နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား အမျိုးသားဘော်လီဘောပြိုင်ပွဲ တပ်ကုန်းမြို့နယ်အသင်း ပထမဆုရရှိ

 

နေပြည်တော်   အောက်တိုဘာ   ၁၁
၂၀၂၃ ခုနှစ်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား မြို့နယ် (၈) မြို့နယ် အသက် ၂၅ နှစ်အောက် အမျိုးသား ဘော်လီဘောပြိုင်ပွဲ   ဗိုလ်လုပွဲနှင့်   ဆုပေးပွဲအခမ်းအနားကို   ယနေ့နံနက်ပိုင်းတွင်    ပျဉ်းမနားမြို့နယ် ပေါင်းလောင်းအားကစားခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့    နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ကောင်စီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ များ၊ ပြိုင်ပွဲဝင်အားကစားသမားများ၊ အသင်းအုပ်ချုပ် သူနည်းပြများ၊       အားကစားဝါသနာရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ 
နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်    တာဝန်ရှိသူ များသည်    ဘော်လီဘောပြိုင်ပွဲ       ဗိုလ်လုပွဲအဖြစ် တပ်ကုန်းမြို့နယ်အသင်းနှင့်      ပျဉ်းမနားမြို့နယ် အသင်းတို့ ယှဉ်ပြိုင်နေမှုကို  ကြည့်ရှုအားပေးကြပြီး ပထမဆုရရှိသည့်      တပ်ကုန်းမြို့နယ်အသင်းအား တစ်ဦးချင်း ဆုတံဆိပ်၊ ဂုဏ်ပြုဆုငွေနှင့် တံခွန်စိုက် ဆုဖလားကိုလည်းကောင်း၊        ဒုတိယဆုရရှိသည့် ပျဉ်းမနားမြို့နယ်အသင်းနှင့်     တတိယဆုရရှိသည့် ဇေယျာသီရိမြို့နယ်အသင်းတို့အား      တစ်ဦးချင်း ဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများကိုလည်းကောင်း  ပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် ပေါင်းလောင်းအားကစားကွင်းရှိ ဘောလုံးကွင်းနှင့် အဆောက်အအုံများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ် သည်များ မှာကြားသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့သည်    နေပြည်တော်တိုင်းသံဃနာယကအဖွဲ့ အဖွဲ့ဝင် ပျဉ်းမနားမြို့ မဟာဓမ္မိကာရာမ အုန်းတော ပရိယတ္တိစာသင်တိုက်     ပဓာနနာယကဆရာတော် မဟာဂန္ထဝါစကပဏ္ဍိတ  ဘဒ္ဒန္တတိဿအား  သွား ရောက် ဖူးမြော်ကြည်ညိုပြီး  ဝါဆိုသင်္ကန်း၊ ဆွမ်းဆန် တော်၊ ဆီနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ  ဆက်ကပ် လှူဒါန်းကြသည်။
ထို့နောက်    နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့သည် ကျီအင်းကျေးရွာအုပ်စုရှိ တောင်သူလယ် သမားများနှင့် အကျိုးတူ ကန်ထရိုက်စနစ်ဖြင့် သီးနှံ စိုက်ပျိုးထုတ်လုပ်၍    ဟင်းသီးဟင်းရွက်    အေးခဲ ထုတ်လုပ်ပြီး  ပြည်ပသို့ တင်ပို့လျက်ရှိသည့် Myanmar  Agri Foods Co., Ltd သို့ရောက်ရှိရာ ကုမ္ပဏီမှ တာဝန်ရှိသူများက လုပ်ငန်းလည်ပတ်ဆောင်ရွက် နေမှု၊  ဌာနဆိုင်ရာတာဝန်ရှိသူများက သက်ဆိုင်ရာ ကဏ္ဍများအလိုက် ဆောင်ရွက်နေမှုများကို ရှင်းလင်း  