြည်ထောင်စုကြီးဖရို ဖရဲပြိုကွဲရတော့မည့်အခြေအနေသို့   ရောက်လာ သောအခါ ဝန်ကြီးချုပ်ဦးနုက ထိုစဉ်က ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီးနေဝင်းအား နိုင်ငံတော်၏ အိမ်စောင့်အစိုးရအဖြစ်  တာဝန်ယူရန်   အကူအညီ တောင်းခံပြီး ၁၉၅၈ ခုနှစ် အောက်တိုဘာလ ၂၈ ရက်နေ့တွင် နိုင်ငံတော်အာဏာကို တပ်မတော်သို့ လွှဲပြောင်းပေးခဲ့သည်။ 


အိမ်စောင့်အစိုးရ          တာဝန်ယူခဲ့ရသော တပ်မတော်သည် တိုင်း၊  ခရိုင်၊   မြို့နယ်များတွင် လုံခြုံရေးကောင်စီများ  ဖွဲ့စည်းကာ နိုင်ငံတစ်ဝန်း တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာ ရေးတို့ကို တည်ဆောက်ပေးခဲ့ပြီး ပြည်တွင်းဆူပူ သောင်းကျန်းမှုများကို ထိရောက်စွာနှိမ်နင်းခဲ့သည်။ ၁၉၆၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် လုံခြုံ လွတ်လပ်၍    တရားမျှတသောရွေးကောက်ပွဲကို ကျင်းပကာ    ရွေးကောက်ပွဲတွင်    အနိုင်ရရှိခဲ့သည့် ဦးနုခေါင်းဆောင်သော   ပထစ   (ပြည်ထောင်စု) အစိုးရအဖွဲ့အား နိုင်ငံတော်အာဏာကို စနစ်တကျ လွှဲပြောင်းပေးအပ်ခဲ့သည်။
သို့ရာတွင် ပထစအစိုးရအဖွဲ့အတွင်း အုပ်စုကွဲ များပါဝင်ပြီး အာဏာလုအားပြိုင်မှုများ ဖြစ်ပေါ် လာခြင်း၊ ကချင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့  ‘ကေအိုင်အေ’ (KIA) ပေါ်ပေါက်လာခဲ့ပြီး အစိုးရနှင့် တပ်မတော်ကို  ဆန့်ကျင်တိုက်ခိုက်ခြင်း၊ ထိုစဉ်က ရှမ်းပြည်နယ်မှ ပဒေသရာဇ်စော်ဘွားဟောင်းအချို့ က ရှမ်းပြည်နယ်အား ပြည်ထောင်စုကြီးမှ ခွဲထွက် ပြီး အမေရိကန် “ဆီတိုးစစ်အုပ်စု”ထဲသို့ ဝင်ရောက် မည့်အစီအစဉ်နှင့်အတူ ပြည်ထောင်စုပြိုကွဲမည့် အန္တရာယ်ကြောင့် တပ်မတော်သည် အမျိုးသားရေး နှင့် သမိုင်းရေးလိုအပ်ချက်များအရ  မလွှဲမရှောင်သာ ဘဲ နိုင်ငံတော်အာဏာကို အချိန်မီရယူထိန်းသိမ်းခဲ့ရ သည်။ 
၁၉၆၃ ခုနှစ်တွင် တောတွင်းလက်နက်ကိုင်အဖွဲ့ အစည်းများနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲပြုလုပ်ရာ တွင် ကွန်မြူနစ်ပါတီ (ဗမာပြည်) ကိုယ်စားလှယ် အဖွဲ့၊   ရခိုင်ကွန်မြူနစ်ပါတီ ကိုယ်စားလှယ်အဖွဲ့၊ ရှမ်းအမျိုးသားတပ်ပေါင်းစုနှင့်    ရှမ်းပြည်လွတ် မြောက်ရေးတပ်မှ   ကိုယ်စားလှယ်အဖွဲ့၊    ကချင် လွတ်လပ်ရေးကောင်စီ   ကိုယ်စားလှယ်အဖွဲ့၊ ရဲဘော်ဌေးဦးဆောင်သော    ဗမာပြည်ကွန်မြူနစ် ပါတီကိုယ်စားလှယ်အဖွဲ့၊       မန်းဘဇံဦးဆောင်သော ကေအင်န်ယူပါတီ၊            မွန်ပြည်သစ်ပါတီနှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီတို့        ပါဝင် သည့်    သုံးပါတီကိုယ်စားလှယ်အဖွဲ့၊      