
နေပြည်တော် အောက်တိုဘာ ၄
၂၀၂၃ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသ ကြီး လက်ဝှေ့ပြိုင်ပွဲ ဖွင့်ပွဲအခမ်း အနားကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိလက်ဝှေ့ အားကစားရုံ၌ ကျင်းပရာ နိုင်ငံ တော် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ တက်ရောက်ကြ သည်။
အခမ်းအနားသို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဒေါ်ဒွဲဘူ၊ ဦးရွှေ ကြိမ်း၊ ဦးရန်ကျော်၊ ပြည်ထောင်စု ဝန်ကြီးများ၊ ဒုတိယဝန်ကြီး များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ လက်ဝှေ့အဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထား သော ဧည့်သည်တော်များ၊ ပြိုင်ပွဲ ဝင်အသင်းများမှ အုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမား များ တက်ရောက်ကြသည်။
အစွမ်းကုန်ဖော်ထုတ်ပြသ
အခမ်းအနားတွင် မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ ဥက္ကဋ္ဌ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ က အမှာစကား ပြောကြားရာတွင် ယနေ့ပြိုင်ပွဲကို လာရောက် ယှဉ်ပြိုင်ကြသည့် ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးမှ ပြိုင်ပွဲဝင် အားကစား သမားများအနေဖြင့် ပြိုင်ပွဲတွင် တရားသော ယှဉ်ပြိုင်ခြင်းဖြင့် အနိုင်ရရှိအောင် ကြိုးစားဆောင် ရွက်မည်ဆိုသည့် အားကစား စိတ်ဓာတ်အပြည့်အဝဖြင့် အသန့် ရှင်းဆုံး ပါဝင်ယှဉ်ပြိုင်ကြစေလို ကြောင်း၊ မိမိတို့၏ ခံနိုင်ရည်၊ ဇွဲ၊ စိတ်ဓာတ်များနှင့် တစ်ဦးချင်း အရည်အချင်း အစွမ်းအစများကို အစွမ်းကုန်ဖော်ထုတ် ပြသကြစေ လိုကြောင်း၊ အားကစားသမား ကောင်းများ ပီသစွာ သတ်မှတ် ထားသည့် စည်းမျဉ်း စည်းကမ်း များကိုလည်း စနစ်တကျ လေးစား လိုက်နာသွားကြရန် လိုအပ် ကြောင်း၊ ပြိုင်ပွဲတွင် ကြီးကြပ် မည့် ဒိုင်လူကြီးများအနေဖြင့် လည်း ဘက်လိုက်မှုကင်းပြီး ပြိုင်ပွဲ စည်းမျဉ်း၊ စည်းကမ်းများအတိုင်း တရားမျှတမှန်ကန်စွာ ဆုံးဖြတ် ဆောင်ရွက်ပေးကြစေလိုကြောင်း၊ မြန်မာ့လက်ရွေးစင် အသင်းကြီး ကို အင်အားဖြည့်တင်းပေးနိုင်မည့် မျိုးဆက်သစ်လူငယ် လက်ဝှေ့ အားကစားသမားကောင်းများ ဖြစ် လာစေရေး ကြိုးစားအားထုတ် သွားကြရန် တိုက်တွန်းမှာကြား ရင်း ၂၀၂၃ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး လက်ဝှေ့ပြိုင်ပွဲ ကို ဖွင့်လှစ်ပေးလိုက်ကြောင်း ပြောကြားသည်။
ထို့နောက် ပြိုင်ပွဲဝင် အား ကစားသမားများက အားကစား သစ္စာအဓိဋ္ဌာန်(၄)ချက်ကို ရွတ်ဆို ကြသည်။
ကြည့်ရှုအားပေး
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ နှင့် တာဝန်ရှိသူတို့သည် ပြိုင်ပွဲဝင် အားကစားသမားများကို ရင်းရင်း နှီးနှီး လိုက်လံနှုတ်ဆက်ကြပြီး ပြိုင်ပွဲပွဲစဉ် ယှဉ်ပြိုင်ကစားနေမှု များကို ကြည့်ရှုအားပေးကြသည်။
၂၀၂၃ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး လက်ဝှေ့ပြိုင်ပွဲ ကို နိုင်ငံတစ်ဝန်းလုံးတွင်ရှိသည့် လူငယ် / လူရွယ်များ လက်ဝှေ့ အားကစားနည်းအား ပိုမိုစိတ်ပါ ဝင်စားလာစေပြီး လက်ဝှေ့ အားကစားနည်း ဖွံ့ဖြိုးတိုးတက် လာစေရန်နှင့် ထူးချွန်ထက်မြက် သည့် နိုင်ငံ့ကိုယ်စားပြုသွေးသစ် လက်ဝှေ့အားကစားသမားကောင်း များ ပေါ်ထွက်လာစေရေး ရည်ရွယ်ကျင်းပပေးခြင်းဖြစ်ပြီး ယနေ့တွင် အမျိုးသား ၅၁ ကီလို၊ အမျိုးသမီး ၄၈ ကီလို၊ အမျိုးသား ၅၄ ကီလို၊ အမျိုးသား ၆၀ ကီလို နှင့် အမျိုးသား ၆၇ ကီလိုတန်း ပွဲစဉ်များကို ယှဉ်ပြိုင်ခဲ့ကြပြီး သတ်မှတ်ထားသည့် ကီလိုတန်း အလိုက် လက်ဝှေ့ပွဲစဉ်များကို လည်း အောက်တိုဘာ ၁၁ ရက် အထိ ဆက်လက်ယှဉ်ပြိုင်သွား မည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်