နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့ ဖွဲ့စည်းခြင်း (၂) နှစ်မြောက် နှစ်ပတ်လည်တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ဂုဏ်ပြု

 

နေပြည်တော်   အောက်တိုဘာ   ၆


မြန်မာ့ပင်လယ်ပြင်နှင့် ရေကြောင်းအကျိုးစီးပွား များ၊    ပင်လယ်ပြာစီးပွားရေးလုပ်ငန်းများအား  ကာကွယ်စောင့်ရှောက်ရန်၊   ရေကြောင်းလုံခြုံရေး ဆိုင်ရာ ခြိမ်းခြောက်မှုများအား တားဆီးကာကွယ်ရန်၊ ပင်လယ်ပြင်တရားဥပဒေစိုးမိုးရေးနှင့်  လူသားချင်း စာနာမှုအထောက်အကူပေးရေးလုပ်ငန်းများ ဆောင် ရွက်ရန်၊ အရေးပေါ်အချိန်တွင် တပ်မတော်(ရေ)အား အထောက်အကူပြုနိုင်ရန်    စသည့်ရည်မှန်းချက် တာဝန်များကို ထမ်းဆောင်နိုင်ရေးအတွက် မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့ကို ၂၀၂၁ ခုနှစ် အောက်တို ဘာ  ၆    ရက်တွင်    စတင်ဖွဲ့စည်းခဲ့ပြီး     တပ်ဖွဲ့ဖွဲ့စည်း ခြင်း (၂) နှစ်မြောက် နှစ်ပတ်လည်နေ့ တွေ့ဆုံပွဲအခမ်း အနားကို ယနေ့တွင် ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်    ဗိုလ်ချုပ်မှူးကြီး    မင်းအောင်လှိုင် တက်ရောက်ဂုဏ်ပြုအမှာစကား  ပြောကြားသည်။


တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များဖြစ်သည့် ကာကွယ်ရေးဝန်ကြီးဌာန     ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး  တင်အောင်စန်း၊  ဒုတိယဗိုလ်ချုပ်ကြီး ညိုစော၊  ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီး များ၊ 
ရန်ကုန်တိုင်းစစ်ဌာနချုပ်  တိုင်းမှူး၊   ကမ်းခြေစောင့် တပ်ဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဗိုလ်ချုပ် ကိုကိုကျော်၊ တပ်မတော်(ရေ)နှင့်  မြန်မာနိုင်ငံ   ကမ်းခြေစောင့် တပ်ဖွဲ့မှ အရာရှိ၊ စစ်သည်များ တက်ရောက်ကြသည်။


ကမ်းခြေစောင့်တပ်ဖွဲ့ ဖွဲ့စည်းနိုင်ရေး ဆောင်ရွက်
ခဲ့မှုနှင့် တပ်ဖွဲ့၏ရည်မှန်းချက်တာဝန်များကို 
အောင်မြင်စွာ ထမ်းဆောင်နိုင်ရေး 
ကြိုးပမ်းဆောင်ရွက်သွားရန်လိုအပ်မှု