မုဆိုး ကော်ကဆာစောဟန်တာသာမွှေး     ဦးဆောင်သော    ကရင်တော်လှန်ရေးကောင်စီ       ကိုယ်စားလှယ် ပါတီအဖွဲ့တို့   ပါဝင်ဆွေးနွေးခဲ့ကြသည်။    ၁၉၇၄   ခုနှစ်မှ   ၁၉၈၈   ခုနှစ်အထိ    မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီအစိုးရလက်ထက်တွင်   နိုင်ငံတော် အထွေထွေလွတ်ငြိမ်းချမ်းသာကာလ သတ်မှတ် ပေး၍        တောတွင်းလက်နက်ကိုင်အဖွဲ့များကို ငြိမ်းချမ်းရေးအတွက်      ဖိတ်ခေါ်ခဲ့သော်လည်း အောင်မြင်မှုမရခဲ့ပေ။


နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု    တည်ဆောက်ရေး အဖွဲ့(တပ်မတော်အစိုးရ)လက်ထက်တွင် အမျိုးသား ပြန်လည်စည်းလုံးညီညွတ်ရေးကို       လိုလားပြီး စိတ်ကောင်းစေတနာရှိကြသော        တိုင်းရင်းသား ငြိမ်းချမ်းရေးအကျိုးဆောင်များသည် ပြည်တွင်း ငြိမ်းချမ်းရေးရရှိရေးအတွက် ပါဝင်ကူညီခဲ့ကြသည်။ တပ်မတော်ကလည်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များကို ဝမ်းမြောက်ဝမ်းသာလက်ကမ်းကြိုဆို ပြီး တပ်မတော်ခေါင်းဆောင်များ၊ အစိုးရအဖွဲ့ဝင်များ လည်းဖြစ်ကြသည့် အကြီးအကဲများက သဘောထား ကြီးစွာဖြင့် ဆွေးနွေးညှိနှိုင်းခဲ့ကြရာ နှစ်ပေါင်းများစွာ တောတွင်း၌    လက်နက်ကိုင်လှုပ်ရှားခဲ့ကြသော တိုင်းရင်းသားညီအစ်ကို  (၁၇)   ဖွဲ့သည် တပ်မတော် ၏ စေတနာမှန်ကို လက်ခံလာကြသည့်အလျောက် တရားဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာခဲ့ကြ သည်။   ထိုအဖွဲ့အစည်းများသည်    ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက်           ဒေသခံတိုင်းရင်းသား ညီအစ်ကိုများ၊  တပ်မတော်နှင့်အတူ  တက်ကြွစွာ ပါဝင်လျက် ပြည်ထောင်စုကြီးအကျိုးကို လက်တွဲ ဆောင်ရွက်ခဲ့ကြပြီး လက်နက်များနှင့် ငြိမ်းချမ်းရေး ကို လဲလှယ်ခဲ့ကြသည်။ ထိုအဖွဲ့အစည်းများမှာ-
(၁)  မြန်မာနိုင်ငံလူမျိုးစုများ    ဒီမိုကရေစီမဟာမိတ် တပ်ပေါင်းစု (၃၁-၃-၁၉၈၉)
(၂) မြန်မာပြည်       သွေးစည်းညီညွတ်ရေးပါတီ  (၅-၉-၁၉၈၉)
(၃)   ရှမ်းပြည်တပ်မတော်  (SSA)  (၁၀-၁၁-၁၉၈၉)
(၄) အမျိုးသားဒီမိုကရေစီမဟာမိတ်အဖွဲ့    (ရှမ်း/ အခါ) (၃၀-၆-၁၉၈၉)
(၅)  ဒီမိုကရေစီသစ်တပ်မတော် (၁၅-၁၂-၁၉၈၉)
(၆) ကချင်အမျိုးသားတိုးတက်ရေးနှင့်   လုံခြုံရေး  တပ်မတော် (၁-၁၁-၁၉၉၁)
(၇)  ပလောင်လွတ်မြောက်ရေးတပ်မတော် 
       (၂၁-၄-၁၉၉၁)
(၈)  ပအိုဝ်းအမျိုးသားအဖွဲ့ (၁၈-၂-၁၉၉၁)
(၉)   ကယန်းအမျိုးသားတပ်မတော် (၂၇-၂-၁၉၉၂)
(၁၀)ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) 
       (၂၄-၂-၁၉၉၄)
