နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သီလဝါဘက်စုံစိုက်ပျိုးမွေးမြူရေးဇုန် အကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများ ကြည့်ရှုစစ်ဆေး

 

နေပြည်တော်  အောက်တိုဘာ   ၆


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် ခရီးစဉ်တွင် လိုက်ပါလာသည့် အဖွဲ့ဝင်များ၊  ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊  ရန်ကုန်တိုင်းစစ်ဌာနချုပ်  တိုင်းမှူး၊   မြို့တော်ဝန် ဦးဗိုလ်ဌေးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ်၊ ရန်ကုန်မြစ်နှင့် မှော်ဝန်းချောင်းကြားနေရာရှိ  မြန်မာစီးပွားရေးကော်ပိုရေးရှင်း၊ သီလဝါ ဘက်စုံစိုက်ပျိုးမွေးမြူရေးဇုန် လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေ အနေများကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။


ဦးစွာ       နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အား မွေးမြူရေးဇုန်ရှင်းလင်းဆောင်၌ မြန်မာစီးပွားရေးကော်ပိုရေးရှင်းဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီး  ညိုစော၊   မြန်မာ့စီးပွားရေးဦးပိုင်အများနှင့်သက်ဆိုင်သော ကုမ္ပဏီ လီမိတက်ဥက္ကဋ္ဌ   ဒုတိယဗိုလ်ချုပ်ကြီး ဆန်းဦး၊ စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ် ကြီး ကျော်စွာလင်းနှင့် တာဝန်ရှိသူများက သီလဝါဘက်စုံ    စိုက်ပျိုးမွေးမြူရေးဇုန်၊ ၂၆ မိုင်  ဘက်စုံစိုက်ပျိုးမွေးမြူရေးဇုန်၊ တွံ့တေးမြို့နယ်ရှိ  ရွှေမုယင်းငါးကန်နှင့် ငွေပင်လယ် မွေးမြူရေးနှင့် ရေလုပ်ငန်းတို့ ၏  လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ၏    လမ်းညွှန်ချက်များကို   အကောင် အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေများ၊  ဘက်စုံစိုက်ပျိုးမွေးမြူရေးဇုန်များ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့မှုနှင့် ဆောင်ရွက်ပြီးစီးပြီး  လုပ်ငန်းလည်ပတ် နေမှုအခြေအနေများ၊ ငါး၊ ဥစားဘဲ၊ ဥစား ကြက်၊    အသားတိုးကြက်၊    နို့စားနွား၊ အသားစားနွား၊ အသားတိုးဝက် စသည့် မွေးမြူရေးလုပ်ငန်းများ  ဆောင်ရွက်ရာ တွင် အထွက်နှုန်းတိုးတက်မြင့်မားစေရေး မျိုးကောင်းမျိုးသန့်များ ရွေးချယ်မွေးမြူ ခြင်း၊ သားဖောက်မွေးမြူခြင်းများဆောင် ရွက်လျက်ရှိပြီး  အစာပြည့်စုံကောင်းမွန် မှုရှိစေရေး  စီမံဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊      ထွက်ရှိလာသည့် စိုက်ပျိုးမွေးမြူရေး    ထွက်ကုန်များကို ဈေးကွက်အတွင်းသို့      ဖြန့်ဖြူးလျက်ရှိ သည့်အခြေအနေများ၊  မွေးမြူရေးဇုန်များ ၌ အစာစပ်လုပ်ငန်းနှင့် အစာတောင့်စက် များ ထုတ်လုပ်လျက်ရှိမှု၊ နို့ထွက်ပစ္စည်း များ  ထုတ်လုပ်ရောင်းချလျက်ရှိမှု  အခြေ အနေများ၊   မွေးမြူရေးလုပ်ငန်း   ဖွံ့ဖြိုး တိုးတက်ရေးအတွက်     ဘိုးဘွားမျိုးရင်း ကြက်၊ ဝက် GP Farm များ တည်ထောင် နိုင်ရေး ဆောင်ရွက်လျက်ရှိမှု အခြေအနေ များ၊ စိုက်ပျိုးမွေးမြူရေးဆိုင်ရာများနှင့် ပတ်သက်၍ ပြည်ပနိုင်ငံများသို့ လေ့လာ ရေးခရီးစဉ်များ သွားရောက်၍ ၎င်းတို့၏ လုပ်ငန်းဆောင်ရွက်မှု   အဆင့်ဆင့်ကို လေ့လာခဲ့မှုနှင့် မိမိတို့ နိုင်ငံနှင့် ကိုက်ညီ သည့် စိုက်ပျိုးမွေးမြူရေး  နည်းစနစ်များ၊ နည်းပညာများနှင့်   လူ့စွမ်းအားအရင်း အမြစ် လိုအပ်ချက်များကို သုံးသပ်တွေ့ရှိခဲ့ရမှုအခြေအနေများ၊  ပြည်ပနိုင်ငံများ နှင့်   မိမိတို့  နိုင်ငံ၏   ပြောင်းစိုက်ပျိုး ထုတ်လုပ်မှု   နှိုင်းယှဉ်တင်ပြချက်များ၊ စိုက်ပျိုးရေးနှင့်  မွေးမြူရေးလုပ်ငန်းများ ဆက်လက်တိုးချဲ့ဆောင်ရွက်သွားနိုင်ရေး စီမံဆောင်ရွက်လျက်ရှိသည့် အခြေအနေ များ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း ခရိုင် အလိုက် မြေယာအသုံးချမှုနှင့်  စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ထား ရှိမှု  အခြေအနေများ၊   တိုင်းဒေသကြီး အတွင်း          စားရေးလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေး   စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နိုင်ရန် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ  ရင်းနှီး မတည်ငွေများကို  သတ်မှတ်ချက်များနှင့် အညီ  ထုတ်ချေးပေးထားမှု၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ   ဖွံ့ဖြိုးတိုးတက်ရေး ဆက်လက်ဆောင်ရွက်သွားမည့်     အခြေ အနေများနှင့်   ပတ်သက်၍    ရှင်းလင်း တင်ပြကြသည်။


အသား၊ ငါးနှင့် ရာသီသီးနှံ လိုအပ်ချက် ဖြည့်ဆည်းပေးနိုင်ရေးဆောင်ရွက်


ရှင်းလင်းတင်ပြမှုများအပေါ်  နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီ   ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က      ရန်ကုန်တိုင်း ဒေသကြီးအတွင်း  ယခုကဲ့သို့   စိုက်ပျိုး မွေးမြူရေးဇုန်များ         ဖော်ဆောင်၍ ဆောင်ရွက်လျက်ရှိခြင်းသည်    ရန်ကုန် တိုင်းဒေသကြီးအတွင်း  အသား၊  ငါးနှင့် ရာသီသီးနှံဖူလုံမှုရှိစေရန် ရည်ရွယ်ဆောင် ရွက်ခြင်းဖြစ်ကြောင်း၊   တိုင်းဒေသကြီး အတွင်း   ဝယ်လိုအားနှင့်  ရောင်းလိုအား မျှတစေရန်နှင့် အခြေခံစားကုန်များ ကုန် ဈေးနှုန်းကြီးမြင့်မှုကို   ထိန်းသိမ်းနိုင်ရန် ရည်ရွယ်၍ အသား၊ ငါးနှင့် ရာသီသီးနှံများ ထုတ်လုပ်မှုကို တိုးမြှင့်ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း၊ ကုန်ဈေးနှုန်းကြီးမြင့်ရခြင်း မှာ   သွင်းအားစုများနှင့်  လုပ်အားခများ ဈေးနှုန်းကြီးမြင့်ခြင်းကြောင့်    ဖြစ်ပြီး စားသုံးမှု လိုအပ်ချက်ကို လုံလောက်စွာ ထုတ်လုပ်နိုင်မည်၊   ထုတ်လုပ်မှုကုန်ကျ စရိတ်များ       လျှော့ချနိုင်မည်ဆိုပါက ကုန်ဈေးနှုန်းကြီးမြင့်မှုကို လျှော့ချနိုင်မည် ဖြစ်ကြောင်း၊ ထို့ကြောင့် မြန်မာစီးပွားရေးကော်ပိုရေးရှင်းနှင့် မြန်မာ့စီးပွားရေးဦးပိုင် အများနှင့်    သက်ဆိုင်သော   ကုမ္ပဏီ လီမိတက်တို့ကို   တာဝန်ပေးအပ်ပြီး ရန်ကုန်တိုင်းဒေသကြီးနှင့်   မန္တလေးတိုင်း ဒေသကြီးတို့အတွက် အသား၊ ငါးနှင့် ရာသီသီးနှံလိုအပ်ချက်ကို တစ်ဖက် တစ်လမ်းမှ        ဖြည့်ဆည်းပေးနိုင်ရေး   ဆောင်ရွက်စေခဲ့ခြင်းဖြစ်ကြောင်း။