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က  မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့   ဖွဲ့စည်းခြင်း  (၂)  နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ်တွေ့ဆုံပွဲ၌ အရာရှိ၊ စစ်သည်များအား      အမှာစကားပြောကြားရာတွင် ယနေ့သည် ကမ်းခြေစောင့်တပ်ဖွဲ့၏ (၂) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားပင်ဖြစ်ပြီး မိမိကိုယ်တိုင် ဖွဲ့စည်းဖွင့်လှစ်ပေးခဲ့သည့် ပထမဦးဆုံးသော နိုင်ငံ၏ ကမ်းခြေစောင့်တပ်ဖွဲ့ဖြစ်ကြောင်း၊ နှစ်နှစ်တာကာလ အတွင်း  တပ်ဖွဲ့၏  ရုပ်ပိုင်းဆိုင်ရာနှင့်     ဖွဲ့စည်းပုံ ပိုင်းဆိုင်ရာများတွင် တတ်နိုင်သမျှပြည့်စုံအောင် နိုင်ငံ တော်မှ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး ဆက်လက် ၍လည်း ဖြည့်ဆည်းပေးသွားမည်ဖြစ်ကြောင်း၊ မိမိတို့ နိုင်ငံသည် ကျယ်ဝန်းသည့် ပိုင်နက်ပင်လယ်ပြင်နှင့် ရှည်လျားသည့် ကမ်းရိုးတန်းပိုင်ဆိုင်သော ကမ်းရိုးတန်းနိုင်ငံတစ်နိုင်ငံဖြစ်ပြီး ကမ်းရိုးတန်းတစ်လျှောက် တွင်လည်း  ကျွန်းပေါင်းများစွာရှိကာ  သဘာဝက ပေးအပ်သည့်   အရင်းအမြစ်များ၊   စီးပွားရေးအခွင့် အလမ်းများ များစွာရှိကြောင်း၊ ထို့ကြောင့် နိုင်ငံတော် ၏ ပိုင်နက်ပင်လယ်ပြင်နှင့် ကမ်းရိုးတန်းကို အလုံးစုံ ကာကွယ်စောင့်ရှောက်နိုင်ရန်   တပ်မတော်  (ရေ)အပြင်  ပင်လယ်ပြင်တရားဥပဒေစိုးမိုးရေးတာဝန် များကို အဓိကထမ်းဆောင်နိုင်မည့် ကမ်းခြေစောင့် တပ်ဖွဲ့တစ်ခုရှိသင့်သည်ဟုယူဆ၍ ယခင်ကတည်း ကပင်    ကြိုတင်ပြင်ဆင်မှုများ   ဆောင်ရွက်ခဲ့ပြီး အခြားနိုင်ငံများ၏  ကမ်းခြေစောင့်တပ်ဖွဲ့  ဖွဲ့စည်း တည်ဆောက်ပုံများကို အချိန်ယူလေ့လာဆောင်ရွက် ခဲ့ရကြောင်း။


ကမ်းခြေစောင့်တပ်ဖွဲ့၏ သဘောသဘာဝသည် ကမ်းရိုးတန်းတစ်လျှောက်နှင့် ပိုင်နက်ပင်လယ်ပြင် အတွင်း   နယ်နိမိတ်၏   တရားဥပဒေစိုးမိုးရေးနှင့် လူသားချင်းစာနာ ထောက်ထားမှုအကူအညီပေးရေးတာဝန်များကို ထမ်းဆောင်ရခြင်းဖြစ်ကြောင်း၊ ယခု တပ်ဖွဲ့တွင် တာဝန်ထမ်း‌ဆောင်လျက်ရှိသည့် တပ်ဖွဲ့ ဝင်အရာရှိ၊   စစ်သည်များသည်    မိမိတို့နိုင်ငံ၏ ကမ်းခြေစောင့်တပ်ဖွဲ့ သမိုင်းသစ်တစ်ခုကို စတင် ခဲ့ကြခြင်းပင်ဖြစ်ကြောင်း၊ တပ်မတော်(ရေ)မှ ရှိရင်းစွဲ လူသားအရင်းအမြစ်များ၊  ရေယာဉ်များဖြင့်  စနစ် တကျစုဖွဲ့တည်ဆောက်ထားခြင်းဖြစ်သဖြင့်  စံပြု တပ်ဖွဲ့တစ်ခုဖြစ်အောင် ကြိုးစားဆောင်ရွက်ကြရန် လိုကြောင်း။
ယခင်က မိမိတို့နိုင်ငံတွင် ကမ်းခြေစောင့်တပ်ဖွဲ့ မရှိသည့်အတွက် ပိုင်နက်ပင်လယ်ပြင်နှင့် ရေကြောင်း အကျိုးစီးပွားများ၊  ရေကြောင်းသယံဇာတများကို ကာကွယ်စောင့်ရှောက်ရန်နှင့်    ရေကြောင်းလုံခြုံ ရေး    ထိန်းသိမ်းစောင့်ရှောက်ရန်     တာဝန်များကို တပ်မတော်(ရေ)က ဆောင်ရွက်ခဲ့ရခြင်းဖြစ်ကြောင်း၊ ယခုအချိန်တွင် ကမ်းခြေစောင့်တပ်ဖွဲ့ ဖွဲ့စည်းပေးပြီး ဖြစ်သည့်အတွက် ပင်လယ်ပြင်တရားဥပဒေစိုးမိုးရေး ကဏ္ဍ၊  လူသားချင်းစာနာမှု   အကူအညီပေးရေး ကဏ္ဍများကို ကမ်းခြေစောင့်တပ်ဖွဲ့က အဓိကထား ဆောင်ရွက်ကြရမည်ဖြစ်ပြီး     ရေကြောင်းအကျိုး စီးပွားများ ကာကွယ်စောင့်ရှောက်ရေး၊ ပင်လယ်ပြင် ရှာဖွေကယ်ဆယ်ရေးနှင့်    ပင်လယ်ပြင်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးတို့ကိုလည်း လုပ်ဆောင် ရန် တာဝန်ရှိမည်ဖြစ်ကြောင်း။