(၁၁)ကယန်းပြည်သစ်ပါတီ (၂၆-၇-၁၉၉၄)
(၁၂)ရှမ်းပြည်နယ်    လူမျိုးစုပေါင်းစုံ   ပြည်သူ့ လွတ်မြောက်ရေးအဖွဲ့ (၉-၁၀-၁၉၉၄)
(၁၃)(က)     ကရင်နီအမျိုးသားတိုးတက်ရေးပါတီ  (၂၁-၃-၁၉၉၅)
       (ခ)    ကရင်နီလူမျိုးပေါင်းစုံ     ပြည်သူ့လွတ် မြောက်ရေးတပ်ဦး
(၁၄)မွန်ပြည်သစ်ပါတီ (၂၉-၆-၁၉၉၅)
(၁၅)လွယ်မော်အဖွဲ့ (MTA) (၅-၁-၁၉၉၆)
(၁၆)ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) (ဘီစီပီ) ရခိုင်ပြည်နယ် (၄-၆-၁၉၉၇)
(၁၇)(က) ဗုဒ္ဓဘာသာကရင်အဖွဲ့ (ဒီကေဘီအေ) (၁-၁၂-၁၉၉၄)
       (ခ)   ခွဲထွက်  KNU  တပ်မဟာအဖွဲ့ (ကြာအင်း ဆိပ်ကြီး ဦးစောသမူဟဲအဖွဲ့) (၂၄-၂-၁၉၉၇)
       (ဂ)  ခွဲထွက် KNU အဖွဲ့ (ဖဒိုအောင်ဆန်းအဖွဲ့) (၁၇-၄-၁၉၉၈)
       (ဃ) ခွဲထွက်    KNU    အဖွဲ့  (ဦးစောဖဲရီမိုး) (၈-၁၁-၁၉၉၇)   အဖွဲ့တို့သည်    ယှဉ်တွဲ ဖော်ပြပါရက်စွဲများအတိုင်း        တရား ဥပဒေဘောင်အတွင်းသို့    အသီးသီး ဝင်ရောက်ခဲ့ကြသည်။ 


ထာဝရငြိမ်းချမ်းရေးအတွက် တစ်နိုင်ငံလုံး 
ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် (NCA) 


“တစ်နိုင်ငံလုံး   ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး စာချုပ် (Nationwide Ceasefire Agreement)”ကို ၂၀၁၅  ခုနှစ်   အောက်တိုဘာလ ၁၅ ရက်နေ့တွင် သမ္မတကြီး ဦးသိန်းစိန်၊ ယခု နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ် မှူးကြီးမင်းအောင်လှိုင်     (ထိုစဉ်က    တပ်မတော် ကာကွယ်ရေးဦးစီးချုပ်)၊            လွှတ်တော်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများသည် ကမ္ဘာ့ကုလသမဂ္ဂအပါအဝင် တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ ထိုင်း စသည့်နိုင်ငံများမှ သံတမန်များ ပြည်တွင်း အသိသက်သေများရှေ့မှောက်တွင်         ခမ်းနား ထည်ဝါစွာလက်မှတ်ရေးထိုးခဲ့ကြသည်။ ထိုစာချုပ် ကြီးမှာ   ပြည်ထောင်စုလွှတ်တော်က  အတည်ပြု ပေးထားသည့်စာချုပ်ဖြစ်၍       မည်သည့်အချိန်မျှ ပျက်ပြယ်မှုလုံးဝမရှိဘဲ   တည်ရှိသည့်   သမိုင်းဝင် စာချုပ်ကြီးပင်ဖြစ်ပါသည်။


တစ်နိုင်ငံလုံး    ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်ကို  လက်မှတ်ရေးထိုးကြသော ဦးဆောင်ပုဂ္ဂိုလ်အားလုံးတို့သည် ရေရှည်တည်တံ့ ခိုင်မြဲသောငြိမ်းချမ်းရေး       တည်ဆောက်နိုင်ရေး အတွက်  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အား    ပြည်ထောင်စုမပြိုကွဲရေး၊   တိုင်းရင်းသား စည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးကို ရှေးရှု၍ လွတ်လပ်မှု၊ တန်းတူ ညီမျှမှုနှင့်  တရားမျှတမှုတို့ကို   အခြေခံပြီး  ပင်လုံ စိတ်ဓာတ်နှင့်အညီ   ဒီမိုကရေစီရေး၊    အမျိုးသား တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများ၊  အာမခံချက်များအပြည့်အဝရှိသော ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို  အခြေခံသည့်   ပြည်ထောင်စု သမ္မတနိုင်ငံတော် တည်ဆောက်ရန် တညီတညွတ် တည်း ဆုံးဖြတ်ခဲ့ကြသည်။
ပြည်ထောင်စု မြန်မာနိုင်ငံတွင် သမိုင်းရှည်ကြာ စွာဖြစ်ပွားခဲ့သော     လက်နက်ကိုင်ပဋိပက္ခများကို ဆွေးနွေးညှိနှိုင်းအဖြေရှာလျက် နိုင်ငံရေးပြဿနာကို စစ်ရေးဖြင့် ဖြေရှင်းခြင်းမပြုဘဲ  နိုင်ငံရေးနည်းဖြင့် ဖြေရှင်းသည့် နိုင်ငံရေးယဉ်ကျေးမှုတစ်ရပ်ကို အစဉ် တစိုက်သွားရန်ပင်ဖြစ်သည်။
တစ်နိုင်ငံလုံး   ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်သည်       နှစ်ဖက်အပြန်အလှန် ထားရှိကြသော    ကတိကဝတ်များကို    စောင့်ထိန်း ပြီး   ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို   ပွင့်လင်း မြင်သာခြင်း၊    တာဝန်ခံခြင်း၊     တာဝန်ယူခြင်း တို့ဖြင့် အကောင်အထည်ဖော် ဆောင်သွားရန်လည်း     ဖြစ်သည်။ 


ထို့ပြင် ပြည်သူလူထုအား လူတစ်ဦးတစ်ယောက် ၏ဂုဏ်သိက္ခာကို ထိပါးစေသည့်လုပ်ရပ်၊ အကြမ်း ဖက်ခြင်း၊ ဥပဒေမဲ့ ဖမ်းဆီးချုပ်နှောင်ခြင်း၊ ပြန်ပေး ဆွဲခြင်း၊  ညှဉ်းပန်းနှိပ်စက်ခြင်း၊  လူသားမဆန်စွာ ပြုမူဆက်ဆံခြင်း၊ အကျဉ်းချခြင်း၊ သတ်ဖြတ်ခြင်း၊ ဖျောက်ဖျက်ခြင်း၊ အဓမ္မပြုကျင့်ခြင်း စသည့်အကြမ်း ဖက်လုပ်ရပ်မှန်သမျှကို  ရှောင်ကြဉ်ကြရမည်ဖြစ်ပါ သည်။ 
စာသင်ကျောင်းများ၊ ဆေးရုံ၊ ဆေးပေးခန်းများ ကို အကြောင်းမဲ့ဖျက်ဆီးခြင်း၊    ပညာသင်ကြားရေး အခွင့်အရေးများကို        နှောင့်ယှက်ပိတ်ပင်ခြင်း၊ ပညာရေးဆိုင်ရာပစ္စည်းများနှင့်အတူ         စာသင် ကျောင်းအဆောက်အအုံများကို    ဖျက်ဆီးခြင်း၊    ပညာရေးဝန်ထမ်းများနှင့်      ပညာသင်ယူနေသူများကို နှောင့်ယှက်ဟန့်တားခြင်း         မပြုလုပ်ရန်လည်း တားမြစ်ထားသည်။
အမျိုးသမီးများအား       ဗလက္ကာရပြုခြင်း၊ လိင်အကြမ်းဖက်ခြင်း၊   အဓမ္မသားမယားပြုကျင့် ခြင်း၊ လိင်မှုဆိုင်ရာကျွန်ပြုခြင်း မပြုလုပ်ရန်လည်း တားမြစ်ထားသည်။
 ပြည်သူလူထုထံမှ ငွေ၊   ပစ္စည်းဥစ္စာ၊   စားရေ ရိက္ခာ၊   လုပ်အားနှင့်   ဝန်ဆောင်မှုများကို   အဓမ္မ တောင်းခံရယူခြင်း   မပြုရန်လည်း   တားမြစ်ထား သည်။


တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ (EAOs = Ethnic Armed Organizations) သည် အရပ်သားပြည်သူများ   စိုးရိမ်ကြောင့်ကြမှုမရှိဘဲ အပစ်ရပ်နယ်မြေများအတွင်း လွတ်လပ်စွာသွားလာ ခွင့်ပြုပြီး အပစ်ရပ်နယ်မြေအတွင်းရှိ ပြည်သူလူထု ၏ လူမှုဘဝလုံခြုံမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးရန် စသည့်သတ်မှတ်သဘောတူချက် များသည် မြန်မာပြည်ထာဝရငြိမ်းချမ်းရေးအတွက် အမှောင်ခွင်း၍    အလင်းဆောင်ပေးသည့်   မီးရှူး တန်ဆောင်ကြီးသဖွယ်ဖြစ်သည်ကို           အားလုံး တွေ့မြင်သိရှိကြပြီးဖြစ်ပါသည်။


ကမ္ဘာတည်သမျှ ကြာရှည်ထာဝရ  


နိုင်ငံတော်  အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီအစိုးရ (တပ်မတော်အစိုးရ) လက်ထက် တွင် အစိုးရနှင့်  တပ်မတော်၏  စိတ်ရင်းစေတနာ ကောင်းနှင့်   မွန်မြတ်သောသဘောထားကို   သိရှိ နားလည်လက်ခံကြသည့် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့   (၁၇)  ဖွဲ့သည်   တပ်မတော်အစိုးရနှင့် ငြိမ်းချမ်းရေးအတွက်    “လူကြီးလူကောင်းတို့၏ သဘောတူညီချက်” (Gentleman Agreement) ဖြင့် ပြည်တွင်းငြိမ်းချမ်းရေးအောင်မြင်မှုနိဒါန်းကို စတင်ပေးနိုင်ခဲ့သည်။
၂၀၀၈    ခုနှစ်    ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြည်ထောင်စု တစ်ဝန်းလုံးမှ ဆန္ဒမဲပေးခွင့်ရှိသူ ၂၇၂၈၈၈၂၇  ဦး အနက် ၉၈ ဒသမ ၁၂ ရာခိုင်နှုန်းက ဆန္ဒမဲပေးခဲ့ကြ ပြီး ထိုသို့ဆန္ဒမဲပေးသူများအနက် ၉၂ ဒသမ ၄၈ ရာခိုင်နှုန်းက   အတည်ပြုခဲ့သည်။     ထိုအခြေခံ ဥပဒေနှင့်အညီ ၂၀၁၀ ပြည့်နှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ ပါတီစုံဒီမိုကရေစီ  အထွေထွေရွေးကောက်ပွဲကြီးကို နှစ်ကြိမ်တိုင်အောင် ကျင်းပပြီးစီးခဲ့ပြီးဖြစ်ပါသည်။


နိုင်ငံတော်အချုပ်အခြာအာဏာ၏     အဓိက မဏ္ဍိုင်ကြီး (၃)  ရပ်  ဖြစ်သည့် (၁) ဥပဒေပြုရေး မဏ္ဍိုင်၊ (၂) အုပ်ချုပ်ရေးမဏ္ဍိုင်၊  (၃) တရားစီရင်ရေး မဏ္ဍိုင်တို့တွင်     ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲဥပဒေ၊    နည်းဥပဒေများနှင့်အညီ မဲဆန္ဒရှင်ပြည်သူများ၏  ဆန္ဒမဲများဖြင့်    ရွေးချယ် တင်မြှောက်ခံပိုင်ခွင့်လည်း        ရရှိထားပြီးဖြစ်ရာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့် လက်နက်ကိုင်လမ်းစဉ်ကို အပြီးတိုင်စွန့်လွှတ်ကာ နိုင်ငံရေးနည်းဖြင့်သာ     စည်းကမ်းပြည့်ဝသော ဒီမိုကရေစီနှင့်  ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုကြီးကို     ကြိုဆိုပူးပေါင်းလက်တွဲ ဆောင်ရွက်ရန်သာရှိပါတော့သည်။
နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် ဦးဆောင် သော ပထမအကြိမ်ဒီမိုကရေစီအစိုးရလက်ထက် ၂၀၁၁ ခုနှစ် ဩဂုတ်လ ၁၈ ရက်နေ့တွင် ငြိမ်းချမ်းရေး ကမ်းလှမ်းမှုများပြုလုပ်ပြီး ပြည်ထောင်စုငြိမ်းချမ်း ရေးဖော်ဆောင်မှုလုပ်ငန်းကော်မတီသည် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အစည်းများ၏ ကိုယ်စား လှယ်များနှင့်   တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်   (NCA)    အတူတကွ ပူးပေါင်းညှိနှိုင်းရေးဆွဲခဲ့ကြသည်။ ၂၀၁၃ ခုနှစ် နိုဝင်ဘာလ    ၂   ရက်နေ့တွင်   “လိုင်ဇာညီလာခံ”၌ တစ်နိုင်ငံလုံး           ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်ချုပ်ဆိုရန် သဘောတူညီမှုရရှိခဲ့ ကြသည်။ ၂၀၁၅ ခုနှစ်  မတ်လ  ၃၁ ရက်နေ့တွင် တစ်ခုတည်းသော တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက် မှုရပ်စဲရေးသဘောတူစာချုပ် (မူကြမ်း) ရရှိခဲ့သည်။
NCA ပထမစာချုပ်မူကြမ်းကို သဘောတူညီမှု ရရှိအောင် (၆) ကြိမ်တိုင်တိုင် အပြန်ပြန်အလှန်လှန် ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး အခန်းတစ်ခန်းချင်း၊ ပုဒ်မ တစ်ခုချင်း၊ စာပိုဒ်တစ်ပိုဒ်ချင်း၊ စာလုံးအသုံးအနှုန်း တစ်ခုချင်းကို အသေးစိတ် အကျေအလည်ဆွေးနွေး ခဲ့ပြီး အားလုံးသဘောတူညီချက်ရရှိပြီးမှသာ စာချုပ် တွင် ထည့်သွင်းရေးသားဖော်ပြခဲ့ခြင်းပင်ဖြစ်သည်။ NCA  တွင်ပါဝင်သည့် သဘောတူညီချက်အားလုံး နီးပါးမှာ တိုင်းရင်းသားလက်နက်ကိုင်များဘက်မှ တင်ပြချက်များအပေါ်အခြေခံပြီး     အစိုးရနှင့် တပ်မတော်ဘက်က ညှိနှိုင်းပေးခဲ့ခြင်းပင် ဖြစ်သည်။  အစိုးရ၊ လွှတ်တော်၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ    ကိုယ်စားလှယ် တို့၏   ဝိုင်းဝန်းကြိုးပမ်းမှု၊   စိတ်ရှည်သည်းခံမှု၊ သဘောထားကြီးမှု၊ အနစ်နာခံကြိုးစားအားထုတ် မှုများကြောင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ ရေးသဘောတူစာချုပ်ကို ၂၀၁၅ ခုနှစ် အောက်တို ဘာလ ၁၅ ရက်နေ့တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (၈)  ဖွဲ့နှင့် သမိုင်းဝင်သဘောတူ လက်မှတ်ရေးထိုးနိုင်ခဲ့သည်။   ယခု   ၂၀၂၃ ခုနှစ် အောက်တိုဘာလ  ၁၅  ရက်နေ့တွင်   သမိုင်းဝင် တစ်နိုင်ငံလုံး        ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA - Nationwide Ceasefire Agreement) သည် (၈) နှစ် ပြည့်မြောက်လာပြီ ဖြစ်ပါသည်။