ရန်ကုန်တိုင်းဒေသကြီး    အတွင်းရှိ လူဦးရေ၏ တစ်နေ့တာပျမ်းမျှ အသား၊ ငါး   စားသုံးမှု    လိုအပ်ချက်ပမာဏကို တွက်ချက်၍ အတတ်နိုင်ဆုံးဖြည့်ဆည်း ပေးနိုင်အောင်   မွေးမြူထုတ်လုပ်သွားရ မည်ဖြစ်ကြောင်း၊ ဥစားကြက်၊ ဘဲမွေးမြူ ရေးနှင့်ပတ်သက်၍   ဥထွက်ရှိမှုပမာဏ၊ ဥသည့်   အချိန်ကာလတို့ကို   စနစ်တကျ တွက်ချက်ချိန်ညှိ၍ အသုတ်လိုက် မွေးမြူ သည့်စနစ်ဖြင့် စဉ်ဆက်ပြတ်မှုမရှိစေရေး ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ အလား တူ အခြားမွေးမြူရေးလုပ်ငန်းများတွင်လည်း  စဉ်ဆက်မပြတ် မွေးမြူမှုဖြစ်စေရေး တွက်ချက် ဆောင်ရွက်ကြရန်လိုကြောင်း၊ အသားစားနွားများကို  အောင်မြင်ဖြစ်ထွန်း အောင်   မွေးမြူရန်လိုပြီး  မွေးမြူရေးနွား၊ စပ်မျိုးနွားနှင့်             ဒေသနွားများကို သုတေသနပြုဆောင်ရွက်ကာ   အထွက် နှုန်းကောင်းမွန်သည့် နွားမျိုးများရရှိရေး ဆောင်ရွက်ရန်လိုကြောင်း၊  နွားစာမြက် များ   စိုက်ပျိုးရာတွင်   စဉ်ဆက်မပြတ် ထုတ်ယူအသုံးပြုနိုင်ရေး စနစ်ကျနသည့် ရိတ်သိမ်းမှုစနစ်ရှိရန်နှင့်    နွားချေးများ ကိုလည်း   မြေဩဇာအဖြစ်    ပြန်လည် သုံးစွဲသွားရန်လိုကြောင်း။


သီးထပ်စွမ်းအား တိုးတက်လာပါက တောင်သူများ ဝင်ငွေကောင်းလာနိုင်မည်


စိုက်ပျိုးမွေးမြူရေး    လုပ်ငန်းများ ဆောင်ရွက်ရာတွင် မိရိုးဖလာနည်းလမ်း များဖြင့်  ဆောင်ရွက်ခြင်းသာမက  စနစ် ကျနသည့်  စိုက်ပျိုးမွေးမြူရေးစနစ်များကို ဖော်ဆောင်သွားရန်လိုကြောင်း၊  လိုအပ် သည့် သွင်းအားစုများ လုံလောက်စွာရရှိ နိုင်ရေး       စီမံဆောင်ရွက်သွားရမည်ဖြစ် ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများဆောင် ရွက်ရာတွင် မျိုး၊ မြေ၊ ရေ၊ နည်း ဟူသော မျိုးကောင်းမျိုးသန့် ရရှိအောင်ဆောင်ရွက် ရန်၊ မြေကို စနစ်တကျ ပြုပြင်ဆောင်ရွက် ရန်၊   အောင်ရေရရှိရန်၊   စိုက်နည်းစနစ် များ     မှန်ကန်ရန်     အဓိကလိုအပ်မည်ဖြစ် ကြောင်း၊ နိုင်ငံအတွင်း ဒေသနှင့် ကိုက်ညီ သည့် စိုက်ပျိုးသီးနှံများကို နည်းစနစ်ကျန စွာဖြင့် ထုတ်လုပ်နိုင်မည့် မြေအရင်းအမြစ် များစွာရှိပြီးဖြစ်သဖြင့်        ခေတ်စနစ်နှင့် လျော်ညီသည့် စိုက်ပျိုးရေးထုတ်ကုန်များ စိုက်ပျိုးထုတ်လုပ်နိုင်ရေး စဉ်းစားဆောင် ရွက်ကြရန်လိုကြောင်း၊   သွင်းအားစုနှင့် ပတ်သက်၍    မြေဩဇာ၊   ရေရရှိရေး၊ လုပ်အားခဟူ၍ရှိပြီး  လုပ်သားရှားပါးမှု ပြဿနာကို ယန္တရားများဖြင့် ဆောင်ရွက် နိုင်ရေး   စဉ်းစားဆောင်ရွက်သွားရန်လို ကြောင်း၊ မြေဩဇာ လိုအပ်ချက်ကြောင့် အထွက်နှုန်းလျော့ကျမှု        မရှိစေရေး အတွက် ပြည်ပမှ တင်သွင်းရန်  လိုအပ် သည့် မြေဩဇာများကို တင်သွင်းခွင့်ပြုထားပေးပြီးဖြစ်ကြောင်း၊ သီးထပ်စွမ်းအား များကို တိုးတက်အောင်ဆောင်ရွက်ပြီး သီးထပ်စွမ်းအားများ တိုးတက်လာပါက တောင်သူများ ဝင်ငွေကောင်းလာနိုင်မည် ဖြစ်ကြောင်း။