တင်ပြကြသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက တောင်သူလယ်သမားများနှင့်    အကျိုးတူပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ပြီး တောင်သူလယ်သမားများ ဝင်ငွေပိုမိုရရှိရေး၊ ကုန်ကြမ်းများ လုံလောက်စွာရရှိ ရေး၊ စက်စွမ်းအားပြည့် လည်ပတ်နိုင်ရေးနှင့်  လိုအပ် သည်များကို ပေါင်းစပ်ညှိနှိုင်းပေးကာ စက်ရုံအတွင်း လုပ်ငန်းဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှု အားပေးသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့သည် ကန်တော်မင်္ဂလာရှမ်းကန် ရေလယ်ဘုရား ကျောင်းဆောင်၊ ရှင်ဥပဂုတ္တကျောင်းဆောင်အဆင့် မြှင့်တင်ခြင်းလုပ်ငန်း၊ လမ်းတံတားတည်ဆောက် ခြင်းလုပ်ငန်း၊    ကန်တော်မင်္ဂလာရှမ်းကန်အတွင်း၊ အပြင်နှင့် ကန်ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပ  ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကိုလည်းကောင်း၊  ဇမ္ဗူသီရိမြို့နယ်အတွင်း       နေပြည်တော်စည်ပင် သာယာရေးကော်မတီမှ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများကိုလည်းကောင်း      ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိ သူများအား မှာကြားသည်။
ညနေပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည်  လယ်ဝေးမြို့နယ် ကူသပိတ်ကျေးရွာအုပ်စု ကြက်သွန်  ခင်းကျေးရွာ၌ အောက်တိုဘာ ၁၀ ရက် ညနေပိုင်းက  မိုးသည်းထန်စွာ    ရွာသွန်းပြီး     ပလွေးချောင်းရေ တိုက်စားမှုကြောင့်    ကမ်းပါးပြိုသဖြင့်     လူနေအိမ် လေးလုံးကို ဘေးလွတ်ရာသို့ရွှေ့ပြောင်းနေမှု အခြေ အနေကိုကြည့်ရှုရာ ဌာနဆိုင်ရာ တာဝန်ရှိသူများက  ပလွေးချောင်းရေတိုက်စားမှုနှင့်ပတ်သက်၍ လက်ရှိ ဆောင်ရွက်နေသည့်  လုပ်ငန်းများနှင့်   ဆက်လက် ဆောင်ရွက်မည့်လုပ်ငန်းများကို     ရှင်းလင်းတင်ပြ ကြသည်။
ယင်းနောက်   နေပြည်တော်ကောင်စီဥက္ကဋ္ဌက  အားပေးစကားပြောကြားပြီး       ပလွေးချောင်းရေ တိုက်စားမှုကြောင့် ကမ်းပါးပြိုမှုအတွက် ယာယီ မြေထိန်းနံရံ    ဆောင်ရွက်ရန်အတွက်    ထောက်ပံ့ ငွေကျပ် ၁၀ သိန်းနှင့် ပလွေးချောင်းရေ တိုက်စားမှု ကြောင့် ကမ်းပါးပြိုကာ ရွှေ့ပြောင်းခဲ့ရသည့် လူနေ အိမ် လေးလုံးအတွက် ဆန်၊  ဆီနှင့် ခေါက်ဆွဲခြောက် ထုပ်များ     ထောက်ပံ့ပေးအပ်ပြီး      နေပြည်တော် ဘေးအန္တရာယ်ဆိုင်ရာ        စီမံခန့်ခွဲရေးဦးစီးဌာနမှ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့သည့် တစ်အိမ်လျှင် ငွေကျပ် တစ်သိန်းနှုန်းဖြင့် ငွေကျပ် လေးသိန်း၊ လူ ၂၂  ဦးအတွက်  တစ်ဦးလျှင်  ဆန်ရိက္ခာဖိုး ငွေကျပ် ၂၁၀၀ နှုန်းဖြင့်  ငွေကျပ် ၄၆၂၀၀ တို့ကို ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။                                    
    သတင်းစဉ်