ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် (၄၅)ကြိမ်မြောက် အာဆီယံလယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာဝန်ကြီးများအစည်းအဝေးသို့ တက်ရောက်ဆွေးနွေး

 

နေပြည်တော်   အောက်တိုဘာ    ၄


(၄၅)ကြိမ်မြောက်   အာဆီယံလယ်ယာ စိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာဝန်ကြီး များ အစည်းအဝေးနှင့် ဆက်စပ်အစည်း အဝေးများ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်  ၇ နာရီက ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး      ဦးမင်းနောင် ဦးဆောင်သော   မြန်မာကိုယ်စားလှယ် အဖွဲ့   Virtual  စနစ်ဖြင့်   တက်ရောက် ကြသည်။ 


ဖွင့်ပွဲအခမ်းအနားတွင်    မလေးရှား နိုင်ငံ စိုက်ပျိုးရေးနှင့် စားရေရိက္ခာဖူလုံရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး H.E Chan Foong   Hin  က    အဖွင့်အမှာစကား ပြောကြားပြီး (၄၅) ကြိမ်မြောက် အာဆီယံ လယ်ယာစိုက်ပျိုးရေးနှင့်    သစ်တော ဆိုင်ရာ   ဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ စတင်ဖွင့်လှစ် ကြောင်း ကြေညာသည်။


(၄၅)ကြိမ်မြောက် အာဆီယံလယ်ယာ စိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာဝန်ကြီး များ အစည်းအဝေး (Forty-Fifth Meeting of the ASEAN Ministers on Agriculture and Forestry - 45th AMAF)တွင် စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် က  ဆွေးနွေးပြောကြားရာ၌  မလေးရှား နိုင်ငံအဆင့်မြင့်အရာရှိကြီးများ   အစည်း အဝေး၏   သဘာပတိက  တင်ပြခဲ့သော ပြီးပြည့်စုံသော အစီရင်ခံစာအပေါ် အားရ ကျေနပ်မိကြောင်း၊  အစီရင်ခံစာတွင် ဖော်ပြ ပါရှိသော    စားရေရိက္ခာ၊    စိုက်ပျိုးရေး သစ်တောကဏ္ဍဆိုင်ရာ    လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ကောင်းမွန်သောရလဒ်များ    ရရှိခဲ့သည့် အတွက် ဘာသာရပ်ဆိုင်ရာ လုပ်ငန်းအဖွဲ့ များနှင့်    အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ အဆင့်မြင့်အရာရှိကြီးများ၏   ကြိုးပမ်း အားထုတ်မှုကို အသိအမှတ်ပြုကြောင်း၊ အာဆီယံနိုင်ငံများ၏ စားရေရိက္ခာ၊ စိုက်ပျိုး ရေး သစ်တောကဏ္ဍ  ဖွံ့ဖြိုးတိုးတက်စေ ရေးနှင့် ရေရှည်တည်တံ့စေရေးအတွက် ဩစတြေးလျ၊ ဘင်္ဂလားဒေ့ရှ်၊ ကနေဒါ၊ တရုတ်၊ အိန္ဒိယ၊ ဂျာမနီ၊ အီတလီ စသည့် ဆွေးနွေးဖက်နိုင်ငံများ၊    ဥရောပသမဂ္ဂ၊ နိုင်ငံတကာ စိုက်ပျိုးရေးသုတေသနဆိုင်ရာ အကြံပေးအဖွဲ့ - CGIAR ဖွံ့ဖြိုးမှုမိတ်ဖက် အဖွဲ့အစည်းများ၏ နည်းပညာပူးပေါင်းဆောင်ရွက်မှုများကိုလည်း အသိအမှတ် ပြုပါကြောင်း၊ အာဆီယံအဆင့်မြင့် အရာရှိ ကြီးများအစည်းအဝေး   သဘာပတိက တင်ပြခဲ့သော  အစီရင်ခံစာနှင့်  အကြံပြု ချက်များကို    လက်ခံအတည်ပြုကြောင်း၊ မြန်မာနိုင်ငံအနေဖြင့်    အခြားအာဆီယံ အဖွဲ့ဝင်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း      ဆွေးနွေး  ပြောကြားသည်။


အဆိုပါ အစည်းအဝေးတွင် အာဆီယံ ထိပ်သီးအစည်းအဝေးနှင့်   အာဆီယံ စီးပွားရေးဝန်ကြီးများ အစည်းအဝေးများ မှ ထွက်ပေါ်လာသောရလဒ်များ၊ စားရေ ရိက္ခာ၊  စိုက်ပျိုးရေးနှင့်  သစ်တောဆိုင်ရာ အာဆီယံပူးပေါင်းဆောင်ရွက်မှု    မူဝါဒ မူဘောင်အရ အကောင်အထည်ဖော် ဆောင် ရွက်ချက်များနှင့်   စပ်လျဉ်း၍     ဖြစ်ပေါ် တိုးတက်မှုများကို ဆွေးနွေးကြသည်။

