
ရန်ကုန် အောက်တိုဘာ ၅
၂၀၂၆ ကမ္ဘာ့ဖလား ပထမအဆင့် ခြေစစ်ပွဲယှဉ်ပြိုင်ရန် မြန်မာ့ လက်ရွေးစင်အသင်းကို ပဏာမ ကစားသမား ၃၃ ဦးဖြင့် ဖွဲ့စည်း လိုက်ပြီဖြစ်ပြီး အောက်တိုဘာ ၇ ရက်တွင် စတင်လေ့ကျင့်မည် ဖြစ်သည်။
မြန်မာ့လက်ရွေးစင်အသင်း သည် ကမ္ဘာ့ဖလား ပထမအဆင့် ခြေစစ်ပွဲအဖြစ် မကာအိုအသင်းနှင့် တွေ့ဆုံနေပြီး အောက်တိုဘာ ၁၂ ရက်တွင် အိမ်ကွင်း၊ အောက်တို ဘာ ၁၇ ရက်တွင် အဝေးကွင်း ကစားရမည်ဖြစ်သည်။
မြန်မာ့လက်ရွေးစင် အသင်း ပဏာမလူစာရင်းတွင် ပြည်ပ ကလပ်များ၌ ကစားနေသူများ၊ မြန်မာ ယူ-၂၃ အသင်းမှ ကစား သမားအချို့နှင့် ပြည်တွင်းကလပ် များတွင် ခြေစွမ်းပြနေသူများ ပါဝင်လာသည်။
မြန်မာ့လက်ရွေးစင် အသင်း တွင် ပဏာမကစားသမားများ အဖြစ် ဂိုးသမား - ပြည့်ဖြိုး အောင် (ဟံသာဝတီ)၊ ဆန်းဆက် နိုင် (ရန်ကုန်ယူနိုက်တက်)၊ ဇင်ညီညီအောင် (ဒဂုံစတား)၊ ပြည့်ဖြိုးသူ (ရတနာပုံ)၊ နောက်တန်း- ဟိန်းဖြိုးဝင်း(ရတ်ချာဘူရီ - ထိုင်း)၊ စိုးမိုးကျော် (ဖနောင်းပင်ခရောင်း-ကမ္ဘောဒီးယား)၊ ရဲမင်းသူ၊ နန္ဒကျော်၊ ကျော်ဇင်လွင်၊ ဇွဲခန့်မင်း (ရှမ်းယူနိုက်တက်)၊ ဟိန်းဇေယျာ လင်း (ရန်ကုန်ယူနိုက်တက်)၊ သက်ဟိန်းစိုး၊ ကောင်းထက်ပိုင် (ရတနာပုံ)၊ သီဟထက်အောင် (ရခိုင်ယူနိုက်တက်)၊ လတ်ဝေ ဘုန်း (ဧရာဝတီ)၊ အလယ်တန်း- လွင်မိုးအောင် (ရရောင်း-ထိုင်း)၊ မောင်မောင်လွင် (လမ်ဖွန်ဝါရီယာ- ထိုင်း)၊ ထက်ဖြိုးဝေ၊ မြတ်ကောင်း ခန့် (ရှမ်းယူနိုက်တက်)၊ ဝေလင်း အောင်၊ ဆွမ်လမန် (ဒဂုံစတား)၊ ရန်နိုင်ဦး၊ ဇော်ဝင်းသိန်း (ရန်ကုန် ယူနိုက်တက်)၊ နေမိုးနိုင်၊ ခွန်ကျော် ဇင်ဟိန်း (ဟံသာဝတီ)၊ ကျော်မင်း ဦး (PDRM-မလေးရှား)၊ ဟိန်း ထက်အောင် (နီဂျီရီဆမ်ဘာလန်-မလေးရှား)၊ ရှေ့တန်း - ဥက္ကာနိုင် (ရန်ကုန်)၊ အောင်မြတ်သူ (ဟံသာ ဝတီ)၊ အောင်သူ၊ အောင်ကောင်း မာန် (အူထိုင်းထာနီ - ထိုင်း)၊ သန်းပိုင် (ချင်းမိုင်ယူနိုက်တက်-ထိုင်း) နှင့် ဝင်းနိုင်ထွန်း (ဘော်နီယို- အင်ဒိုနီးရှား) တို့ ပါဝင်ကြသည်။
ညီမြတ်သော်တာ
ဓာတ်ပုံ-သော်လေး