
နေပြည်တော် အောက်တိုဘာ ၅
မြန်မာနိုင်ငံသင်္ဘောများ မှတ်ပုံတင်ခြင်း အက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ(မူကြမ်း) ပြဋ္ဌာန်းနိုင်ရေး ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ဥပဒေရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာ သီတာဦး၊ ဒုတိယဝန်ကြီးနှင့် ဒုတိယ ရှေ့နေချုပ် ဒေါက်တာ ထိန်လင်းဦး၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင် ကျော်ထွန်း၊ ဥပဒေမူကြမ်းစိစစ်ရေးဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဒေါက်တာသီတာစန်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ် ရေးဝန်ကြီးဌာနက နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ လမ်းညွှန်ချက်နှင့်အညီ မြန်မာသင်္ဘော များ မှတ်ပုံတင်ဥပဒေအသစ်မပြဋ္ဌာန်းနိုင်မီ မြန်မာ နိုင်ငံအနေဖြင့် လက်ရှိကျင့်သုံးလျက်ရှိသော ဈေးကွက် စီးပွားရေးစနစ်အရ လည်းကောင်း၊ နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) များကို အားပေးသည့် မူဝါဒများ အရလည်းကောင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံ မှုများနှင့် နိုင်ငံတော်မှ ကျင့်သုံးလျက်ရှိသော မူဝါဒ များနှင့် လိုက်လျောညီထွေမှုရှိစေရန်အတွက် လည်း ကောင်း၊ အင်္ဂလိပ်ဘာသာဖြင့် ပြဋ္ဌာန်းထားသော မြန်မာနိုင်ငံသင်္ဘောများ မှတ်ပုံတင်ခြင်း အက်ဥပဒေ ကို အင်္ဂလိပ်ဘာသာဖြင့် ပြင်ဆင်ရခြင်းဖြစ်ကြောင်း တင်ပြဆွေးနွေးရာ ပြည်ထောင်စုဝန်ကြီးနှင့် ပြည် ထောင်စုရှေ့နေချုပ်က မြန်မာနိုင်ငံသင်္ဘောများ မှတ်ပုံတင်ခြင်း အက်ဥပဒေကို လက်ရှိအခြေအနေ များနှင့် လိုက်လျောညီထွေမှုရှိစေရန် ပြင်ဆင်ရန် လိုအပ်ကြောင်း သုံးသပ်တွေ့ရှိရသဖြင့် ပြင်ဆင် လိုသည့်ပုဒ်မများကို အပြီးသတ်ညှိနှိုင်းလျက် ပြဋ္ဌာန်း နိုင်ရေးဆွေးနွေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်