အင်္ဂလိပ်နယ်ချဲ့အစိုးရက  အမိမြန်မာပြည်ကို နှစ်ပေါင်း  ၁၀၀   ကျော်   ကိုလိုနီကျွန်ပြုခဲ့သည့် အနိဋ္ဌာရုံဘဝဆိုးကြီးထဲမှ      ပြည်ထောင်စုဖွား တိုင်းရင်းသားတို့ အသက်သွေးချွေးများစွာကိုပေး၍ ဆုံးရှုံးသွားခဲ့ရသော     မြန်မာ့လွတ်လပ်ရေးကို ပြန်လည်ရယူခဲ့ရပေသည်။      ထိုသို့ရယူခဲ့ရာတွင် ပြည်ထောင်စုဖွား တိုင်းရင်းသားညီအစ်ကိုမောင်နှမ များ၏   စည်းလုံးညီညွတ်မှု၏   အမြုတေရတနာ ဖြစ်သော      သမိုင်းဝင်ပင်လုံစာချုပ်ကြီးကြောင့် လွတ်လပ်ရေးနှင့်အတူ ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်အဖြစ်  ကမ္ဘာ့အလယ်တွင်   တည်တံ့ခိုင်မြဲ စွာ ရပ်တည်နေနိုင်ခြင်းပင်ဖြစ်ပါသည်။


သို့ရာတွင်  လွတ်လပ်ရေးနှင့်အတူ    အင်္ဂလိပ် နယ်ချဲ့တို့၏    သွေးခွဲအုပ်ချုပ်မှုဆိုးမွေကြီးအဖြစ် ပေါ်ပေါက်လာခဲ့သော   ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများကြောင့် ပြည်ထောင်စုဖွားမိဘပြည်သူ များ ညီအစ်ကိုမောင်နှမများမှာ လွတ်လပ်ရေးရပြီး ယနေ့ ၇၅ နှစ်တိုင်အောင် တည်ငြိမ်အေးချမ်းသာယာ ဖွံ့ဖြိုးတိုးတက်မှုဟူသော လွတ်လပ်ရေးအရသာကို မခံစားကြရဘဲ ရှိနေကြသည်။ လက်နက်ကိုင်ပဋိပက္ခ များသည် နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူများ အားလုံး သို့မဟုတ် တိုင်းပြည်နှင့် လူမျိုးကို အနိဋ္ဌာရုံ ဆိုးကျိုးများပေးရုံမျှမက သမင်မွေးရင်း ကျားစားရင်း ဆိုသကဲ့သို့  ဖွံ့ဖြိုးတိုးတက်မှုများ နောက်ကျကျန်ရစ် ခဲ့ရသည်။
NCA စာချုပ်တွင် လက်မှတ်ရေးထိုးရန် ကျန်ရှိ နေသေးသည့်  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများအနေဖြင့် နှစ်ပေါင်း ၇၀ ကျော်ကြာ လက်နက်ကိုင်ပဋိပက္ခများမှ နိုင်ငံရေးသင်ခန်းစာ ရယူပြီး  နိုင်ငံတော်နှင့်  တိုင်းရင်းသားပြည်သူအကျိုး တို့ကို ဦးထိပ်ထား၍ လက်နက်ကိုင်လမ်းစဉ်ကို    အပြီးတိုင်စွန့်လွှတ်ကာ    နိုင်ငံတော် တည်ဆောက်ရေး (Nation Building) ကဏ္ဍအသီးသီးတွင်   နိုင်ငံရေး နည်းဖြင့် ပူးပေါင်းလက်တွဲပါဝင်ဆောင်ရွက်ပြီး အမှောင်ခွင်း၍ အလင်း ကို ဆောင်သင့်ကြပြီဖြစ်ပါသည်။
ပြည်ထောင်စုကြီး၏အင်အားသည်    ပြည်ထောင်စုအတွင်းရှိ ပြည်နယ်များအားလုံး၊ တိုင်းဒေသကြီးများအားလုံးတို့၏   ပေါင်းစည်း အားပင်ဖြစ်သည်။   ထိုပေါင်းစည်းအားသည် ပြည်ထောင်စုဖွားတိုင်းရင်း သားအားလုံး၏    စည်းလုံးညီညွတ်မှုပေါ်တွင်သာ တည်မီနေပါသည်။ ယနေ့ ကိုလိုနီလက်သစ်တို့နှင့် သူတို့၏ဩဇာခံကျွန်လက်သစ် အမျိုးသား သစ္စာဖောက်တို့၏ ဖြားယောင်းသွေးဆောင်၍   သပ်လျှိုသွေးခွဲမှုတို့ကို ပြည်ထောင်စုမျိုးချစ်စိတ်ဓာတ်ဖြင့် တွန်းလှန်ကာကွယ်ကာ လူမျိုးရေး သက်သက်၊ ဒေသစွဲ ကွက်ကွက်ကိုသာ ကြည့်ရှုသည့်အမြင်နှင့် ပါတီစွဲ၊ ဝါဒစွဲ၊ ဂိုဏ်းဂဏစွဲ၊ ပုဂ္ဂိုလ်စွဲဟူသော အမှားစွန်းများကို ရှောင်ကြဉ်ကာ စိတ်ကောင်းစေတနာ၊ သဘောထားကြီးမှု၊ ခွင့်လွှတ်နိုင်မှု၊ ညီညွတ်မျှတမှု၊ ဉာဏ်ပညာ  အမြော်အမြင်ရှိမှုတို့ကို   အခြေခံဆောင်ရွက်နိုင်မှသာ ပြည်ထောင်စုကြီး  တည်ငြိမ်အေးချမ်းသာယာ ခေတ်မီဖွံ့ဖြိုးတိုးတက် လာနိုင်မည်ဖြစ်ပါသည်။