စိုက်ပျိုးမွေးမြူရေး    ထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေးသည်   ပထမ ဦးစားပေးပင်ဖြစ်ကြောင်း၊ ရန်ကုန်တိုင်း ဒေသကြီးသည်  လမ်းပန်းဆက်သွယ်မှု လျင်မြန်ချောမွေ့ပြီး စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို အောင်မြင်စွာ ထုတ်လုပ် ဖြန့်ဖြူးနိုင်မည့်         အခြေအနေရှိပြီးဖြစ် ကြောင်း၊  အဓိကလိုအပ်သည်မှာ  အမှန် တကယ်  အလုပ်လုပ်ရန်ဖြစ်ပြီး  အလုပ် လုပ်နိုင်ရေးအတွက်လည်း     အစိုးရမှ ဖန်တီးပေးရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် တင်ပြချက်များကို             အချိန်ပေး၍ နားထောင်ခဲ့ခြင်းဖြစ်ပြီး မိမိတို့ဆောင်ရွက် ရသည့် လုပ်ငန်းအလိုက် အောင်မြင်မှုရရှိ စေရေး  ကြိုးပမ်းဆောင်ရွက်သွားရန်လို ကြောင်း၊ ပြည်ပနိုင်ငံများသို့ သွားရောက် လေ့လာမှုမှ    ရရှိလာသည့်     စိုက်ပျိုး  မွေးမြူရေးဆိုင်ရာ  အတွေ့အကြုံများနှင့် နည်းစနစ်များကို အသုံးချ၍လည်း  မိမိ တို့  နိုင်ငံ၌  စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ   ဖွံ့ဖြိုးတိုးတက်အောင်    ကြိုးပမ်း ဆောင်ရွက်သွားကြရန်           တိုက်တွန်း မှာကြားလိုကြောင်း ပြောကြားသည်။ 


ခင်းကျင်းပြသထားမှုများ  ကြည့်ရှု


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် သီလဝါဘက်စုံစိုက်ပျိုး မွေးမြူရေးဇုန်တွင် မွေးမြူထားရှိသည့်  ငါး အမျိုးအစားနမူနာ ပြသထားရှိမှုများ၊ စိုက် ပျိုးမွေးမြူရေးလုပ်ငန်းများမှ ထွက်ရှိသည့်  ကြက်ဥ၊ ဘဲဥ၊ နို့ထွက်ပစ္စည်းများခင်းကျင်း ပြသထားမှုများကို  ကြည့်ရှုကြသည်။


ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် သည်  မွေးမြူရေးဇုန်အတွင်းရှိ  ငါးသား ဖောက်လုပ်ငန်း    ဆောင်ရွက်နေမှုနှင့် ငါးသားပေါက်မွေးမြူထားရှိမှု အခြေအနေ များအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏  တင်ပြချက်များအပေါ် လိုအပ်သည်များ     မှာကြားခဲ့ကြောင်း  သတင်းရရှိသည်။                  

သတင်းစဉ်