လေ့ကျင့်ရေး၊ အုပ်ချုပ်ရေး၊ 
သက်သာချောင်ချိရေး၊ စိတ်ဓာတ်ကောင်းမွန်ရေး တို့ကို အချိတ်အဆက်မိမိဆောင်ရွက်


ကမ်းခြေစောင့်တပ်ဖွဲ့အနေဖြင့်   အခြားအိမ်နီး ချင်းနှင့် ဒေသတွင်းနိုင်ငံများရှိ ကမ်းခြေစောင့်တပ်ဖွဲ့ များဖြင့်လည်း ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ပြီး ပေးအပ်ထားသည့်     ရည်မှန်းချက်တာဝန်များကို ကျေပွန်အောင်   ထမ်းဆောင်နိုင်ရမည်ဖြစ်ကြောင်း၊ ပေးအပ်ထားသည့်     တာဝန်များကို     ကျေပွန်စွာ  ဆောင်ရွက်နိုင်ရေးအတွက်  လေ့ကျင့်ရေးလုပ်ငန်းများ ကို မပြတ်ဆောင်ရွက်နေရန် လိုအပ်မည်ဖြစ်ကြောင်း၊   လေ့ကျင့်ရေးဆောင်ရွက်ခြင်းသည် ရုပ်ပိုင်း၊ စိတ်ပိုင်း ဆိုင်ရာများကို ပိုမိုကောင်းမွန်လာအောင် ဆောင်ရွက် ခြင်းဖြစ်ပြီး  တပ်ဖွဲ့ဝင်တစ်ဦးချင်းစီ၏  ကျွမ်းကျင်မှု များနှင့် ရေယာဉ်များ၏ စွမ်းပကားများကို ပိုမိုအသုံးချ နိုင်ရန်ဖြစ်ကြောင်း၊   ကူညီကယ်ဆယ်ရေးလုပ်ငန်း များကို ဆောင်ရွက်ရာတွင်  တပ်ဖွဲ့ဝင်တစ်ဦးချင်းစီ၏ အရည်အသွေး ပြည့်ဝရန် လိုသကဲ့သို့ ရေယာဉ်နှင့် အသုံးအဆောင်ပစ္စည်းများ ပြည့်စုံရန်လည်းလိုအပ်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတော်အနေဖြင့် လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ရည်မှန်းချက် တာဝန်များကို ထမ်းဆောင်ရာ၌ ပြည်တွင်း၊ ပြည်ပမှ ချမှတ်ထားသည့်   ရေကြောင်းဆိုင်ရာ   ဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများကို   သိရှိနားလည်ထားမှ သာလျှင် လုပ်ငန်းတာဝန်များ ထမ်းဆောင်ရာ၌ ပိုမို လွယ်ကူမည်ဖြစ်ပြီး နိုင်ငံတကာနှင့်လည်း တွင်တွင် ကျယ်ကျယ် ဆက်ဆံဆောင်ရွက် နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် အရာရှိ၊ စစ်သည်များအနေဖြင့်   မိမိတို့ အဆင့်အလိုက်  သိသင့်သိထိုက်သည့်  ရေကြောင်း ဆိုင်ရာဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများကို သိရှိ နားလည်နိုင်ရေး ဆောင်ရွက်သွားကြရန်လိုကြောင်း။


အုပ်ချုပ်ရေးပိုင်းဆိုင်ရာနှင့် ပတ်သက်၍ အထက် အောက်ညီညွတ်မျှတသည့်    အုပ်ချုပ်မှုပုံစံရှိရမည် ဖြစ်ပြီး  စည်းကမ်းစနစ်တကျဆောင်ရွက်ခြင်းဖြင့် မိမိတို့တပ်ဖွဲ့၏   အုပ်ချုပ်မှုကောင်းခြင်းကို   ပြသ နိုင်ရန်လိုကြောင်း၊ တပ်ဖွဲ့ဝင်တစ်ဦးချင်းစီ၏ ရသင့် ရထိုက်သည့် အကျိုးခံစားခွင့်များကို မှန်မှန်ကန်ကန် ဖြည့်ဆည်းဆောင်ရွက်ပေးရန်လိုပြီး လူမှုရေး၊ ကျန်းမာ ရေးဆိုင်ရာ  အခက်အခဲများကိုလည်း တတ်နိုင်သမျှ     ဖြည့်ဆည်းဆောင်ရွက်ပေးရန်လိုကြောင်း။


