
ယူအီးအက်ဖ်အေ ချန်ပီယံလိဂ် အုပ်စုပွဲစဉ် (၂) ပွဲစဉ်များမှ အောက် တိုဘာ ၄ ရက် နံနက်ပိုင်းက ယှဉ်ပြိုင်ကစားခဲ့သည့် ပွဲစဉ် များတွင် ဘိုင်ယန်မြူးနစ်၊ ရီးရဲ မက်ဒရစ် နိုင်ပွဲရပြီး မန်ယူနှင့် အာဆင်နယ်တို့ ရှုံးပွဲကြုံတွေ့ ခဲ့သည်။
ရီးရဲမက်ဒရစ် အသင်းက နာပိုလီအသင်းနှင့် ယှဉ်ပြိုင်ကစား ခဲ့ပြီး သုံးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ သည်။ နှစ်သင်းကြား ခြေစွမ်း ကွာဟမှု ကြီးကြီးမားမားမရှိ သော်လည်း အဆုံးသတ်သေချာ သည့် ရီးရဲမက်ဒရစ်အသင်းက အနိုင်ရခဲ့ခြင်းဖြစ်သည်။ ယခု အနိုင်ပွဲကြောင့် ရီးရဲမက်ဒရစ် အသင်းက နှစ်ပွဲကစား၊ နှစ်ပွဲနိုင် ဖြင့် အမှတ်ပေးဇယားကို ဦးဆောင် နိုင်ခဲ့သည်။
ဘိုင်ယန်မြူးနစ်နှင့် ဒိန်းမတ် ကလပ် ကိုပင်ဟေဂင်အသင်း ပွဲစဉ်တွင် ဘိုင်ယန်မြူးနစ်အသင်း က အကြိတ်အနယ် ကစားပြီး နှစ်ဂိုး - တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ သည်။ အိမ်ရှင် ကိုပင်ဟေဂင် အသင်းက ဦးဆောင်ဂိုးသွင်းယူ နိုင်ခဲ့သော်လည်း ချေပဂိုးနှင့် အနိုင်ဂိုး ပြန်လည်ခွင့်ပြုပေးခဲ့ရ သည့်အတွက် နှစ်ဂိုး - တစ်ဂိုးဖြင့် ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။ ဘိုင်ယန် မြူးနစ်အသင်းသည် ယခုအနိုင်ပွဲ ကြောင့် နှစ်ပွဲကစား၊ နှစ်ပွဲနိုင်ဖြင့် အမှတ်ပေးဇယားကို ဦးဆောင် နိုင်ခဲ့သည်။
မန်ယူနှင့် တူကီယဲကလပ် ဂါလာတာစာရေးအသင်း ပွဲစဉ် တွင် ဂါလာတာစာရေးအသင်းက သုံးဂိုး-နှစ်ဂိုး ဖြင့် အနိုင်ရရှိခဲ့သည်။ မန်ယူအသင်းမှ ဟွိုက်လန်း သွင်းဂိုးနှစ်ဂိုး သွင်းယူနိုင်ခဲ့သော် လည်း ခံစစ်နှင့် ဂိုးသမားတို့၏ အမှားများမှတစ်ဆင့် သွင်းဂိုး များ ပြန်လည်ခွင့်ပြုပေးခဲ့ရသည့် အတွက် ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။ ပွဲချိန် ၇၇ မိနစ်တွင် ကက်စမဲရိုး နှစ်ဝါတစ်နီဖြင့် ထုတ်ပယ်ခံခဲ့ရ သည်။ မန်ယူအသင်းသည် ယခုပွဲ ရှုံးနိမ့်မှုကြောင့် နှစ်ပွဲကစား နှစ်ပွဲ ရှုံးဖြင့် နောက်တစ်ဆင့်တက်ရေး လက်ကျန်ပွဲများ ရုန်းကန်ရတော့ မည်ဖြစ်သည်။
အခြားသော ပွဲစဉ်ရလဒ်များ တွင် လန်းစ်က အာဆင်နယ်ကို နှစ်ဂိုး - တစ်ဂိုး၊ ဘရာဂါက ယူနီယံ ဘာလင်ကို သုံးဂိုး - နှစ်ဂိုး၊ ဆိုစီ ဒက်က ဆောလ်ဘတ်ကို နှစ်ဂိုး- ဂိုးမရှိ။ အင်တာမီလန်က ဘင်ဖီကာ အသင်းကို တစ်ဂိုး - ဂိုးမရှိဖြင့် နိုင်ပွဲကိုယ်စီရရှိခဲ့ပြီး ပီအက်စ်ဗွီ နှင့် ဆီဗီလာအသင်းပွဲစဉ်တွင် တစ်ဖက်နှစ်ဂိုးစီဖြင့် သရေကျခဲ့ သည်။
အောင်ဇော်