
ကရာချိ အောက်တိုဘာ ၅
ပါကစ္စတန်နိုင်ငံ အနောက် မြောက်ပိုင်း ခိုင်ဘာပတ်ထွန်ခဝါ ပြည်နယ်တွင် အသက် ၁၈ လ အရွယ်ကလေးတစ်ဦးမှာ ပိုလီယို ဗိုင်းရပ်စ်အရိုင်းပိုးကြောင့် ခြေ လက်မသန်စွမ်း ဖြစ်ခဲ့ရသည်ဟု ပါကစ္စတန် ကျန်းမာရေးဝန်ကြီး ဌာနက အောက်တိုဘာ ၄ ရက် ညပိုင်းက သတင်းထုတ်ပြန်ခဲ့ သည်။
စက်တင်ဘာ ၁၃ ရက်မှ စတင်ကာ ကလေးငယ်သည် လေသင်တုန်းဖြတ်သလို ဖြစ်ခဲ့ သည်ဟု ကျန်းမာရေးဝန်ကြီးဌာန ကဖော်ပြထားပြီး ဘန်နူးခရိုင် တွင် နေထိုင်သည့် အဆိုပါ ကလေးငယ်၏ မစင်နမူနာတွင် ပိုလီယို အရိုင်းဗိုင်းရပ်စ် အမျိုး အစား - ၁ ကို တွေ့ရှိခဲ့သည်ဟု သိရသည်။
ယခုနှစ်အတွင်း တတိယ အကြိမ်မြောက် ပိုလီယိုရောဂါ သည် ကလေးငယ်ကိုတွေ့ရှိရ ခြင်းလည်းဖြစ်သည်ဟု ကြေညာ ချက်တွင် ထုတ်ပြန်ထားသည်။
ရောဂါသည် အားလုံးမှာ ဘန်နူးခရိုင် ဂိုဟာဘာကာခယ် ဒေသမှ ဖြစ်ကြသည်။ ယခု တွေ့ရှိခဲ့သည့် ပိုလီယိုရောဂါမှာ ဇူလိုင်လအတွင်း တွေ့ရှိခဲ့သည့် ဒုတိယမြောက် ပိုလီယိုရောဂါ သည်ဖြစ်ရပ်နှင့် မျိုးရိုးဗီဇအရ ဆက်နွှယ်မှုရှိသည်ဟု ဝန်ကြီးဌာန ကထုတ်ပြန်ထားသည်။
ဆင်ဟွာ