ပြည်ထောင်စုဖွားတိုင်းရင်းသား  မိဘပြည်သူများ၊   ညီအစ်ကို မောင်နှမများသည် မြန်မာ့သမိုင်းအရုဏ်ဦးကာလကတည်းကပင် တစ်မြေတည်းနေ၊ တစ်ရေတည်းသောက်၊ တစ်လှေတည်းစီး၊ တစ်ခရီး တည်းသွားကြကာ   အေးအတူပူအမျှ၊    မရှိအတူ ရှိအတူ အတူတကွ ထာဝရပူးပေါင်းလက်တွဲနေထိုင်ကြသူများဖြစ်ကြသည်။ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်ကြီး     ကမ္ဘာတည်သမျှ     ကြာရှည်ထာဝရ တည်တံ့ခိုင်မြဲနေအောင်    နိုင်ငံတော်၏     အဓိကအမျိုးသားရေး မူဝါဒကြီး(၃)ရပ်ဖြစ်သည့် (၁)ပြည်ထောင်စုမပြိုကွဲရေး၊ (၂)  တိုင်းရင်း သားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ (၃) အချုပ်အခြာအာဏာတည်တံ့ ခိုင်မြဲရေးဟူသော ဒို့တာဝန်အရေးသုံးပါးကို   ပြည်ထောင်စုဖွား တိုင်းရင်းသားအားလုံး  အစဉ်ခံယူကျင့်သုံးသွားကြရမည်ဖြစ်ပါသည်။ ဒို့တာဝန်အရေး (၃)  ပါးကို  အစဉ်ခံယူကျင့်သုံး ဆောင်ရွက်နေခြင်းသည်    ပြည်ထောင်စုပြိုကွဲမှု လုံးဝမဖြစ်နိုင်သကဲ့သို့    တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးမှာလည်း လုံးဝပျက်ပြားစရာမရှိဘဲ မြန်မာ့လွတ်လပ်ရေး နှင့်  အချုပ်အခြာအာဏာသည်လည်း ကမ္ဘာတည်သမျှ ကြာရှည်ထာဝရ တည်တံ့ခိုင်မြဲနေမည်မှာ မြေကြီးလက်ခတ်မလွဲပါ။ ထို့ကြောင့် မာန်မာန၊ အာဃာတများကို ခဝါချပြီး ဝံသာနုရက္ခိတတရားဖြင့် တစ်မျိုးသားလုံး အမျိုးသားအကျိုးစီးပွားအတွက် ငြိမ်းချမ်းရေးမှတစ်ပါး   အခြားမရှိ နိုင်ပါဟု      အရေးထားလေးစားစွာဖြင့်    ရေးသားဖော်ပြအပ်ပါ သတည်း။          ။ 
အကိုးအထောက်
၁။     နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်            ဗိုလ်ချုပ်မှူးကြီး  မင်းအောင်လှိုင်၏   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနှင့် အစိုးရအဖွဲ့အစည်းအဝေးများရှိ လမ်းညွှန်မိန့်ကြား ချက်များ
၂။ ပြည်ထောင်စုစိတ်ဓာတ် (သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း၊ ပြန်ကြား ရေးဝန်ကြီးဌာန ၂၀၀၁ ခုနှစ်)
၃။     ကိုယ်တွေ့ပင်လုံ(မဟာသရေစည်သူ ပင်လုံ ဦးဖေခင်၊ နိုင်ငံဂုဏ်ရည် ပထမဆင့်) သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း၊ ပြန်ကြားရေးဝန်ကြီး ဌာန ၁၉၈၉ ခုနှစ်)
၄။     ပြည်တော်သာခရီး(ဦးသန့်) စာပေဗိမာန်ပုံနှိပ်တိုက်၊ ပြန်ကြားရေး ဝန်ကြီးဌာန ၁၉၆၁ ခုနှစ်