စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ၂၀၂၃ ခုနှစ် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အခမ်းအနား တက်ရောက်

 

မုံရွာ အောက်တိုဘာ  ၅


စစ်ကိုင်းတိုင်းဒေသကြီး   ၂၀၂၃ ခုနှစ် ကမ္ဘာ့ဆရာများနေ့  အထိမ်း အမှတ်အခမ်းအနားကို အောက်တို ဘာ  ၅  ရက်    နံနက်ပိုင်းက တိုင်းဒေသကြီး    အစိုးရအဖွဲ့ရုံး ချင်းတွင်းခန်းမ၌     ကျင်းပရာ တိုင်းဒေသကြီး     ဝန်ကြီးချုပ် ဦးမြတ်ကျော်၊    တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် အဆင့် ဌာနဆိုင်ရာများ၊ ပညာရေး ဝန်ထမ်းများ၊ ဆရာ ဆရာမများ၊ ကျောင်းသား   ကျောင်းသူများ နှင့်      ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။


သဝဏ်လွှာဖတ်ကြား


ရှေးဦးစွာ အမှတ်(၂)အခြေခံ ပညာ  အထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများက “ မြတ်ဆရာ ” တေးသီချင်းသီဆို၍ အခမ်းအနားအား    ဖွင့်လှစ်ကြ သည်။ ယင်းနောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ     ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ် မှူးကြီး    မင်းအောင်လှိုင်ထံမှ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အခမ်းအနားသို့      ပေးပို့သည့် သဝဏ်လွှာအား   တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဖတ်ကြားသည်။ 


ဆက်လက်ပြီး    ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့ငါးဖွဲ့၏ အဖွဲ့ ခေါင်းဆောင်များမှ    ပေးပို့သည့် စုပေါင်းသဝဏ်လွှာအား တိုင်းဒေသ ကြီးပညာရေးမှူးဒုတိယညွှန်ကြား ရေးမှူးချုပ်      ဦးတင်လှိုင်က ဖတ်ကြားသည်။


ဆုချီးမြှင့်ပေးအပ်


ဆက်လက်၍  အသက်(၇၀)နှစ်နှင့်အထက် ဆရာကြီး ဆရာမ ကြီးများအား    တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကန်တော့ငွေနှင့် ပစ္စည်းများကို     ပေးအပ်ပြီး ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် တိုင်းဒေသကြီးအဆင့် စာစီစာကုံး ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိကြသော   ကျောင်းသား ကျောင်းသူများကိုလည်းကောင်း၊ တိုင်းဒေသကြီး    လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး    ဗိုလ်မှူး ကြီး ဝင်းတင်စိုးနှင့် တိုင်းဒေသကြီး ပညာရေးမှူး ဒုတိယညွှန်ကြားရေး မှူးချုပ် ဦးတင်လှိုင်က တိုင်းဒေသ ကြီးအဆင့်      ကဗျာပြိုင်ပွဲတွင် ပထမ၊   ဒုတိယ၊   တတိယဆုရရှိ သော  ကျောင်းသား  ကျောင်းသူ များအားလည်းကောင်း   ဆုများ ပေးအပ်ချီးမြှင့်ကြသည်။ 


ယင်းနောက်   ကျောင်းသား ကျောင်းသူများက သီဆိုဖျော်ဖြေ ကြကာ  တိုင်းဒေသကြီး  တရား သူကြီးချုပ် ဦးဇော်ထူးက ဂုဏ်ပြု ချီးမြင့်ငွေများ ပေးအပ်ချီးမြှင့်သည်။


လှည့်လည်ကြည့်ရှု


ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက  ၂၀၂၃ ခုနှစ် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်   တိုင်းဒေသကြီး အဆင့် ဆုရ ကဗျာ၊ စာစီစာကုံး ပြခန်းများကို   လှည့်လည်ကြည့်ရှု ကြကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)