
ရန်ကုန် အောက်တိုဘာ ၃
၂၀၂၃ ခုနှစ် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အမျိုးသမီးကိုယ်ကာယ ကြံ့ခိုင်မှု လေ့ကျင့်ခန်း(အေရိုးဗစ်)ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို အောက်တိုဘာ၂ ရက်က ရန်ကုန်မြို့ အမျိုးသား အားကစားပြိုင်ပွဲရုံ (၁)သု၀ဏ္ဏ၌ ကျင်းပသည်။ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီး ချုပ်၏ဇနီး၊ ရန်ကုန်တိုင်းစစ်ဌာန ချုပ်တိုင်းမှူး၏ဇနီး၊ တိုင်းဒေသ ကြီး ဝန်ကြီးများ၏ ဇနီးများ၊ ရန်ကုန်တိုင်းဒေသကြီး အားကစား နှင့်ကာယပညာကော်မတီဥက္ကဋ္ဌ၊တိုင်းဒေသကြီး ဥပဒေချုပ်နှင့် နှင့်အတူ တာဝန်ရှိသူများ၊ အားကစားဝါသနာရှင်များ တက် ရောက်ကြည့်ရှုအားပေးကြသည်။
ပြိုင်ပွဲတွင် တစ်ဦးချင်း စိတ်ကြိုက်၊ သုံးယောက်တွဲ၊ ကိုးယောက်တွဲပြိုင်ပွဲများယှဉ်ပြိုင်ကြသည်။ ပြိုင်ပွဲများအပြီး ဆုချီးမြှင့် ပွဲကို ကျင်းပရာ တိုင်းဒေသကြီးအမျိုးသမီးအားကစားအဖွဲ့ ဆပ် ကော်မတီဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ များက ကိုးယောက်တွဲပြိုင်ပွဲတွင် ဒုတိယ၊တတိယ ဆုရရှိကြသူများ ကိုလည်းကောင်း၊ တိုင်းဒေသကြီးအတွင်းရေးမှူး၏ဇနီးက ကိုး ယောက်တွဲပြိုင်ပွဲ ပထမဆုရရှိသူကိုလည်းကောင်း၊တိုင်းဒေသကြီး၀န်ကြီးများ၏ ဇနီးများက သုံးယောက်တွဲပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသောအားကစားသမားများအား ဆု တံဆိပ်နှင့် ငွေသားဆုများကို လည်းကောင်း ချီးမြှင့်ကြသည်။ ဆက်လက်၍ တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး၏ဇနီးက တစ်ဦးချင်း စိတ်ကြိုက်ပြိုင်ပွဲတွင် တတိယဆု ရ အလုံခရိုင်(က) အသင်းမှ မဟေမာန်၀တီကို လည်းကောင်း၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်
တိုင်းမှူး၏ဇနီးက တစ်ဦးချင်း စိတ်ကြိုက်ပြိုင်ပွဲတွင် ဒုတိယဆု ရ အလုံခရိုင်(ခ)အသင်းမှ မလမင်း ဖူးပြည့်ကိုလည်းကောင်း၊ တိုင်း ဒေသကြီးဝန်ကြီးချုပ်၏ ဇနီးကတစ်ဦးချင်းစိတ်ကြိုက်ပြိုင်ပွဲတွင် ပထမဆုရ သင်္ဃန်းကျွန်းခရိုင်(က)အသင်းမှ မသွန်းသရ၀ဏ်အား လည်းကောင်း ဆုတံဆိပ်နှင့် ငွေသားဆုများ ချီးမြှင့်ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ကိုယ်စား တိုင်းဒေသ ကြီး အားကစားနှင့် ကာယပညာ ကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဥပဒေချုပ် ဦးဌေးအောင်က တံခွန် စိုက်ဆုရရှိသွားသော သင်္ဃန်းကျွန်း ခရိုင် (က) အသင်းအား ဆုဖလား နှင့် ငွေသားဆုချီးမြှင့်ကြပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက် ကြသည်(ဝဲပုံ)။ ယင်းပြိုင်ပွဲတွင် အသင်းရှစ်သင်း၊ အားကစားသမား ၉၆ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြ ကြောင်း သိရသည်။ အာကာစိုး