 
ထို့ပြင် အစည်းအဝေးတွင် ရေရှည် တည်တံ့သော စိုက်ပျိုးရေး၊ စားရေရိက္ခာ ဖူလုံရေးနှင့်       ရေရှည်တည်တံ့သော  သစ်တောစီမံခန့်ခွဲမှု၏    အရေးပါမှုကို အသိအမှတ်ပြုပြီး စိန်ခေါ်မှုများကို ဖြေရှင်း ရန်နှင့် ဒေသတွင်း  အခွင့်အလမ်းများကို  ဆုပ်ကိုင်ရန် အနီးကပ်ပူးပေါင်းဆောင်ရွက် ရန်   လိုအပ်ချက်များကို  ဆွေးနွေးကာ စားရေရိက္ခာ၊ စိုက်ပျိုးရေးနှင့် သစ်တော ကဏ္ဍများတွင်    ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်  ကတိကဝတ်ပြုကြသည်။ 


ထို့အတူ ၂၀၂၂ ခုနှစ် -၂၀၂၃ ခုနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် စားရေရိက္ခာ၊ စိုက်ပျိုးရေးနှင့် သစ်တော ကဏ္ဍများအတွက်    အဓိက   ဦးစားပေး လုပ်ငန်းများ၏ ဖြစ်ပေါ်တိုးတက်မှုများကို မှတ်တမ်းတင်ခဲ့ကြပြီး ၂၀၂၄ ခုနှစ်အတွင်း စားရေရိက္ခာ၊ စိုက်ပျိုးရေးနှင့် သစ်တော ကဏ္ဍများအတွက်    အဓိကဦးစားပေး လုပ်ငန်းစဉ် သုံးခုဖြစ်သော ကျွဲ၊ နွားများ တွင် ဖြစ်ပေါ်တတ်သော အရေပြားအကျိတ် ရောင်ရောဂါ ကာကွယ်တားဆီးရေးနှင့် ထိန်းချုပ်ရေးဆိုင်ရာ         မဟာဗျူဟာ လုပ်ငန်းစဉ်များ ဖွံ့ဖြိုးတိုးတက်ရေး၊   ငါး၊ ပုစွန်များတွင်  ဖြစ်ပေါ်တတ်သော  ဗက် တီးရီးယားပိုးမွှားရောဂါများ၌   ပိုးသတ် ဆေးယဉ်ပါးမှုကို စောင့်ကြည့်စစ်ဆေးခြင်း ဆိုင်ရာ  အာဆီယံဒေသတွင်း  လမ်းညွှန် ချက်၊   အာဆီယံဒေသတွင်း  တောတောင် မြေယာရှုခင်းစနစ်တွင်    ဒေသခံများ၏ ဓလေ့ထုံးတမ်းအစဉ်အလာများနှင့် ဒေသခံ များထံမှ လွတ်လပ်စွာကြိုတင် အသိပေး သဘောတူညီမှုရယူသည့်   စနစ်ဆိုင်ရာ လက်စွဲစာအုပ်၊ ၂၀၂၄ ခုနှစ် လာအိုနိုင်ငံ က အာဆီယံဥက္ကဋ္ဌ တာဝန်ယူစဉ်ကာလ အတွင်း အဆိုပြုသည့် စီးပွားရေးဆိုင်ရာ အဓိကဦးစားပေး  လုပ်ငန်းစဉ်နှစ်ခု  ဖြစ် သည့်   ရေရှည်တည်တံ့သော  စိုက်ပျိုးရေး ဆိုင်ရာ  အာဆီယံလမ်းညွှန်ချက်များနှင့် မဟာဗျူဟာများဆိုင်ရာ လုပ်ငန်းအစီအစဉ် များ  ရေးဆွဲခြင်း၊  အာဆီယံဒေသတွင်း ကာဗွန်ထုတ်လွှတ်မှု    လျော့နည်းရေး ဆိုင်ရာ မဟာဗျူဟာကို အကောင်အထည် ဖော်ရာတွင်  အထောက်အကူဖြစ်စေရန် သီးနှံစွန့်ပစ်အမှိုက်များ မီးရှို့မှုလျှော့ချရေး လမ်းညွှန်ချက်တို့ကို အတည်ပြုခဲ့ကြသည်။


ထို့နောက် (၄၅)ကြိမ်မြောက် အာဆီယံ လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာ ဝန်ကြီးများ အဆင့်အစည်းအဝေး၏ ပူးတွဲ ကြေညာချက်အပေါ် အတည်ပြုခဲ့ကြပြီး အစည်းအဝေးကို အောင်မြင်စွာ ရုပ်သိမ်း ခဲ့ကြောင်း သိရသည်။          

သတင်းစဉ်