မောင်တောမြို့၌ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ်(၄) သင်တန်းဆင်းပွဲကျင်းပ

 

မောင်တော   အောက်တိုဘာ  ၆


ရခိုင်ပြည်နယ်   မောင်တောမြို့၌ နယ်စပ်ရေးရာဝန်ကြီးဌာန  ပညာ ရေးနှင့်   လေ့ကျင့်ရေးဦးစီးဌာန အမျိုးသမီးအိမ်တွင်းမှု သက်မွေး လုပ်ငန်း ပညာသင်တန်းကျောင်း ၏ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ် သင်တန်း အမှတ်စဉ်(၄) သင်တန်း ဆင်းပွဲကို ယနေ့ နံနက်  ၉ နာရီ အဆိုပါ သင်တန်းကျောင်းခန်းမ၌ ကျင်းပသည်။ 


အခမ်းအနားတွင်   ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦး  က နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက် ရေးအတွက် အမျိုးသမီးအိမ်တွင်း မှု     သက်မွေးပညာသင်တန်း ကျောင်းဖွင့်လှစ်ပေးထားခြင်းအား ဖြင့် နယ်စပ်ဒေသတိုင်းရင်းသူများ အနေဖြင့် ကိုယ်ပိုင်စီးပွားရေးများ ဆောင်ရွက်ကာ မိမိဘဝ၊ မိမိဒေသ ဖွံ့ဖြိုးတိုးတက်ရေးကို လက်တွေ့ ကျကျ   ဆောင်ရွက်နိုင်မည်ဖြစ် ကြောင်း၊ ကျေးလက်နေ   ပြည်သူ များ၏ အလုပ်အကိုင်အခွင့်အလမ်း များ ဖန်တီးပေးနိုင်ရေး၊  မိသားစု ဝင်ငွေကို    တစ်ဖက်တစ်လမ်းမှ  သမ္မာအာဇီဝကျစွာ   ရှာဖွေနိုင် ကြောင်းပြောကြားပြီး  အမျိုးသမီး အိမ်တွင်းမှု     သက်မွေးပညာ သင်တန်းကျောင်း    ကျောင်းအုပ် ဆရာမကြီး      ဒေါ်နီလာကြည် က      သင်တန်းဖွင့်လှစ်ရခြင်း နှင့် သင်တန်းကျောင်းဆိုင်ရာများ အား ရှင်းလင်းတင်ပြသည်။


ထို့နောက် ခရိုင်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌက     အဆင့်မြင့် အိမ်တွင်းမှု    စက်ချုပ်သင်တန်း အမှတ်စဉ် (၄)   သင်တန်းတွင် ထူးချွန်စွာ    ပထမဆုရရှိသူအား ဂုဏ်ပြုဆုငွေနှင့်     အပ်ချုပ် စက်တစ်လုံး        ပေးအပ်ကာ  ခရိုင်စီမံအုပ်ချုပ်ရေး    အဖွဲ့ဝင်များ နှင့် နယ်စပ်ဒေသဖွံ့ဖြိုးမှုကြီးကြပ် ရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်မြင့်ဦးက သင်တန်းဆင်း လက်မှတ်များနှင့် ဒုတိယ၊ တတိယ ဆုရရှိသူများအား       ဆုချီးမြှင့် ပေးအပ်ပြီး  သင်တန်းသူများ၏  လက်ရာများကို      လှည့်လည် ကြည့်ရှုခဲ့ကြကြောင်း      သိရ သည်။


သက်လွင်စိုး(ပြန်/ဆက်)