ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့ မော်စကိုမြို့သို့ ရောက်ရှိ Roscongress Investment (RCI) နှင့် တွေ့ဆုံဆွေးနွေး

 

နေပြည်တော်   အောက်တိုဘာ   ၇ 


စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို လွင်   ဦးဆောင်သော   ကိုယ်စားလှယ်အဖွဲ့သည် ကာဇက်စတန်နိုင်ငံ Astana မြို့၌ အောက်တိုဘာ ၃ ရက်မှ ၆ ရက်အထိ ကျင်းပပြုလုပ်ခဲ့သည့် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်မှုအဖွဲ့၊ ပထမအကြိမ်စွမ်းအင် ဖိုရမ် (First Energy forum of the Shanghai Coo-peration Organization)   သို့   တက်ရောက်ခဲ့ပြီး ရုရှားနိုင်ငံ မော်စကိုမြို့တွင် ကျင်းပမည့် (၆)ကြိမ် မြောက် ရုရှားစွမ်းအင်ရက်သတ္တပတ် အပြည်ပြည် ဆိုင်ရာဖိုရမ် Russia Energy Week International Forum (REW) သို့တက်ရောက်ရန် ယမန်နေ့နံနက်က မော်စကိုမြို့သို့ လေကြောင်းခရီးဖြင့် ရောက်ရှိခဲ့သည်။


ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မွန်းလွဲပိုင်း တွင်  ရုရှားဖက်ဒရေးရှင်းသမ္မတ၏  လက်ထောက် အကြံပေးနှင့် ရုရှားနည်းပညာ စောင့်ကြည့်လေ့လာ ရေးအဖွဲ့   ပြည်သူ့ဆက်ဆံရေးဆိုင်ရာ  ဒုတိယအဖွဲ့ ခေါင်းဆောင် Mr. Segey Vladimirovish ဦးဆောင် သောကိုယ်စားလှယ်အဖွဲ့ Roscongress Investment (RCI) အား လက်ခံတွေ့ဆုံ၍ စွမ်းအင်ဆိုင်ရာကိစ္စရပ် များကို ဆွေးနွေးခဲ့သည်။


ထိုသို့ တွေ့ဆုံစဉ် Mr. Segey Vladimirovish က နှစ်နိုင်ငံအကျိုးစီးပွားအတွက်  ဆွေးနွေးခဲ့သည့် ကိစ္စရပ်များအပေါ်   အရှိန်မြှင့်တင်ဆောင်ရွက်ရေး၊ မြန်မာနိုင်ငံတွင်   ရေနံချက်စက်ရုံအသစ်   တည် ဆောက်ခြင်းအတွက်     ရေနံတင်သင်္ဘောကြီးများ ဆိုက်ကပ်နိုင်မည့်     ရေနက်ဆိပ်ကမ်းမဖြစ်မနေ လိုအပ်ချက်၊ ၂၀၂၄ ခုနှစ် ဗလာဒီဗော့စတော့၌ ကျင်းပ မည့် Energy Forum သို့တက်ရောက်ရန် မြန်မာနိုင်ငံ မှ တာဝန်ရှိသူများအား ဖိတ်ကြားမည့်ကိစ္စ၊ နှစ်နိုင်ငံ အကျိုးစီးပွား  ဖွံ့ဖြိုးတိုးတက်ရေးအတွက်    အရှိန် အဟုန်မြှင့်တင်ဆောင်ရွက်နိုင်ရေးတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးပြောကြားသည်။


ပြည်ထောင်စုဝန်ကြီးက နိုင်ငံ၏ စွမ်းအင်လိုအပ် ချက်ကို   ဖြည့်ဆည်းနိုင်ရန်   ရုရှားနိုင်ငံ   အပါအဝင် မိတ်ဆွေနိုင်ငံများနှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက် သွားရေး၊ စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် စွမ်းအင် ကဏ္ဍ တစ်ခုချင်းစီအလိုက် ဆက်သွယ်ရမည့် Focal person များ  ထားရှိပေးထားပြီးဖြစ်ရာ   ပူးပေါင်း ဆောင်ရွက်ရေးအတွက်      နည်းလမ်းများရှာဖွေ ဆောင်ရွက်သွားရေး၊   ရုရှားဘက်မှလည်း   Focal person များထားရှိ၍ နှစ်နိုင်ငံ စွမ်းအင်ကဏ္ဍပူးပေါင်း ဆောင်ရွက်မှုကို အရှိန်မြှင့်တင်ဆောင်ရွက်နိုင်ရေး၊ ရေနံချက်စက်ရုံ တည်ဆောက်ရေးနှင့် ပတ်သက်၍ Refinery Process  များ  တိုးတက်လာသဖြင့်  နိုင်ငံ တကာစံနှုန်းနှင့်   ကိုက်ညီသည့်    လောင်စာဆီများ ထုတ်လုပ်နိုင်သည့်  နည်းစနစ်များနှင့်  စပ်လျဉ်း၍ သေချာစွာဆွေးနွေးရေး၊ မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံ တို့သည် ယခင်ကတည်းက စစ်မှန်သည့် မိတ်ဆွေ နိုင်ငံများဖြစ်သည့်အားလျော်စွာ အနာဂတ်ကာလ တွင်  ပိုမိုနီးကပ်စွာ  ပူးပေါင်းဆောင်ရွက်သွားရေး ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင် ချင်းဖလှယ်ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။


သတင်းစဉ်