သက်သာချောင်ချိရေးပိုင်းနှင့် ပတ်သက်၍ မိမိ ကိုယ်ကို    ထိန်းထိန်းသိမ်းသိမ်းနေထိုင်ခြင်းဖြင့် တစ်ဦးချင်းစီ၏ သက်သာချောင်ချိမှုကို တည်ဆောက် သွားရန် လိုအပ်သကဲ့သို့ တပ်ဖွဲ့မှလည်း တစ်ဦးချင်း သက်သာချောင်ချိမှုရှိစေရေး တတ်နိုင်သမျှ ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊      မိမိကိုယ်ကို အလိုလိုက်ခြင်းဖြင့်   မိမိနှင့်   မိမိပတ်ဝန်းကျင်ကို ထိခိုက်စေနိုင်ပြီး  မိမိလက်အောက်ကို အလိုလိုက်ခြင်း ဖြင့် တပ်ဖွဲ့၏ စည်းကမ်းစနစ်တကျဖြစ်မှုကို ထိခိုက် စေနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ညီညွတ်မျှတစွာ ကွပ်ကဲဦးဆောင်၍   တပ်ဖွဲ့ဝင်တစ်ဦးတစ်ယောက် ချင်းစီ၏   နေထိုင်သွားလာစားသောက်မှု၊   ဝတ်စား ဆင်ယင်မှု      စည်းကမ်းစနစ်တကျရှိခြင်းမှသည် တပ်ဖွဲ့ကောင်းတစ်ရပ်ကို ပုံဖော်တည်ဆောက်သွား ကြရမည်ဖြစ်ကြောင်း။


တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် များ၊  ကမ်းခြေစောင့်တပ်ဖွဲ့ဝင်များအနေဖြင့်  နိုင်ငံ တော်နှင့်  တပ်မတော်ကိုကာကွယ်မည်၊  နိုင်ငံသူ၊ နိုင်ငံသားတို့၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ် မည်ဟူသည့်     နဂိုအရင်းခံစိတ်ဓာတ်ကောင်းဖြင့် ဝင်ရောက်အမှုထမ်းခဲ့သူများဖြစ်ကြောင်း၊    မိမိတို့ တစ်ဦးတစ်ယောက်ချင်းစီ၏   ရှိရင်းစွဲ   စိတ်ဓာတ် ကောင်းများကို  ဆက်လက်ထိန်းသိမ်း၍   မိမိတို့ကို ပေးအပ်လာသည့်      တာဝန်များကိုကျေပွန်စွာ ထမ်းဆောင်ရန်လိုကြောင်း၊ စိတ်ဓာတ်ကောင်းမွန် မှသာလျှင် စည်းကမ်းကောင်းမွန်မည်ဖြစ်ပြီး စွမ်းရည် ထက်မြက်သည့်  တပ်ဖွဲ့တစ်ခုဖြစ်စေရေးအတွက် လေ့ကျင့်ရေး၊  အုပ်ချုပ်ရေး၊  သက်သာချောင်ချိရေး၊ စိတ်ဓာတ်ကောင်းမွန်ရေး စသည့်အချက်လေးချက် ကို တစ်ခုနှင့်တစ်ခု အချိတ်အဆက်မိမိ ဆောင်ရွက် သွားရမည်ဖြစ်ကြောင်း။


မြန်မာနိုင်ငံ ကမ်းခြေစောင့်တပ်ဖွဲ့အနေဖြင့် ယခု အချိန်တွင်    နှစ်နှစ်မြောက်    နှစ်ပတ်လည်နေ့သို့ ရောက်ရှိပြီဖြစ်ပြီး နှစ်နှစ်တာကာလအတွင်း ပိုင်နက် ပင်လယ်ပြင်အတွင်း    တရားဥပဒေစိုးမိုးရေးနှင့် ကာကွယ်ရေးတာဝန်ထမ်းဆောင်မှုများကို   အသိ အမှတ်ပြုပါကြောင်းနှင့် ယခုထက်ပိုမိုသည့် စွမ်းဆောင် ရည်ကို   ပြသသွားကြရန်   တိုက်တွန်းမှာကြားလို ကြောင်း၊ ကမ်းခြေစောင့်တပ်ဖွဲ့ကို စံပြုတပ်ဖွဲ့တစ်ခု ဖြစ်အောင်    ဆောင်ရွက်သွားကြရန်နှင့်    စွမ်းရည် ထက်မြက်သည့်  တပ်ဖွဲ့တစ်ခုအဖြစ်   ဆက်လက် ရပ်တည်သွားနိုင်ကြရန်   ဆုမွန်ကောင်းတောင်းပါ ကြောင်း ပြောကြားသည်။


ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ကမ်းခြေ စောင့်တပ်ဖွဲ့တာဝန်ထမ်းဆောင်မှု နှစ်နှစ်တာကာလ အတွင်း ပင်လယ်ပြင်တရားဥပဒေစိုးမိုးရေး လုပ်ငန်း တာဝန်များနှင့် ရှာဖွေကယ်ဆယ်ရေးတာဝန်များကို စွမ်းစွမ်းတမံ   ထမ်းဆောင်နိုင်ခဲ့ကြသည့်   အရာရှိ၊ စစ်သည်များအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သည်။
ယင်းနောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ        တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ကမ်းခြေစောင့်တပ်ဖွဲ့တာဝန်ထမ်းဆောင်မှု ဂုဏ်ပြု တံဆိပ်ကို ပေးအပ်ရာ ကမ်းခြေစောင့်တပ်ဖွဲ့ညွှန်ကြား ရေးမှူးချုပ်က လက်ခံရယူပြီး နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ  တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံသို့ ကမ်းခြေစောင့်တပ်ဖွဲ့တပ် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်တံဆိပ်ကို ဂါရဝပြု ပြန်လည်ပေးအပ် သည်။  


အခမ်းအနားအပြီးတွင်  နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်သည် တက်ရောက်လာကြသည့် ကမ်းခြေစောင့် တပ်ဖွဲ့မှ အရာရှိ၊ စစ်သည်များအား   ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးစကားပြောကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင် များအား ကမ်းခြေစောင့်တပ်ဖွဲ့ ညွှန်ကြားရေးမှူးချုပ် က ကမ်းခြေစောင့်တပ်ဖွဲ့ကွပ်ကဲမှုဌာနချုပ် အစည်း အဝေးခန်းမ၌ ရည်မှန်းချက်တာဝန်ထမ်းဆောင်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်က လိုအပ်သည်များ ပြန်လည်ဆွေးနွေး မှာကြားသည်။ 


ယင်းနောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင် များသည်  ကမ်းခြေစောင့်တပ်ဖွဲ့ကွပ်ကဲမှုဌာနချုပ်အတွင်း လှည့်လည်၍ နိုင်ငံ၏ ပိုင်နက်ပင်လယ်ပြင်နှင့် ကမ်းရိုးတန်းတစ်လျှောက် ရာသီဥတုအခြေအနေနှင့် လှုပ်ရှားမှုများကို  အချိန်နှင့်တစ်ပြေးညီ စောင့်ကြည့် သတင်းအချက်အလက်      စုဆောင်းမှုစနစ်ဖြင့်  တာဝန်ထမ်းဆောင်နေမှုများ၊   တပ်ဖွဲ့ပြခန်းအတွင်း ခင်းကျင်းပြသထားရှိမှုများ၊ စာကြည့်တိုက်ပြုလုပ် ထားရှိမှုများကို လိုက်လံကြည့်ရှု၍ တာဝန်ရှိသူများ ၏    ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည်များ မှာကြားသည်။


ဆက်လက်ပြီး     နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့်  အဖွဲ့ဝင်များသည်   ကမ်းခြေစောင့်တပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ရေယာဉ်များအားသွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး  ရေယာဉ်များမှ အရာရှိ၊ စစ်သည်များ၏ အလေးပြုခြင်းကို ခံယူကာ တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားသည်။


ထို့နောက်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင် များသည်   ကမ်းခြေစောင့်တပ်ဖွဲ့ဌာနချုပ်အတွင်း လှည့်လည်၍ အရာရှိ၊ စစ်သည် မိသားစုများအတွက် နောင်ရိုးသောက်ရေသန့်စက်ရုံ ဆောင်ရွက်ထားရှိမှု၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိ မှုနှင့်        အိမ်ထောင်သည်လိုင်းခန်းများအတွင်း လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး       တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ်  လိုအပ်သည်များ   လမ်းညွှန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။ 
   

သတင်းစဉ်